မဲဆွယ်စည်းရုံးရေးတွင် သံဃာတော်များ မပါဝင်ကြရန် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ထုတ်ပြန်

၂၀၁၅ ရွေးကောက်ပွဲ ကာလအတွင်း သံဃာတော် များကိုယ်တိုင် ပါဝင်လှုပ်ရှားခြင်းမပြုရန် မန္တလေးတိုင်းဒေသ ကြီး သံဃနာယကအဖွဲ့က တားမြစ်ထားကြောင်း သတင်းရရှိ သည်။

ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလအဖြစ် စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ က မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေကြရာ သံဃာတော်များအနေဖြင့် ကိုယ်တိုင်ပါဝင်လှုပ်ရှားဆောင်ရွက် မှုမပြုကြစေရန် ကျောင်း/ကျောင်းတိုက် နာယကဆရာတော် ကြီးများက မိမိကျောင်း၊ ရဟန်းသံဃာတော်များအားဆုံးမသြ၀ါဒပြုကြစေရေး မြို့နယ်သံဃနာယကများမှ တစ်ဆင့်လမ်းညွှန်သြ၀ါဒပြုနိုင်ပါရန် မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့က စက်တင်ဘာ ၂၉ ရက်စွဲဖြင့် စာထုတ်ပြီး တားမြစ်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် မဲဆန္ဒ ဆိုင်ရာ ကိစ္စများဆောင်ရွက်နေ ခြင်းကို မိမိတို့ ကျောင်းတိုက်ရှိ ရဟန်း သံဃာတော်များ ကိုယ် တိုင် ပါဝင်လှုပ်ရှားဆောင်ရွက်မှု မပြုကြစေရေး၊ ကျောင်း/ကျောင်း တိုက်နာယကဆရာတော်များက ဆုံးမသြ၀ါဒပြုကြစေရေး ဆက် လက်ဆောင်ရွက်ပါရန် လျှောက် ထားညွှန်ကြားပါကြောင်း ဖော်ပြ ပါရှိသည်။

‘‘သာသနာရေးမှူးရုံး က သံဃာတွေ ပါဝင်လှုပ်ရှားမှုမရှိ စေဖို့ စာဆက်ကပ်တဲ့အတွက် ထပ်ပြီးညွှန်ကြားတာပါ။ အထူး အထွေတော့ ပြောစရာမရှိပါဘူး’’ ဟု မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာ ဘိဝံသက မိန့်ကြား သည်။

မန္တလေးတိုင်းဒေသကြီး သာ သနာရေး ညွှန်ကြားရေးမှူး ဦးနိုင် အောင်မိုးက တိုင်းဒေသကြီးအ တွင်း မြို့နယ် သံဃနာယကအဖွဲ့ များထံ သီးခြားလျှောက်ထားမှု လည်း ဆောင်ရွက်မည်ဟုဆို သည်။

အသိပေးစာ ထုတ်ပြန်ထား သော်လည်း ယခင်ရွေးကောက်ပွဲ ကာလများတွင် သံဃာတော်အ ချို့သည် ကိုယ်ယုံကြည်ရာပါတီ ဘက် မဲနိုင်ရေး ပါဝင်ဆောင်ရွက် ပေးမှုအချို့ရှိခဲ့၍ တားမြစ်ရန် ခက်ခဲကောင်းခက်ခဲနိုင်ကြောင်း မန္တလေးမြို့ရှိ သံဃာတော်အချို့ က မိန့်ဆိုသည်။

‘‘ဦးပဉ္စင်းတို့ကျောင်းတော့ စာမရောက်သေးဘူး။ ရောက်ပြီ ဆိုရင်တော့ သံဃာတော်တွေစုံ တဲ့အချိန်၊ ဘုရားဝတ်တက်တဲ့ အချိန်တို့မှာ ဖတ်ပြပြီး သြ၀ါဒ ပေးရမှာပါ။ စာသင်သားတွေက လည်း ကိုယ့်စာကိုယ်လုပ်ကြဖို့၊ စာသင်ပေးတဲ့ ကိုယ်တော်က လည်း စာသင်စာချတဲ့အလုပ်လုပ် ဖို့၊ ကိုယ့်အလုပ်ဖြစ်တဲ့ ပရိယတ္တိ အလုပ်ကိုသာ လုပ်ကြဖို့သြ၀ါဒ ပေးမှာပါ’’ဟု ချမ်းအေးသာစံမြို့ နယ် သာသနာတော်သန့်ရှင်းရေး အဖွဲ့မှ ဆရာတော်တစ်ပါးက မိန့် ကြားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။