ကျောင်းဆရာတို့လက်ထဲက အနာဂတ်များ

http://100schools.org/wp-content/uploads/2012/11/supplies_uniforms.jpg

"အမေ ဆရာမက မနက်ဖြန် ကျောင်းလာရင် ကျူရှင်လခယူ လာခဲ့တဲ့။ လခမပေးနိုင်ရင် ကျူ ရှင်လာမတက်နဲ့တဲ့’’

‘‘သမီးရယ် သမီးဆရာမကို လမ်းမှာတွေ့တုန်းက အမေပြော ထားပါတယ်။ နောက်လမှပေါင်း ယူပါလို့’’

‘‘မသိဘူး အမေ။ ကျူရှင်လခ မပေးနိုင်ရင် သမီး မနက်ဖြန် ကျောင်းမသွားတော့ဘူး။ ဆရာမ ကိုကြောက်တယ်’’

‘‘ခက်တာပဲ သမီးရယ်။ အမေဘယ်လိုလုပ်ရမလဲ’’

မှတ်မှတ်ရရပြောရရင် လွန် ခဲ့တဲ့ တစ်ပတ်လောက်ကပေါ့။ အစိုးရအထက်တန်းကျောင်းတစ် ခုရဲ့ ညနေကျောင်းဆင်းချိန် ကျောင်းဝတ်စုံအဖြူအစိမ်းနွမ်း နွမ်းဝတ်ဆင်ထားတဲ့ ကျောင်းသူတစ်ဦးနဲ့ မိခင်ဖြစ်ဟန်တူတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ် ဦးတို့လမ်းလျှောက်ရင်း အပြန်အ လှန်စကားပြောလာတာကို ရုတ် တရက်ကြားလိုက်မိတာပါ။ အ ခြေအနေကို သဘောပေါက်လိုက် မိတာကတော့ ကျူရှင်သင်တဲ့ ကျောင်းကဆရာမက သူ့ဆီမှာ ကျူရှင်တက်တဲ့ ကျောင်းသူကို ကျူရှင်လခတောင်းလိုက်တဲ့ပုံပါ ပဲ။

ဒါတွေကလည်း စာရေးသူ တို့ ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့မြင်ကြားသိနေရတဲ့ မရိုးနိုင် တဲ့ အဖြစ်အပျက်တွေပါ။ ၁၉၈၈ ခုနှစ် မတိုင်မီက စာသင်ကျောင်း တွေမှာ ကျူရှင်ဆိုတာ မရှိသလောက်ပါပဲ။ ဆရာတွေက ကျောင်းသင်ခန်းစာတွေကို ကျောင်းမှာပဲ တပည့်တွေနားလည်အောင် သင်ပေးကြသလို နား မလည်တဲ့ ကျောင်းသားတွေကို လည်း ဆရာတွေက အခကြေးငွေမယူဘဲ မကြာခဏဆိုသလို အချိန် ပိုခေါ်ယူသင်ပေးတတ်ကြ ပါ တယ်။ ဒါပေမဲ့လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ နိုင်ငံရဲ့စီးပွားရေး ဆိုးဆိုးရွားရွားကျဆင်းလာမှု ကြောင့် ပြည်သူတွေ စားဝတ်နေ ရေးကျပ်တည်းလာပြီး သာမန် မိသားစုတွေအနေနဲ့ ဘဝရပ်တည် နိုင်ဖို့ဆိုတာ အရမ်းခက်ခဲလာခဲ့ပါ တယ်။ အကျိုးဆက်က နေရာ တိုင်းမှာ လာဘ်ပေးလာဘ်ယူမှု တွေ၊ ဌာနဆိုင်ရာအကျင့်ပျက်ခြ စားမှုတွေ တစ်စတစ်စတိုးပွားလာ ခဲ့တယ်ဆိုရင် မမှားဘူးပေါ့။ အဲဒီ အချိန်ကစပြီး အစိုးရကျောင်းတွေ က ဆရာ၊ ဆရာမတွေ ကျူရှင် သင်တဲ့အလေ့အထဖြစ်ပေါ်လာ တယ်လို့ပဲ ပြောရမှာပါ။

အစကတော့ အစိုးရကျောင်းက ကျောင်းသားတွေအားလုံး ကျူ ရှင်ယူကြတာတော့မဟုတ်ပါဘူး။ နောက်တော့မှ ကျူရှင်မယူရင် စာလုံးဝနားမလည်နိုင်တော့တဲ့အ ပြင် စာမေးပွဲအောင်ဖို့ ခက်ခဲလာ တာကြောင့် ကျောင်းသားအများ စု ကျူရှင်ယူလာကြတာပါ။ အခု ဆိုရင်တော့ ရန်ကုန်မြို့ပေါ်မှာရှိ တဲ့ အစိုးရကျောင်းတွေက ကျူရှင် မယူတဲ့ကျောင်းသားဆိုတာ မရှိ သလောက်အရမ်းရှားသွားပါပြီ။

မြန်မာနိုင်ငံရဲ့ လက်ရှိပညာ ရေးက အခြေခံပညာရေးကစလို့ တက္ကသိုလ်ပညာရေးအထိ ကျူ ရှင်နဲ့မကင်းတဲ့ ပညာရေးစနစ်ဖြစ် တယ်ဆိုရင် ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ နယ်စပ်ဒေသတွေ နဲ့ ဆင်းရဲတဲ့တချို့ကျေးလက် ဒေသတွေကလွဲလို့ မြို့ကြီးပြကြီး တိုင်းမှာ ကျောင်းသားအများစု ဟာ ကျူရှင်ကိုပဲအားထားနေကြ ရတာတွေ့ရပါတယ်။ ငွေကြေး တတ်နိုင်တဲ့ မိဘတွေကတော့ မိမိတို့သားသမီးတွေကို ထူးထူး ချွန်ချွန်အောင်နိုင်ဖို့ ကျူရှင် ကောင်းကောင်းထားနိုင်ကြပေ မယ့် ကျောင်းသားမိဘအများစု တွေကတော့ ငွေကြေးမတတ်နိုင် လို့ သားသမီးတွေရဲ့ ပညာရေး အတွက် ပူပင်သောကရောက်နေ ကြရပါတယ်။ ပြည်သူအများစု ဟာ ကုန်ဈေးနှုန်းမြင့်တက်လာမှု ဒဏ်ကိုအန်တုရင်း ထမင်းနပ်မှန် အောင် စားနိုင်ဖို့ ရုန်းကန်နေကြရ တာကြောင့် ပညာရေးကို စိတ်ပါ ဝင်စားမှုနည်းပါးလာကြတယ်ဆို ရင် မမှားပါဘူး။

ဒါကြောင့် အစိုးရအနေနဲ့ အခြေခံပညာ အခမဲ့ပညာရေး စနစ်ကို တိုးမြှင့်အကောင်အထည် ဖော်နေပေမယ့် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးသူ ငယ်အားလုံးကို စာသင်ခန်းထဲကို ရောက်အောင် မစွမ်းဆောင်နိုင် သေးပါဘူး။ အခမဲ့ပညာရေးစနစ် က ကျောင်းစရိတ်အတွက် မပူပန် ရပေမယ့် မိသားစုထမင်းနပ်မှန် အောင် စားနိုင်ဖို့အတွက် အရေး ကြီးတာကြောင့် ကျောင်းနေအ ရွယ် ကလေးသူငယ်တွေအနေနဲ့ အရွယ်မရောက်သေးဘဲ ကြုံရာ ကျပန်းအလုပ်ကို ဝင်ရောက်လုပ် ကိုင်နေကြရပါတယ်။ ဒါ့အပြင် ကျူရှင်လခ မတတ်နိုင်တာက လည်း ကလေးသူငယ်တွေအနေနဲ့ စာသင်ခန်းကို ကျောခိုင်းရတဲ့ အကြောင်းရင်းတစ်ခုအဖြစ် တွေ့မြင်နေရဆဲပါ။ ကျူရှင်လခမတတ် နိုင်လို့ ကလေးသူငယ်တွေ စာ သင်ခန်းကို ကျောခိုင်းနေရတယ် ဆိုရင်တော့ ကျူရှင်သင်ကြားတဲ့ ဆရာ၊ ဆရာမတွေရဲ့ တာဝန် မကင်းဘူးလို့ပဲ ပြောရမှာပါ။

ရပ်ကွက်တွေထဲမှာ ကျောင်း သားမိဘတွေရဲ့ ဝေဖန်သံတွေကို လည်း မကြာခဏ ကြားနေရပါ တယ်။ စာဖတ်သူတွေလည်း သိကြမယ်ထင်ပါတယ်။

- ကျောင်းမှာ စာမသင်ဘဲ အပြင် ကျူရှင်မှာပဲစာသင်ခြင်း၊

- ကျောင်းမှာ စစ်မေးမယ့်မေး ခွန်းတွေကို ကျူရှင်တက်တဲ့ ကလေးတွေကိုပဲပေးခြင်း၊

- မိမိထံ ကျူရှင်မယူတဲ့ကျောင်း သားတွေကို အခက်တွေ့အောင် လုပ်ခြင်း၊

- အကြောင်းအမျိုးမျိုးပြပြီး ငွေ ကြေးကောက်ခံခြင်း၊

- မိမိထံကျူရှင်ယူတဲ့ကျောင်း သားတွေကို မျက်နှာသာပေးဆက် ဆံခြင်း၊

- ကျူရှင်တက်ပြီး ကျူရှင်လခ မပေးတဲ့ ကျောင်းသားတွေကို ကျောင်းမှာ ဆူပူကြိမ်းမောင်းခြင်း၊

- ကျောင်းစာသင်ချိန်မှာ ကျောင်း စာနဲ့မသက်ဆိုင်တဲ့ ကိစ္စတွေကို ပြောဆိုလုပ်ကိုင်ခြင်း၊

- ကျောင်းမှာ မသင်ရသေးတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ခိုင်းခြင်း ဖြင့် ကျူရှင်မယူတဲ့ ကျောင်းသား တွေကို အခက်တွေ့စေခြင်း၊

- ဆရာမဆီကျူရှင်မယူရင် အ ဆင့်ကောင်းကောင်းရဖို့မလွယ် ခြင်း စတာတွေဟာ အများဆုံး ကြားနေရတဲ့ ဝေဖန်သံတွေပဲဖြစ် ပါတယ်။

ဒါပေမဲ့လည်း တချို့ဆရာ၊ ဆရာမတွေဟာ အပြင်မှာ ကျူရှင်သင်ပေးမယ့် ကျောင်းမှာလည်း ကျောင်းသားတွေကို စေတနာ ထားပြီး တတ်အောင်သင်ပေးတဲ့ ဆရာ၊ ဆရာမတွေလည်းရှိပါ တယ်။ ဒါ့အပြင် ကျူရှင်လုံးဝ မသင်တဲ့ ဆရာ၊ ဆရာမတွေကို လည်း ဂုဏ်ယူဖွယ်ရာတွေ့မြင်ရ ပါတယ်။ ဒါပေမဲ့ အရေအတွက် အားဖြင့်တော့နည်းပါသေးတယ်။ စားဝတ်နေရေးမလောက်ငလို့ ကျူရှင်သင်ကြတာကို နားလည် ပေးနိုင်ပေမယ့် ဆရာဆိုတာ တပည့်အားလုံးအပေါ် တူညီတဲ့ စေတနာထားနိုင်ဖို့ လိုအပ်ပါ တယ်။ စာရေးသူမှာလည်း အခြေ ခံပညာကျောင်းတက်နေတဲ့ သမီး တွေရှိခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင် သမီးတွေကို မသိနားမလည်တာ တွေ သင်ကြားပေးနိုင်ပေမယ့် ကျောင်းမှာ သားသမီးအခက်တွေ့ မှာ စိုးရိမ်တာကြောင့် နောက်ဆုံး တော့ ဆရာမတွေဆီမှာပဲ ကျူရှင် ယူခိုင်းခဲ့ရတာပါပဲ။

 ယနေ့တက္ကသိုလ်တွေကို ကြည့်ဦးမလား။ ဆေးတက္ကသိုလ် ကစပြီး ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ အထိ ကျူရှင်နဲ့ မကင်းနိုင်သေး တာက စိုးရိမ်စရာတစ်ခုပါပဲ။ ကျူ ရှင်ဆိုလို့အပြင်က နားလည်တတ် ကျွမ်းတဲ့ ဆရာတွေ မဟုတ်ပါဘူး။ သက်ဆိုင်ရာတက္ကသိုလ်က သင် ကြားရေးဆရာတွေပဲဖြစ်နေကြပါ တယ်။ များသောအားဖြင့် ကျူရှင် မှာသင်တဲ့ သင်ခန်းစာတွေဆိုတာ ကျောင်းသားတွေ နားလည်တတ် ကျွမ်းဖို့ အဓိကမဟုတ်ဘဲ စာမေး ပွဲ ကောင်းကောင်းဖြေဆိုနိုင်ဖို့ကို သာ ဦးတည်နေတာကြောင့် အ ရည်အချင်းရှိ ပညာတတ်တွေ မွေးထုတ်ပေးနိုင်ဖို့ဆိုတာ မေးခွန်း ထုတ်စရာတစ်ခုပါပဲ။ တက္ကသိုလ် ကျောင်းသားတစ်ယောက်အနေ နဲ့ သင်ခန်းစာတွေ နားလည်တာ၊ မလည်တာအပထား ကျူရှင်မှာ သင်တဲ့ မေးခွန်း ခြောက်ပုဒ် လောက် အလွတ်ကျက်နိုင်ရင် စာမေးပွဲအောင်ဖို့ မခက်ခဲတော့ ပါဘူး။ အဲဒီဖြစ်ရပ်မျိုးတွေကို ၀ိဇ္ဇာသိပ္ပံဘာသာရပ်တွေ သင်ကြားနေ တဲ့ တက္ကသိုလ်တွေမှာ အခုတိုင် ရှိနေဆဲဖြစ်တာကတော့ မြန်မာ နိုင်ငံရဲ့ ပညာရေးအတွက် စိုးရိမ် စရာပါပဲ။

ဒီနေရာမှာ ဆရာတွေဘက် က တစ်ခုသတိထားစဉ်းစားမိတာ က ဒီဆရာတွေဘာဖြစ်လို့ အခုလို ကျူရှင်သင်ကြရသလဲပေါ့။ ကျိန်း သေပါတယ်။ ဘယ်ဆရာကမှ မိမိရဲ့ ဂုဏ်သိက္ခာကို ရောင်းစားချင် ကြမှာမဟုတ်ဘူးဆိုတာ နားလည် ပါတယ်။ မိမိတို့ရဲ့ မလောက်ငတဲ့ စားဝတ်နေရေးနဲ့ မိသားစုဘ၀ ရှင်သန် ရပ်တည်နိုင်ရေးအတွက် ကြောင့် ဆိုရင် မမှားပါဘူး။ ဒါပေ မဲ့လည်း ဆရာဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း မဖြစ်မနေထိန်းရမှာဖြစ်သ လို ဆရာ့ဝတ္တရားကိုလည်း ကျေ ပွန်ရမှာပါပဲ။ဆရာဆိုတာ အနာဂတ်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးရတဲ့ ဖန်တီးရှင်တွေ ဖြစ်တာကြောင့် ဆရာတွေ အား နည်းမှုရှိရင် နိုင်ငံတော်ရဲ့ အနာ ဂတ်ဆိုတာလည်း မှေးမှိန်နေမှာ မလွဲပါဘူး။ နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဟာ ပညာရေးပေါ် မှာ အခြေခံသလိုပဲ ပညာရေး အဆင့်အတန်းတိုးတက်မြင့်မား ရေးဟာလည်း ဆရာ၊ ဆရာမတွေအပေါ် အများကြီးမူတည်နေပါ တယ်။ ဒါကြောင့် ဆရာတွေရဲ့ လူနေမှုဘ၀တွေကို လုံလောက်တဲ့ပံ့ပိုးမှုမျိုးလုပ်ဆောင်ပေးနိုင်ဖို့ဆို တာလည်း သက်ဆိုင်ရာအစိုးရမှာ အပြည့်အ၀တာဝန်ရှိတယ်လို့ လည်း ယုံကြည်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးအ ဆင့်အတန်းဟာ တစ်ချိန်က အ ရှေ့တောင်အာရှမှာ ထိပ်တန်း အဆင့်ရပ်တည်နိုင်ခဲ့ပါတယ်။ အဲ ဒီအချိန်တုန်းက ဆရာတွေဟာ လည်း အတုယူလေးစားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ တပည့်တွေအပေါ် သားသမီးအရင်းသဖွယ် ကရုဏာ တရားအပြည့်နဲ့ သင်ကြားပေးခဲ့ တာချည်းပါပဲ။ ကျောင်းမှာ စာ မလိုက်နိုင်တဲ့ တပည့်တွေကို မိမိ အိမ်ခေါ်ပြီး မိမိရဲ့ အားလပ်ချိန်ကို အနားမယူဘဲ စေတနာထားသင် ကြားပေးခဲ့ကြပါတယ်။ တပည့် တွေဆီက တံစိုးလက်ဆောင်တွေ ကို လက်မခံဘဲ မိမိရဲ့ အိတ်ထဲက ပင် စိုက်ထုတ်ကျွေးမွေးချီးမြှင့်ပေးတာတွေ၊ ဆုံးမစရာရှိရင်လည်း ကျောသားရင်သားမခွဲခြားဘဲ ဆုံးမတာတွေ၊ အကြောင်းတစ်စုံတစ် ရာပေါ်တိုင်း တပည့်တွေရှေ့က မားမားမတ်မတ်ရပ်တည်ပေးခဲ့ ကြတာပါပဲ။ အဲဒီ အချိန်က ဆရာ တိုင်းဟာ စီးပွားချမ်းသာကို မမျှော်ကိုးဘဲ မွန်မြတ်တဲ့ စိတ်ထားတွေ နဲ့ မိမိရဲ့အရွယ်နဲ့ အချိန်တွေ အားလုံးကို တပည့်တွေအတွက် ပေးဆပ်ပြီး ဘ၀ကိုကုန်ဆုံးခဲ့ကြ ပါတယ်။

ဒီနေ့အချိန်မှာ ကျောင်းသား တွေ ကျူရှင်ယူကြရတာက ကျောင်းမှာ ပို့ချတဲ့ သင်ခန်းစာ တွေကို နားလည်သဘောပေါက် မှု မရှိတာရယ်၊ လုံလောက်မှု မရှိ တာတွေကြောင့်ပါပဲ။ စားဝတ်နေ ရေးမလောက်ငလို့ ကျူရှင်သင်ဦး တော့ ဆရာဟူသည် ဆရာရဲ့ ကျင့်ဝတ်နဲ့တော့ ညီရမှာပါပဲ။ ဥယျာဉ်မှူးတစ်ယောက်တာဝန် မကျေရင် သာယာလှပတဲ့ ဥယျာဉ်တစ်ခုဖြစ်မလာနိုင်သလိုပဲ။ ဆရာ တွေ တာဝန်ကျေမှသာ စစ်မှန်တဲ့ ပညာရေးဖွံ့ဖြိုးမှုဆိုတာ ဖြစ်ထွန်း နိုင်မှာပါ။ နိုင်ငံတော်အနေနဲ့ ပညာရေးအဆင့်အတန်းမြင့်မား ဖို့အတွက် ဘယ်လိုပဲပြုပြင်ပြောင်း လဲမှုတွေ လုပ်လုပ်၊ ဆရာတွေက သာ လက်တွေ့အကောင်အထည် ဖော်ကြရမှာဖြစ်ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိအစိုးရအနေနဲ့ ဆရာတွေရဲ့ လူနေမှုဘ၀ဖူလုံရေးကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိသလို ပဲ ဆရာတွေအနေနဲ့လည်း မိမိတို့ ရဲ့ နိုင်ငံတော်ကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုရင် ပါးစပ်က သာ ပြောဆိုမနေကြဘဲ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ကို အမှန်တကယ်မွေးထုတ်ပေး နိုင်ဖို့ ဆရာတို့ရဲ့ စစ်မှန်တဲ့ စွမ်း အားတွေရဲ့ အရည်အချင်းတွေကို အပြည့်အ၀အသုံးချနိုင်ရန် လို အပ်ပါကြောင်း စေတနာထား ရေးသားလိုက်ရပါတယ်။     ။

7 Day Daily,

No.874 Friday, October 2, 2015
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။