အမျိုးစောင့် ဥပဒေ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနား တွင် သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿ ရ မိန့်ကြားခဲ့ သည့် သြ၀ါဒကထာ အပြည့်အစုံ



နမော ဝိဘဇ္ဇ ဝါဒိနော အနန္တဇိနန္တ အနှိုင်းမရှိ အောင်မြင်တော်မူသော၊ အရာရာ ကို ဝေဖန်ဆန်းစစ် သည့်ဉာဏ်ရှိတော်မူသော သဗ္ဗညုမြတ်စွာ ဘုရားကို ရှိခိုးပါ၏။

ဒီကနေ့အားလုံး သုဝဏ္ဏအားကစားခန်းမဆောင် ကြီးမှာ လာရောက် စုဝေးကြ တယ်။ ဘုန်းကြီးစိတ်ထင် ခန့်မှန်းကြည့်ရင် သံဃာတော်ပေါင်း ၂၀၀၀ ကျော်ခန့်ရှိ လောက်ပါတယ်။ ၂၅၀၀ ဆိုတဲ့ ဂဏန်းကတော့ သိပ်လှ တယ်။ ဆဋ္ဌသင်္ဂါယနာတင်တဲ့ ကမ္ဘာအေးလိုဏ်ဂူကြီး ထဲမှာ သံဃာတော်များ စည်းဝေးတော်မူကြသလိုပဲ။ ဒီကနေ့ စည်းဝေးတော်မူနေကြတယ်။

လူထု ပရိသတ် တစ်သိန်းခန့် အတွင်းရော၊ အပြင်ပါ စုဝေးနေကြတယ်လို့ ဘုန်းကြီးတော့ ဒီလိုပဲယုံကြည်တယ်။ အဲဒါ ဘာလုပ်ကြ တာလဲ ဆိုတော့ အောင် ပွဲ။ အောင်ပွဲ ခံကြတာ။ နှစ်ပေါင်း များစွာ ရွာ မ ဆရာတော် ဘုရားကြီးနှင့် အဖွဲ့တွေ၊ အပေါင်း အသင်းတွေ တိုင်းပြည်နှင့် လူမျိုးအ တွက် အမျိုးသားရေးကိစ္စ လူမျိုးရယ်၊ ဘာသာရယ်၊ သာ သနာရယ် စောင့်ရှောက် ထိန်း သိမ်းဖို့ ဆိုပြီးတော့ ဥပဒေ များပြဋ္ဌာန်းဖို့ ကြိုးစားလာခဲ့ကြတာ။ လွှတ်တော်နှစ်ရပ်က အတည်ပြုပြီးတော့ နိုင်ငံတော်သမ္မတကြီးက လက်မှတ် ထိုးကြေညာပေးလိုက်တဲ့အတွက် ဒီနေ့ ဒီအမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေဟာ နိုင်ငံတစ်ဝန်း ပြဋ္ဌာန်းပြီးဖြစ် သွား တယ်။ အဲဒီလိုပြဋ္ဌာန်းပြီးဖြစ်သွားတဲ့ အတွက် အားလုံးပျော်လွန်းလို့ ဝမ်းမြောက်ဝမ်း သာ ဒီ ကနေ့အောင်ပွဲဆိုပြီးတော့ လာဆင်နွှဲကြတဲ့ေ အာင်ပွဲ မှာ ဘုန်း ကြီးတို့ပါဝင်ပြီးတော့ စကားပြောခွင့်ရလို့ ဝမ်းသာတယ်။

တောင်သမုဒ္ဒရာထဲက ပင်လယ်ထဲ ကျောက်ဆောင် ပေါ်မှာနေနေတဲ့ အရှင်ဥပဂုတ္တမထေရ်ကို တတိယ သင်္ဂါယနာတင်ပွဲကြီး ဆင်နွှဲတော်မူတဲ့အခါ ဗုဒ္ဓါတိဿ မထေရ်ကြီးက အမိန့်နဲ့ခေါ်ယူခဲ့တယ်။ တို့ သင်္ဂါယနာ တင်ပွဲကြီး မှာ မာရ်နတ်ရဲ့အနှောင့်အယှက် ရှိတယ်။ အဲဒါ ကြောင့် ဟိုးတောင် သမုဒ္ဒရာမှာ တစ်ပါးတည်း အေးအေး ဆေးဆေးသွားမနေနဲ့ လာ ဒီပွဲမှာမင်း အကူအညီလိုတယ် ဆိုပြီးတော့ တစ်ယောက်တည်း ချမ်းချမ်းသာ သာနေတဲ့ ဥပဂုတ္တမထေရ်ဟာ တိဿ မထေရ်ရဲ့အမိန့်အရ သံဃာ တော် ၁၀၀၀ အစောင့်အရှောက်တာဝန်ကိုယူရတယ်။ ဆရာတော် သံဃာတော် အရှင်မြတ် တို့ ဘုရား၊ တပည့် တော် ဒီကနေ့ ဒီပွဲကိုတက်လာခြင်းဟာ စစ်ကိုင်းတောင် မှာ သီးသန့်စာကြည့်တိုက်ပေါ့။ တစ်ယောက်တည်းရှိတဲ့ စာကြည့်တိုက်လေးထောင်ပြီးတော့ စာတွေ တစ်ဝကြီး ဖတ်၊ မနက်စာတစ်ဝါ ချပြီးတော့ ချမ်းချမ်းသာသာနေနေ တာကို ရွာမဆရာတော်ဘုရား အမှူးပြုတဲ့ သံဃာတော် ၂၅၀၀ ကျော်တို့က သီတဂူဆရာတော် ကြွတော်မူပါဆို တော့ အရှင်ဥပဂုတ္တကြွသလို တပည့်တော်လည်း မနေ သာလို့ လာခဲ့ရတာ။

အခမ်းအနားအစီအစဉ်ထဲမှာ တပည့်တော်ကို ဩဝါဒကထာပေးဖို့ဆိုပြီးတော့ ထည့်ထားတယ်။ အဲဒါ ကြောင့်မို့လို့ ဥပဒေအချက်အလက်တွေနဲ့ပတ်သက်လို့ တပည့်တော် ပြောစရာမလိုတော့ဘူး။ ဒီပွဲကြီးရဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အသေးစိတ် ရှင်းလင်းတင်ပြသွားပါပြီ။ အခမ်းအနား မှူးကြေညာတဲ့ အားလျော်စွာ ဩဝါဒကထာ ဆိုသည့်အားလျော်စွာ ဩဝါဒစကားများ ပဲပြောပါရစေ။

ဒီကနေ့ အောင်ပြီဆိုပြီးတော့ ပျော်လွန်းလို့ အောင် ပွဲတွေဆင်နေကြ တယ်။ မြတ်စွာဘုရား ဗောဓိပင်နဲ့ ရွှေ ပလ္လင်မှာ မာရ်ငါးပါးအောင်တုန်းက ရဟန်းသံဃာ နတ် ဒေဝါတွေ ပျော်လိုက်ကြတာ၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ ဂန္ဓဗ္ဗတွေလည်း ပဲပျော်လိုက်ကြတာ။ ထူးထူးဆန်းဆန်း အဲဒီနေ့ တစ်ကမ္ဘာလုံး၊ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံး မတည့်တဲ့ အကောင် နှစ်ကောင် ။ နဂါးနဲ့ ဂဠုန်။ နဂါးရယ်၊ ဂဠုန်ရယ် အဲဒီနေ့က သူတို့နှစ်ကောင်လည်းပဲ လက်တွဲ ကကြတယ်လို့ အဋ္ဌကထာမှာ တွေ့ပါ တယ်။ အဲဒါ ဒီ ကနေ့ တပည့်တော်လျှောက်ချင်တာက မတည့်တဲ့ အ ကောင်တွေ အားလုံး ပျော်ပျော်ပါးပါး လက်တွဲညီညာ ကခုန်ပျော်မြူးနိုင် ကြပါစေလို့ တပည့်တော် ရှေးဦးစွာ ဆုတောင်းပါတယ်။

နောက် မာရ်နတ်ရဲ့တိုက်ပွဲဟာ ဗောဓိပင်အောက် မှာ ပြီးသွားပြီလို့မ မှတ်နဲ့။ မြတ်စွာဘုရားကိုယ်တော်မြတ် ကိုတိုက်ခဲ့တဲ့ မာရ်နတ်ရဲ့တိုက် ပွဲဟာ ဗောဓိပင်အောက်မှာ မပြီးဘူး။ မာရ်နတ်ကိုယ်တိုင် က နောက်ခုနစ်နှစ်ကြာတော့ မာရ်နတ်က မြတ်စွာဘုရား ကို လျှောက်တဲ့စကားတစ်ခွန်း ရှိတယ်။

မာရ်နတ်ကြီး ဗောဓိပင်အောက်မှာ ရှုံးနိမ့်ပြီးတော့ နဂါး၊ ဂဠုန်၊ သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါတွေ အောင်ပွဲ ဆင်ပြီးတော့ ပျော်ပွဲ ဆင်ပြီးတဲ့နောက် ပိုင်းမှာ မာရ်နတ် ဟာ နောက်ဆုတ်သွားတာမဟုတ်ဘူး။ အဲဒါကို အားလုံး သတိပြုရလိမ့်မယ်။ အောင်ပြီဆိုပြီးတော့ စိတ်ချလက်ချ နေ လို့မဖြစ်ဘူး။ ဗုဒ္ဓကို အနှောင့်အယှက်ပေးဖို့ ဗုဒ္ဓရဲ့ခြေ ရာနောက်ကို နောက်ခံ လိုက်ခဲ့တာ ခုနစ်နှစ်ကြာတယ်။ အဲဒါကြောင့် အမျိုးဘာသာသာသ နာစောင့်ရှောက်ရေး ဥပဒေအောင်ပြီဆိုပြီးတော့ မျက်စိမှိတ်အိပ်နေလို့ မဖြစ် ဘူး။

မာရ်နတ် အမြဲတမ်းနောက်မှာရှိနေတယ်။ ဘုရားရှင် ရဲ့ခြေရာတောင် ခုနစ်နှစ်လိုက်သေးတာ။ ပုထုဇဉ်တွေရဲ့ ခြေရာကို နင်းလိုက်ဖို့ရာ မာရ်နတ်မှာ အမြဲတမ်းအကြံအ စည်ရှိတယ်။ အဲဒါကို အားလုံးသတိပြုဖို့ လိုပေလိမ့်မယ်။

နောက် စကားတစ်ခုရှိတယ်။ ထမင်းစားကောင်း တယ်ဟေ့၊ ထမင်းတွေ က ကောင်းတယ်၊ ဟင်းတွေက ကောင်းတယ်ဆိုပြီးတော့ အဲဒီထမင်းပွဲကို ချီးမွမ်းမစောနဲ့။ အစာကြေတော့မှ ချီးမွမ်းခန်းဖွင့်ပါ။ ငါ့မိန်းမ၊ ငါ့ယောက်ျား အကျင့်စာရိတ္တကောင်းလိုက်တာ၊ ညားခါစလေးမှာ ချီး မွမ်းခန်း မဖွင့်လိုက်ပါနဲ့ ဦး၊ အရိုးအရေတွေရှုံ့သွားတဲ့အ ချိန်ရောက်မှ ချီးမွမ်းခန်းဖွင့်ပါ။ စစ်သူရဲကြီး၊ သူရပုဂ္ဂိုလ် ကြီးဆိုပြီးတော့လည်း စစ်ပွဲတစ်ပွဲမှ မတိုက်ဘဲနဲ့ ချီးမွမ်း ခန်းမဖွင့်နဲ့။

တိုက်ပွဲဆင်ပြီးတော့ အောင်မြင် လာတော့မှ သူ့ကို ရဲရင့်သောစစ်သူကြီးလို့ ချီးမွမ်းပါ။

အဲဒါကြောင့် အောင်ပွဲဆင်ပေမယ့် မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ နောက်ကိုတောင် မာရ်နတ် ခုနစ်နှစ်လိုက်တယ်။ နှိုက် စရာအပေါက်ရှာမရလို့သာ မာရ်နတ် လက်လျှော့သွား တာ။ အဲဒါကြောင့် အနှောင့်အယှက်အဖျက် အဆီး နှိုက် စရာအပေါက်ရှာမရအောင် တပည့်တော်တို့ သံဃာတော် တွေ အားလုံး ညီညွတ်ဖို့လိုတယ်။

ချီးမွမ်းခန်းတွေဖွင့်ပြီးတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ လုပ်ငန်းကြီးအောင် မြင်ပြီဆိုပြီး ချီးမွမ်းသံတွေလည်းပဲ ကြားကြရမယ်။ ချီး မွမ်းသံကြားရလို့ ဝမ်းမြောက်ကြည်နူးပြီးတော့မြူးထူး ခြင်းတွေ လဲ ဖြစ်တော် မမူနေကြပါနဲ့။ ကဲ့ရဲ့သံတွေလဲပဲ မိုးမွှန်အောင်ကြားနေကြရလိမ့် မယ်။ ကဲ့ရဲ့သံတွေ၊ ရှုတ်ချ သံတွေ၊ အပြစ်တင်သံတွေကြားနေ လို့လဲစိတ် ပျက်ငြီး ငွေ့ပြီးတော့ စိတ်နှလုံးမသာမယာဖြစ်တော်မမူကြပါနဲ့၊ စွပ်စွဲသံကြား လို့ စိတ်နှလုံးမသက်သာရင် စိတ်နှလုံး မသက်သာတဲ့ ပုဂ္ဂိုလ်တွေမှာဘာရှိလဲ အန္တရာယ်ရှိတယ်။ အဲဒါကြောင့်ချီးမွမ်းကြောင့်လဲ ဝမ်းမမြောက်ဖို့၊ ကဲ့ရဲ့ ရှုတ်ချသံတွေကြားရလို့လဲပဲ စိတ်မပျက်ဖို့၊ ဒေါသ အာဃာ တမဖြစ်ကြဖို့၊ ဆရာတော်အရှင်မြတ်များကိုဘုရားတပည့် တော်လေးနက်စွာ တောင်းပန်လျှောက်ထားပါတယ်။

တပည့်တော်တို့ စာတစ်ခုရှိတယ်။ မဖြစ်ပေါ်သေး တာတွေဖြစ်ပေါ်လာကြ တယ်။ ဒီနိုင်ငံမှာ ဒီလိုအမျိုး ဘာသာသာသနာကို စောင့်ရှောက် တဲ့ဥပဒေက ပရိသတ် ရေရှေးတုန်းကရှိဖူးသလား။ မရှိဖူးပါဘူး။ ဖြစ်ပြီး တာတွေပေါ်ခဲ့ပြီး တာတွေလဲပဲ ပျောက်ပျက်ကုန်ပြီ။ ၁၉၅၃-၅၄ ဆဋ္ဌသင်္ဂါယနာတင် ပွဲကြီးဆင်နွှဲတဲ့ခေတ် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ အက်ဥပဒေကိုပါလီ မန်မှာ ပြဋ္ဌာန်းထားတယ်။ ဒီကနေ့ရှိသေးလား။ မရှိတော့ဘူး။ ပါဠိတက္ကသိုလ်အက်ဥပဒေ၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲနဲ့ တစ်ပြိုင်တည်း ပြဋ္ဌာန်း ခဲ့တာတွေဒီကနေ့ရှိသေးလား။ မရှိတော့ဘူး။ ပါဠိပထမပြန်အက်ဥပဒေမ ရှိတော့ဘူး။ အဲဒါကြောင့်ရှိပြီးသားတွေဖြစ်ပြီးသားတွေ အကုန်လုံး ပျောက်ကွယ် ကုန်ပြီ။ အခုမဖြစ်သေးတာတွေ ဖြစ်ပေါ် လာပြီ။

ဒီကနေ့ ဒီနေရာ မှာ ဘုရားတပည့်တော် လျှောက် ချင်တာက ကြွရောက်တော် မူ လာကြတဲ့ သံဃာတော် အပါး၂၅၀၀ အင်းစိန်ဆရာတော်ဘုရားဦးစီးတဲ့ သံဃာ တော် များဖြစ်ပေါ်ပြီးသော ၊ ပျောက်ကွယ်ကုန်ပြီးသော ဥစ္စာတွေကို လဲ ပြန်လည်ပေါ်ပေါက် လာအောင်ကြိုး စား တော်မူကြပါဦးဆိုတာ တပည့်တော်ဒီနေ့ အလေးအနက် တောင်းပန်ပါတယ်။ တောင်းဆိုပါတယ်။

ဗုဒ္ဓသာသနာအဖွဲ့အက် ဥပဒေ၊ ပါဠိတက္ကသိုလ် အက်ဥပဒေ၊ ပါဠိပထမပြန်အက်ဥပဒေ၊ တိပိဋကဓရ ရွေးချယ်ရေးအက်ဥပဒေအကုန်လုံးမရှိတော့ဘူး။ အမျိုး ရော၊ဘာသာရော၊သာသနာ ကိုရော စောင့်ရှောက်ဖို့ ဆိုရင် ဒါတွေအားလုံးပြန်လည်ပြဋ္ဌာန်းပေးရမယ်။ တပည့်တော် တို့ ဗုဒ္ဓဘာသာပြည်ထောင်စုမြန်မာနိုင်ငံ တော်မှာ အခုပဲရွာမဆရာတော်ဘုရားကြီးခေါင်းဆောင် ပြီးတော့ အမျိုးဘာသာသာ သနာစောင့်ရှောက်ရေး ဥပဒေလုပ်တယ်။ ဘယ်လောက်အထိလုပ်ထားလဲ ပရိ သတ်ဖတ်ကြည့်ရင်သိပါတယ်။ ဆရာတော်လဲခုနက ရှင်း သွားတယ်။ ဘယ်အဖွဲ့အစည်းကိုမှ အန်တု၊ အန်ပြိုင်၊ ရန်လုပ်တာမပါဘူး။ ဘယ်အဖွဲ့ အစည်း၊ ဘယ်ဘာသာ၊ ဘယ်လူမျိုးကိုမှ ထိခိုက်နစ်နာစေတဲ့ အချက်အလက် တွေမပါဘူး ပြောသွားတယ်၊ ပြောတဲ့အတိုင်းလည်း မှန်တယ်။ တပည့်တော်အကြမ်းဖျင်းဖတ်ထားတယ်။

တပည့်တော်တစ်ခုလျှောက် မယ်။ တပည့်တော် အီရန် နိုင်ငံကို ရောက် ဖူးတယ်။ အီရန်နိုင်ငံရဲ့ ဖွဲ့စည်းပုံတွေ အုပ်ချုပ်ပုံတွေ အခြေခံဥပဒေတွေကို အသေးစိတ် လေးမလေ့လာနိုင်တောင် အကြမ်းဖျင်းလေးတော့ တပည့်တော်လေ့လာထားတယ်။ အီရန်နိုင်ငံမှာ အများ စုလူမျိုးတွေက ပါရှန်ဆိုတဲ့ လူဦးရေက ၆ဝကျော်ရာခိုင် နှုန်းရှိတယ်။ အဲဒီမှာအနည်းစုကာ့ဒ် ဆိုတဲ့လူမျိုးတွေ ရှိတယ်၊ ပလူချီဆိုတဲ့လူမျိုးတွေရှိတယ်။ လန်းခ်ျဆိုတဲ့ လူမျိုးတွေရှိတယ်။ သူတို့လဲပဲ လူမျိုးငါးမျိုးခြောက်မျိုး လောက်ပေါင်းပြီးတော့ ဖွဲ့စည်းတယ်။ ဒါပေမဲ့အချက် အလက်တွေအများကြီးထဲကတစ်ခု။ ဘာတွေ့လဲဆို တော့ အစ္စလာမ်ဘာသာဟာ official religion ပဲ။ တရားဝင်ကိုးကွယ်သည့်ဘာသာသည် အစ္စလာမ်ဘာသာ ကျန်တဲ့ဘာသာတွေက official ဟုတ်သေးလား။

ဒီကနေ့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အကုန်လုံး တရားဝင်တယ်။ ဗုဒ္ဓဘာသာက လူအများစုကိုးကွယ်တဲ့ ဘာသာလို့ အသိအမှတ်ပြုပြီး တော့ ကျန်သောဘာသာတွေကို နိုင်ငံတော်တစ်ဝန်း အသိအမှတ်ပြုထားတဲ့ ဥပဒေ၊ အဲ့ဒါကြောင့်ပစ်တော့ ပစ်လိုက်တာပဲ သိပ်ထိပုံမပေါ်ဘူး။ အဲဒီတော့သူတို့ တိုင်းပြည်မှာပါကစ္စတန်နိုင်ငံကို ဥပဒေကိုလေ့လာကြည့် ပါ။ မလေးရှားဥပဒေကိုလေ့လာကြည့်ပါ။ ဒီအတိုင်း ပဲ။ တပည့်တော်နိုင်ငံတော်ကျတော့၅၃-၅၄မှာ ဗုဒ္ဓ ဘာသာကို နိုင်ငံတော် ဘာသာလို့လုပ်တယ်။ အုန်းအုန်း ကျွက်ကျွက်ဝိုင်းကန့်ကွက်တယ်။ ဒီကနေ့မရှိတော့ဘူး။ အဲဒါကြောင့် ကြိုးစားကြပေမယ့်လဲပဲ ထင်သလောက် မှန်းသလောက်တော့ပေါက်မြောက်လိမ့်ဦးမယ် မဟုတ် သေးဘူးလို့ပဲ တပည့်တော် ဒီလိုပဲသုံးသပ်မိပါတယ်။ နောက်ပြီးတော့ရှိသေးတယ် နိုင်ငံတော်မှာ အမြင့်ဆုံး မှာရှိတဲ့ ပုဂ္ဂိုလ်ဟာဘာသာရေးခေါင်းဆောင်ဖြစ်ရ မယ် တဲ့၊ အီရန်ရဲ့အခြေခံစည်းမျဉ်းမှာ နိုင်ငံရေးခေါင်းဆောင် ရော၊ နိုင်ငံတော်ရဲ့သမ္မတရောအကုန်လုံးက ဘာသာရေး ခေါင်းဆောင်က အကြီးဆုံးသူတို့တိုင်းပြည်မှာဖြစ် ရမယ်။

တပည့်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ နိုင်ငံတော်သံဃနာယ ကအဖွဲ့ကြီး က ဘယ်အခြေအနေ မှာရှိတယ်ဆိုတာ ဆရာတော်များ အကုန်လုံးသိပါတယ်။

အီရန်မှာ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်က ထိပ်ဆုံးမှာ။ နိုင်ငံရေးမှာလဲသူ့အာဏာပိုင်ပဲ။ ကျန်းမာ ရေး၊ ပညာရေး၊ဘာသာရေးမှာလဲ သူတို့က အာဏာပိုင် ပဲဖြစ်မယ်။ အဲဒါကြောင့် မတူတာတွေ အဲဒီလိုရှိတယ်ဆို တာကို တပည့်တော်တို့ တိုင်းသူပြည်သားက ပြည်သူတွေ၊ သံဃာတော်တွေ သိ ရရင် နောက်တက်စရာအဆင့်တွေ အများကြီးရှိနေ ဦးမယ် လို့တပည့်တော်ဒီလိုပဲ ယူဆတယ်။

နောက်တစ်ခု ဘုရား တပည့်တော်လျှောက်ထားချင် တာက ဒီလိုအမျိုး ဘာသာသာ သနာစောင့်ရှောက်ရေး လုပ်ကြတော့ သံဃာတော် အရှင်မြတ်တွေ က နိုင်ငံရေး လုပ်ကြသလား လို့ မေးခွန်းတွေမေး စရာ၊ တချို့သံဃာ တော်အရှင်မြတ်တွေ ကလဲ နည်းနည်းနယ်ကျွံတယ်နဲ့တူ ပါတယ်။ ကိုယ့်နယ်ထဲကိုယ်မနေဘဲနဲ့ သူတစ်ပါးနယ်ထဲ ရောက်ကုန်ကြတယ်။

အဲဒါကြောင့် အမေးအမြန်းလဲခံရတယ်။ အပြစ် တင်လဲခံရတယ်။ မြတ်စွာ ဘုရားရဲ့စကားတစ်ခွန်းရှိပါတယ်။ သူတစ်ပါးစားကျက်ထဲမသွားကြနဲ့။ ဒါဘုရားစကား။ ကိုယ့်စားကျက်မှာကိုယ်နေကြပါ။ ဒါဘုရားစကား။ အဲဒါ သူများစားကျက်ထဲသွားတော့ ဘာဖြစ်လဲဆိုတော့ မြတ် စွာဘုရားက ဇာတ်တော်လေးတစ်ခုဟောတယ်။ တိုတို လေး။ ပြောပါရစေ။

ဘာလဲလို့ဆိုတော့ လယ်ထဲက ထယ်ခဲကြားမှာနေ ပြီးတော့ သားလေးတွေပေါက်နေတဲ့ ဘီလုံးငှက်။ ပရိသတ် ကြီး ဘာငှက်လဲ။ ဘီလုံးငှက်။ မိုးကြီး ဝုန်းဆိုရွာချတော့ ထယ်ခဲကြားက ပလူတွေထပျံကြတယ်။ အဲဒီအခါမှာ ပလူ တွေကိုလိုက်ဖမ်းပြီးတော့ သားလေးတွေအစာကျွေး။ ပလူ တစ်ကောင်က ကောင်းကင်မြင့်ကြီးပျံသွားတော့ ဘီလုံး ငှက်ကလိုက်ရင်းလိုက်ရင်းနဲ့ ကောင်းကင်ပေတစ်ထောင် လောက်ကို ဘီလုံးရောက်သွားတယ်။

ဘီလုံး ကောင်းကင်ပေဘယ်လောက်ကိုရောက်သွား လဲ။ အမြင့်ကြီးတက်သွား တယ်။ သူ့နယ်က ဘယ်မှာလဲ ထယ်ကြားထဲမှာ။ သူဘယ်ရောက် သွားပြီလဲ၊ ကောင်း ကင်ရောက်သွားပြီ။ ကောင်းကင်မှာ ဘာတွေရှိသလဲဆို ရင် စွန်တွေရှိတယ်။ ဘီလုံးလေးတွေ့လိုက်ရော စွန်က တစ်ခါတည်းခြေသည်းနဲ့ ပြေးကုတ်လိုက်တော့ စွန်ရဲ့ခြေ သည်းကြားမှာ ဘီလုံးလေးဖမ်းမိသွားတယ်။

ကိုယ်နယ်မြေကိုယ့်မနေတဲ့ ဘီလုံး၊ စွန်ရဲ့နယ်မြေ ကိုသွားမိတဲ့ဘီလုံး စွန်ဖမ်းတာခံရတယ်။ ကိုယ့်စားကျက် မှာကိုယ်နေကြပါ။ ကံကောင်းချင်တော့ စွန်ရဲ့ခြေသည်း ကြားမှာ ဘီလုံးရဲ့ခေါင်းလေးက ညပ်မိရက်သားဖြစ်သွား တယ်။ ခေါင်းကို ခြေသည်းတွေနဲ့မကုတ်မိဘူး။ အ သက်ချမ်းသာရာ ရသွားတယ်။ အဲဒီတော့ သူကသတ္တိ ကောင်းတဲ့အကောင် ဆိုတော့ မလျှော့ဘူး။ ဘာပြောလဲ မစ္စတာစွန်၊ မစ္စတာအီးဂဲလ် ငါ့နယ်မြေထဲ ငါမနေမိလို့၊ မင်းနယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာလို့ မင်း ငါ့ ကိုဖမ်းတယ်။ ဒါမင်းနယ်မြေ မင်းလုပ်ပိုင်ခွင့်ရှိတာလုပ် ပေါ့ကွာ။ အကယ်၍ ငါနယ်မြေထဲမှာဆိုရင် မင်းကိုစစ်ပြိုင် ပြီးတော့ တိုက်ရဲတယ်။ ကိုယ့်နယ်မြေထဲမှာနေရင် ဘာ ဖြစ်လဲ။ စစ်ပြိုင်ပြီးတော့ တိုက်ခိုက်ရဲတယ်။

မင်းနယ်မြေက ဘယ်မှာလဲဆိုတော့ လယ်ထဲက ထယ်ခဲ။ မင်းတကယ်တိုက်မှာလား။ တိုက်မယ်။ ဒါပေမဲ့ ငါ့ထယ်ခဲကြားပြန်ပို့ ဆိုပြီးတော့ စွန်ကြီးကို အသည်းယား၊ အူယားအောင် ဘီလုံးက ရန်စကားပြောတယ်။

အူယားလာလေလေ။ အဲဒီကောင်ရှုံးတော့မယ်မှတ်။ မခံချိမခံသာပြောလို့ အူယားလာလေလေ။ အဲဒီကောင် ရှုံးတော့မယ်။ အူယားတော် မမူကြပါနဲ့။ ဘီလုံးဘာပဲ ပြောပြော။ အူယားလာရင်တော့ အဲဒါရှုံးလိမ့်မယ်။ အဲဒီ တော့ ဘီလုံးလယ်ထဲက ထယ်ခဲကြား ပြန်ရောက်သွား တယ်။ သားလေးတွေ အကုန်လုံးအစာကျွေး၊ ရေတိုက်ပြီး တော့ သူလဲ ဝအောင်စားပြီးတော့ ထယ်ပေါ်တက်မတ် တတ်ရပ်။ ဟေ့ ....ကောင်းကင်ကို အုပ်စိုးတဲ့စွန်။ ငါနယ်မြေထဲကို ငါရောက်ပြီ။ ဒီအချိန်ဟာ တိုက်ခိုက်ရ မယ့်အချိန်ပဲ စစ်ပွဲစမယ်။ ဘယ်သူက ကြေညာလဲ ဘီ လုံးက ကြေညာတယ်။ စွန်က ဒေါထတယ်။ စွန်ဘာဖြစ်နေ လဲ ဒေါဖောင်းနေတယ်။

ဒေါဖောင်းနေတော့ ဒေါသတကြီးနဲ့ Over Speed, Hight Speed နဲ့ သွားတာပေါ့။ ကောင်းကင်ကနေ တစ်အားထိုးဆင်းတယ်။ ထယ်ပေါ်မှာရပ်နေတဲ့ဘီလုံးက စွန်ကြီးကိုကြည့်ပြီးတော့ လာပြီ လာပြီ လာပြီ ငါ့အနားကို ရောက်လာပြီ လေးပေ၊ ငါးပေလောက် အရောက်မှာ ဖြုတ် ခနဲဆို ထယ်ခဲအောက်တိုးဝင်သွားတယ်။ ဟိုမှာက Over Speed ဖြစ်နေတဲ့ စွန်က ထိန်းနိုင်သေးလား။ မထိန်းနိုင်လို့ Over Speed ဖြစ်လာတဲ့ စွန်က ထယ်ခဲနဲ့ ရင်ဘတ်နဲ့တိုက် ပြီးတော့ ထယ်ခဲကြားမှာ ရင်ကွဲလို့သေသွားတယ်။ အား လုံး Over Speed မဖြစ်အောင် ထိန်းတော်မူကြပါ။

သံဃာတော်များ ဘုရား။ ကိုယ့်နယ်မြေမှာ ကိုယ် အင်အားရှိကြပါ။ နယ်မြေမကျူးကျော်ဖို့ဘဲအရေးကြီး တယ်လို့ အဲဒီ ဇာတ်တော်ဖြင့် အရှင်ဘုရားများကို တပည့် တော်အားပေးတိုက်တွန်းပါတယ်။ ဒီတော့ ဒီလိုအလုပ် တွေလုပ်နေတာဟာ သံဃာတော်အရှင်မြတ်တွေ နိုင်ငံ ရေးလုပ်သလားလို့မေးစရာရှိပါတယ်။ တပည့်တော်လျှောက် ထားချင်တာကတော့ သာသနာရေးနဲ့ လူမှုရေးကို သံ ဃာတော်များ အင်တိုက်အားတိုက်။ ဆရာတော်၊ သံဃာ တော်များ အင်တိုက်အား တိုက်ဆောင်ရွက်တော်မူကြပါ။ ဒီကနေ့ ဒီနိုင်ငံတော်ရဲ့ အခြေအနေဟာ ဒီနှစ်ခုကို တွဲ လုပ်နိုင်မှ အမျိုးကိုလဲစောင့်ရှောက်နိုင်မယ်။ ဘာသာကို လဲ စောင့်ရှောက်နိုင်မယ်။ သာသနာကိုလဲ စောင့်ရှောက် နိုင်မယ်။ ပရိယတ်၊ ပါဋိပတ် တစ်ခုတည်းကို ချည်း ဖိပြီး တော့၊ တန်းပြီးတော့၊ စွတ်ပြီးတော့လုပ်နေလို့ရှိရင် လူမှု ရေးကျန်နေခဲ့ရင် တပည့်တော်တို့ အမျိုးသား၊ အမျိုးသ မီးတွေဆုံး ရှုံးလိမ့်မယ်။ လူမှုရေးချည်းဖိလုပ်ပြီး ဘာသာ ရေး၊ သာသနာရေးမပါရင်လဲဘဲ အဲဒါလဲ ကြာရင်ဆုံးရှုံး သွားတတ်တယ်။ အဲဒါတပည့်တော် ဥပမာ တစ်ခုပြော ချင်တာက ၁၉၁ရ ခုနှစ်က ရုရှားနိုင်ငံမှာ တော်လှန်ရေး တစ်ခု အကြီးအကျယ်ဖြစ် တယ်။ အောက်တိုဘာတော်လှန် ရေးလို့ ကမ္ဘာ့သမိုင်းတွေမှာရေးကြတယ်။

၁၉၁ရ ခုနှစ် အောက်တိုဘာလ မှာ လီနင်တို့ ကွန် မြူနစ်ဝါဒကိုကြိုက်ပြီးတော့ တိုင်းပြည်မှာ ကွန်မြူနစ်ဝါဒ ထူထောင်၊ ကွန်မြူနစ် ပါတီထူထောင်ပြီးတော့ ဘုရင်တွေ ကို အကုန်လုံးဖြုတ်ချတယ်။ ကိုင်ဇာဘုရင်တို့အားလုံး ဘုရင်နဲ့တကွ နန်းတွင်းသူ၊ နန်းတွင်း သားအားလုံး အ သတ်ခံရတယ်။ တပည့်တော် ရုရှားနိုင်ငံကို နှစ်ခေါက်၊ သုံးခေါက်၊ လေး၊ ငါးခေါက်ရောက် ဖူးပါတယ်။ ခရစ်ယာန် ဘုရားကျောင်းတွေ အင်မတန်ပေါတယ်။ သူတို့ရဲ့ချပ်ခ်ျ ဘုရားကျောင်းကြီးတွေက အချွန်တွေမဟုတ်ဘဲနဲ့ အစ္စ လာမ်ဘာသာ ဝင်တွေရဲ့ ကျောင်းတွေလို အလုံးကြီးတွေ ပါ။ အဲဒီအလုံးကြီးတွေအကုန်လုံး ကို ရွှေတွေနဲ့ချည်းလုပ် ထားတယ်။ အလွန်ဘာသာရေးမြတ်နိုး တဲ့ ရှေးဟောင်း ရုရှားတွေ ခရစ်ယာန်ဘုန်းတော်ကြီးတွေအားလုံး အသတ် ခံရတယ်။ အဲဒီရွှေဘုရားကျောင်းကြီးတွေက ရွှေတွေကို လီနင်တို့အဖွဲ့က အကုန်လုံးခွာယူသွားကြတယ်။ တပည့် တော်တို့ရဲ့ ရွှေတိဂုံကို သခင်စိုးဘာပြောဖူးလဲ။ အားလုံး လဲသတိရပါ။

အဲဒီတော့ ရုရှားပြည်မှာ တော်လှန်ရေးကြီးဖြစ်ပြီ မြေရှင်တွေ၊ အာဏာရှင်တွေ ကို ကွန်မြူနစ်တွေက အ ကုန်လုံး တိုက်ဖျက်ချေမှုန်း၊ ဘာသာရေးအဖွဲ့ အစည်းတွေ ကို ချေမှုန်းလိုက်တော့ လီနင်ရဲ့ကွန်မြူနစ်ပါတီကြီး က တဖြည်းဖြည်းနဲ့ ဥရောပထဲကိုစိမ့်ဝင်ပြီးတော့ ဟန် ဂေရီတို့၊ ဘူဂေးရီးယားတို့၊ ရိုမေးနီးယားတို့၊ ပိုလန်တို့၊ ကွန်မြူနစ်ဖြစ်ကုန်ကြ တယ်။ ဆိုဗီယက်ယူနီယံဆိုတာ ကို ပြန်ကြည့်နိုင် ငံပေါင်း ၁၅ နိုင်ငံလောက် အကုန်သိမ်း ပြီးတော့ ကွန်မြူနစ်လက်အောက် ထည့်ထားတယ်။ အဲ ဒီတော့ ဘယ်မှာလှုပ်လှုပ်ဖြစ် လဲဆိုတော့ ကွန်မြူနစ်ဝါဒ ကြီး ဥရောပကိုစိမ့်ဝင်တဲ့အချိန်မှာ အီတလီနိုင်ငံ ရောမ မြို့ကပုပ်ရဟန်း မင်းကြီးရဲ့ နန်းတော်ကြီးလှုပ် လှုပ်ဖြစ်လာ တယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ နန်းတော်ကြီး လှုပ်လှုပ်ဖြစ် လာတော့ ကွန်မြူနစ်သာတို့ တိုင်းပြည်ကို လွှမ်းမိုးရင် ပုပ် ရဟန်းမင်းကြီးရဲ့ ဘဝတောင် ဘယ်လိုနေရမလဲမသိဘူး။ အဲဒီတော့ ဘာထလုပ်သလဲဆိုတော့ ဘာတီကန်နန်းတော် ကြီးက ရိုမန်ကက် သလစ်ဘုန်းတော်ကြီးများနဲ့ တိုင်းသူ ပြည် သားပေါင်းပြီးတော့ အန်တီကွန်မြူနစ်၊ ကွန်မြူနစ် ဆန့်ကျင်ရေးဝါဒ စတင်ပြီးတော့ ကြိုးပမ်းကြတယ်။

ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးကြိုးပမ်းကြတော့ ဘာ သာရေးနဲ့ပဲတိုက်မှရတော့ မယ်ဆိုပြီးတော့ နိုင်ငံရေးပါတီ တွေထောင်တော့ ခရစ်ယာန်ဒီမိုကရက် တစ်ပါတီ၊ ပရိသတ် ကြီး ပြန်ပြောမယ်။ ရောမ မှာဘာထောင်သလဲ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ။ ဘာပါတီလဲ၊ ဘာသာရေးသည် နိုင်ငံ ရေးထဲကို သေသေချာချာဝင်သွားတာမဟုတ်လား။ ဘာပါ တီထောင်လဲ။ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီထောင်ပြီး တော့ ချလိုက်တော့မှ ရောမကို ကွန်မြူနစ်မဝင်နိုင်ဘဲနဲ့ ကွန်မြူနစ်တွေနောက် ဆုတ်သွားတယ်။ အဲဒီတော့ ခရစ် ယာန်ဒီမိုကရက်တစ်ပါတီ၊ အီတလီမှာ ၁၉၁၉ ခုနှစ်က တည်ထောင်ပြီးတော့ ပေါ်ပြူလာ အဖြစ်ဆုံးနဲ့ မဲအရဆုံး ပါတီက အဲဒီပါတီပဲဖြစ်ပါတယ်။

ဂျာမနီက ဘာတည်ထောင်လိုက်လဲဆိုတော့ ခရစ် ယာန်ဒီမိုကရက်တစ်ယူနီယံဆိုပြီး ဂျာမနီကထောင်လိုက် တယ်။ ဂျာမနီလဲ ကွန်မြူနစ်လွှမ်းမိုးခြင်းကို မခံလိုက်ရ ဘူး။ တစ်နိုင်ငံလုံးကိစ္စ တစ်မျိုးသားလုံးကိစ္စ၊ အမျိုးသား ရေးကိစ္စမှာ တပည့်တော်တို့ သံဃာတော်အရှင်မြတ်တွေ မျက်စိကျယ်ကျယ်၊ နားကျယ်ကျယ်ဖွင့်ပြီးတော့ အနာဂတ် ကို အရှည်မျှော်ပြီးတော့ သတိရှိရှိနဲ့ စောင့်ကြည့်တော် မူကြပါလို့ တပည့်တော်လျှောက်ပါတယ်။

အဲဒီတော့ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီဆိုတာ ဥရောပတစ်ခွင်လုံး ပျံ့နှံ့သွားပါတယ်။ အီတလီ၊ ဂျာမနီ၊ ဆွစ်ဇာလန်တို့ကို ကွန်မြူနစ်မဝင် နိုင်ဖြစ်သွား တယ်။ အဲဒီတော့ တပည့်တော်လျှောက်တင်ချင် တာက သံဃာ တော်အရှင်မြတ်တွေအနေနဲ့ နိုင်ငံရေးထဲ ပါဝင်ရမယ် လို့ လျှောက်ခြင်း မဟုတ်ပါဘူး။ သတိရှိရှိနဲ့ စောင့်ကြည့် ဖို့ကို လျှောက် တာဖြစ်ပါတယ်။ အခုနကပြောထားပြီးပြီ။ ဘီလုံး ငှက်က သူ့နယ်မြေက လယ်ထဲက ထယ်ခဲ၊ စွန်ရဲနယ်မြေက ဘယ်မှာလဲ။ ကောင်းကင်မှာ ကိုယ့်စားကျက်မှာကိုယ်နေ ပြီးစောင့်ကြည့်ဖို့ တပည့်တော်လျှောက် ထားရခြင်းဖြစ်ပါ တယ်။ ဒီကနေ့ ဥရောပတစ်ခွင်မှာ အဲဒီ ခရစ်ယာန်ဒီမိုကရက် တစ်ပါတီ၊ အဲဒါတွေ အရိပ်အမြွက်ကျန်လျက်ရှိပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ တိုင်းရေးပြည်ရေးတည်ငြိမ် မှုတွေပြန်ရတဲ့ အချိန်မှာ ရိုမန်ကက်သလစ်ဘုန်း တော်ကြီးများက တို့တစ်တွေ နိုင်ငံရေးမှာ ဝေးဝေးနေပြီး တော့ လူမှုရေးပဲဆောင်ရွက်ကြရအောင်ဆိုပြီး လူမှုရေး ကို နှစ်မျိုးဆောင်ရွက်တယ်။

တစ်မျိုးကတော့ တိုင်းပြည် မှာ Social Unjustic ဆိုတဲ့ လူမှုရေးမမျှတ မှုတွေကို Social Justic မျှတအောင်လုပ်မယ်ဆိုပြီးတော့ ရိုမန် ကက်သလစ် ဘုန်းတော်ကြီးတွေ က ဆောင်ရွက်ကြတယ်။ နောက် တစ်ခါ လူမှုရေးရာကိစ္စတွေမှာ လူတွေရဲ့စာရေး၊ နေရေး၊ ဝတ်ရေးအကျပ် အတည်းတွေနဲ့ လူမှုရေးကိစ္စ တွေမှာ တရားမမျှတာတွေကို တရားမျှတအောင်ဆောင် ရွက်မယ်။ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေးတို့ကြုံလာရင် စာရေးနေရေးကျပ်တည်းကြတဲ့အတွက် အဲဒီကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မယ်။

မမျှတမှုတွေကို တရားမျှတအောင်ဆောင်ရွက်မယ် ဆိုပြီးတော့ နိုင်ငံရေးမှာဝေးဝေးရှောင်ပြီး ရိုမန်ကက် သလစ်ဘုန်းတော် ကြီးတွေ ဟာ လူမှုရေးရာမတရားမှုများ နဲ့ လူမှုရေးဆင်းရဲမွဲတေမှုများ ကိုဆောင်ရွက်သွားကြတာ ဒီနေ့အထိပဲ။ အဲဒီအရေးနှစ်ကို ဆောင်ရွက်ပေး ခဲ့တဲ့ ရိုမန်ကက်သလစ်ဘာသာဟာ ကမ္ဘာမှာ ကျယ်ပြန်တဲ့ဘာ သာဖြစ်ပါတယ်။ အောက်တို ဘာတော်လှန်ရေးကစပြီး တော့ ဥရောပတစ်ခွင်ကဘာသာရေးတွေကို ခြိမ်းခြောက် ခံရတဲ့အခါ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေက ခရစ် ယာန်ဒီမိုကရက်တစ်ပါတီ ဆိုတာတွေကို တည်ထောင်ပြီး တော့ တိုင်းသူပြည်သားတွေနဲ့လက်တွဲပြီး ဘာသာတရား တွေမပျောက်ကွယ်အောင်ထိန်းသိမ်း စောင့်ရှောက်တော် မူကြသွားသလိုပဲ တပည့်တော်တို့ မြန်မာနိုင်ငံတော် လည်းပဲ ဗုဒ္ဓဘာသာ ၉၅ ရာခိုင်နှုန်း ကိုးကွယ်တဲ့ ဤ ဗုဒ္ဓဘာသာကိုလည်းဘဲ အမြော်အမြင် ကြီးစွာနဲ့ကာကွယ် စောင့်ရှောက်တော်မူကြရန်ဖြစ်ကြောင်း၊ အဲဒီလိုအရေး ကိစ္စတွေပြီးသွားလို့ရှိရင်လည်းပဲ Social Justic ဆိုတဲ့ ကိစ္စနဲ့ Social Welfare ဆိုတဲ့ကိစ္စမှာ ဘာသာရေးနဲ့လက် တွဲပြီးတော့ ဆောင် ရွက်သွားကြပါဆိုတဲ့အကြောင်းကို ဘုရားတပည့်တော်ရိုသေ စွာလျှောက် ထား ပါတယ် ဘုရား။ ဘုရားတပည့်တော်နိဂုံးချုပ်ရမယ်ဆိုရင် အား လုံးလောကဓမ္မနှစ်ဌာနမှာ ဓမ္မဝိနယနှင့်လျော်ညီစွာ ကျင့် သုံးပြီးတော့ အစွန်းနှစ်ဖက် လွတ်အောင် ရှောင်ပြီးတော့ သာသနာ့အကျိုးနဲ့ပြည် သူပြည် သားတွေ ရဲ့အကျိုးကိုဆောင်ရွက်တော် မူသွားကြဖို့ဖြစ်ပါတယ်။

အစွန်းနှစ်ဖက် ကိုပြောကြတဲ့အခါမှာပြောစရာ နည်းလမ်းလေးတွေ အများကြီးရှိ ပါတယ်။ ဒီကနေ့တော့ ဘုရားတပည့် တော် နှစ်မျိုးပဲပြော ပါရစေ။ ပီယ ဆိုတာ အစွန်းတစ် ဖက်ပါ။ အပီယဆိုတာလဲ အစွန်းတစ်ဖက် ပါ။ ပီယရယ် အပီယရယ်။ ပီယဆိုတာက ချစ်တာ။ အပီယဆိုတာက မုန်းတာ။ ပီယဆို တာက တစ်ယောက်ယောက် ကိုချစ်ပြီးတော့ မျက်နှာ သာပေးတာ။ အပီယဆိုတာ ကမုန်းတာ။ တစ်ယောက်ယောက် ကိုမုန်းပြီးတော့ ဖိနှိပ် ပုတ်ခတ်တာ။ အဲဒါကြောင့်ချစ်သူလဲမထားဖို့ အရေးကြီးပါတယ်။ မုန်း သူရန်မှလွတ်ရန် ရှောင်ဖို့က လဲအရေးကြီးပါတယ်။ လူတွေဆုတောင်းကြတယ်လေ။ဘုရားတပည့်တော်ဘေးရန်ကင်းကွာ ချမ်းသာစွာ နေရပါလို၏လို့ဆုတောင်းတယ်။

ဆုတောင်းမပြည့်ဘူး။ဘေးရန်တွေသိပ်များတယ်။ အဲဒါဘာဖြစ်လို့လဲ။ ဣသာ မစ္ဆရိယကြောင့်။ ဣသာမစ္ဆရိယဘာကြောင့်ဖြစ်သလဲ။ ချစ်ခြင်းနဲ့မုန်းခြင်းကြောင့်၊ ချစ်သူ ကိုမျက်နှာသာပေး လိုက်လို့ရှိရင် မုန်းသူကိုတော့ဖိအားပေးမှာပေါ့။ အဲဒါ ကြောင့် အဲဒီနှစ်မျိုးမှ လွတ်အောင်ရှောင်ပြီးတော့ ဓမ္မဝိ နယနဲ့အညီ တိုင်းကျိုးပြည်ကျိုးသာ သနာအကျိုးကို ဆောင်ရွက်တော်မူသွားကြပါဆိုတဲ့အကြောင်းကို ဘုရား တပည့်တော်အလေးအနက်လျှောက်ထားပါတယ်။

နောက် တစ်ချက်ကတော့ ရှေးဦးစွာပုံပြင်တစ်ခုပြောပါမယ်။ သာတိတ်ဆိုတဲ့ ရ ဟန်း၊ အဲဒီရဟန်းတော်ဟာ သံဃာ တော့်တွေကိုတွေ့တိုင်းလျှောက်ပြော တယ်။ ဘာကိုပြော သလဲဆိုရင် လူရဲ့ဝိညာဉ်ဟာမပျက်မစီး၊ မပျက်မစီးသော ဝိညာဉ်သည်သံသရာမှာ တစ်ဘဝမှတစ်ဘဝသို့လည်နေ တယ်။ ဒါအတ္တဝါဒ။ အဲဒါမြတ်စွာဘုရားဟောတယ်။ဘုရားဟောတာကို သူသိတယ်ဆိုပြီးတော့ အဲဒါကို ဟိုကိုယ်တော်ပြော၊ ဒီကိုယ်တော်ပြောတယ်။ ပြောတော့ သဃာတော် အရှင်သူမြတ်တွေက ဟေ့ သာတိ၊ မြတ်စွာ ဘုရားက ရုပ်ရော၊ ဝေဒနာရော၊ သညာရော၊ သင်္ခါရ ရော၊ ဝိညာဉ်ရော၊ မပျက်မစီးဘဲ နဲ့ သံ သရာလည်တယ် ဆိုတာတို့ ဘုရားမဟောဘူး။ ဘာဝိညာဉ်ဖြစ်ဖြစ် ဝိညာဉ် ဆိုတာ ပျက်စီးတဲ့အထဲမှာရှိ တယ်။ မြတ်စွာ ဘုရား ကို မဟုတ်တဲ့စကားနဲ့ မစွပ်စွဲပါနဲ့။ ဘုရားမဟောတာကို ဘုရားဟောတယ်လို့ စွပ်စွဲခြင်းဟာ ဒါဟာမကောင်းဘူးလို့ သံဃာတော်တွေကဆုံးမပြီးတော့ ဘုရားရှင်ထံပို့ရတယ်။ တပည့်တော်ပြောချင်တာက အရပ်မှာ တိုင်းပြည်မှာနေ ကြတဲ့လူတွေ၊ အထူးသဖြင့် ဝက်ဘ်ဆိုက်တို့၊ ဖေ့စ်ဘွတ်ခ် တို့မှာတင်ပြီးတော့ ရေးကြတဲ့သူတွေဂျာနယ်တွေ၊ မဂ္ဂ ဇင်းတွေမှာရေးကြ တဲ့ပုဂ္ဂိုလ်တွေ မပြောတာကိုမပြောတဲ့ အတိုင်းပဲ ရေးပါ။ ပြောတာ ကို ပြောတဲ့အတိုင်းရေးပါ။ မပြောတာတွေကို ပြောသလို လုပ်ပြီးတော့၊ ပြော တာ တွေကို မပြောသလိုလုပ်ပြီးတော့ ပြောင်းပြန်မ လုပ်ကြ ပါနဲ့ဆိုတာကို အဲဒါတော့ အထူးပဲမေတ္တာရပ်ခံပြောချင် ပါတယ်။ နိဂုံးချုပ်အနေဲ့ အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ရဲ့ အမျိုးဘာသာသာသ နာစောင့်ရှောက် ရေးဥပဒေ လေးရပ်ကို ဘယ်လိုပဲပြဋ္ဌာန်းလိုက်စေ ကာမူ နောက် ဒီထက်ဥပဒေတွေ တိုး၍တိုး၍ လာပါစေဦး။ တပည့်တော်တို့ ဘုရားသားတော်၊ သံဃာတော်တွေဟာ နံပါတ်တစ် မြန်မာ့မြေပေါ် မှာရှိနေကြ တဲ့ တခြားဘာသာ တရားတွေနဲ့ ငြိမ်းချမ်းစွာအတူယှဉ် တွဲပြီး နေထိုင်သွား မယ်ဆိုတဲ့အကြောင်း တပည့်တော် ဒီနေရာကနေ သံဃာတော်အရှင်သူမြတ်တွေကိုလဲ လျှောက်ပါတယ်။

အခြားဘာသာဝင်များ ကိုလဲ ကြေညာပါတယ်။ နံပါတ် (၁)ကတော့ တပည့်တော်တို့က အချင်းချင်းအပြန်ပြန်အ လှန်လှန် တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုကိုတည် ဆောက်ပြီးတော့ နေသွားကြပါစို့။ နံပါတ်(၂)ဘာသာ ရေးအဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် ရိုသေ လေးစားစွာ၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားစွာ ဆက်ဆံပြီးတော့ သွားကြပါစို့။ နံပါတ်(၃) ဘာသာရေးအဖွဲ့အစည်းတစ်ခုက အခြားဘာသာရေး အဖွဲ့အစည်းတစ်ခုအတွင်းသို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲနဲ့ ငြိမ်းချမ်းစွာနေထိုင်သွားကြပါစို့။ နံပါတ်(၄)ဆူပူသောင်း ကျန်းခြင်းတို့ကိုရှောင်ရှားပြီး ငြိမ်းချမ်းစွာ လက်တွဲပြီးတော့ အတူနေထိုင်သွားကြပါစို့။ နံပါတ်(၅) ကြီးကျယ်မြင့်မြတ်စွာ သည်းခံခြင်းတရားကို လက်ကိုင် ထားပြီး မည်သည့်ဘာသာရေးအဖွဲ့ အစည်းနဲ့မဆို ငြိမ်း ချမ်းစွာလက်တွဲပြီးတော့ အတူနေထိုင်သွားကြပါစို့လို့ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ရေးမူငါးချက်ကို ဘုရား တပည့်တော် ဒီနေရာနေတင်ပြလိုက်ရပါတယ်။ ၁၉၅၄ ခုနှစ်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ မြန်မာနိုင်ငံ ကဝန်ကြီးချုပ် ဦးနုရယ်၊ အိန္ဒိယဝန်ကြီး ချုပ်နေရူးရယ်၊ တရုတ် ဝန်ကြီးချုပ် ရှောင်အန်လေးရယ်၊ အဲဒီဝန်ကြီး ချုပ်သုံးယောက် ခေါင်းဆောင်ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကိုချမှတ်သလိုပဲ၊ ဒီ ကနေ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကြီး ကလဲပဲ ဒီအတိုင်းပဲကျင့်သုံးသွားကြပါ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရအောင်ယူမယ်။ တစ်ယောက် နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်ရင်း ရင်းနှီးနှီးဆက်ဆံမယ်။ တစ်ဘာသာနဲ့ တစ်ဘာသာကို ဘာမှဝင်ရောက်စွက်ဖက် ခြင်းဘာမှမပြုဘူး။ ပရိသတ်က ဖျက်တာကို ကြိုးစားပြီး ရှောင်မယ်။ ကြီးမားသောသည်းခံခြင်းနဲ့ ဒီမြန်မာ့မြေပေါ် မှာရှိတဲ့ ဘယ်ဘာသာဝင်များနဲ့မဆို တပည့်တော်တို့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲနေထိုင်သွားကြပါစို့ လို့ ငြိမ်းချမ်းရေးမူငါး ချက် ကိုကြေညာရင်းနဲ့ ဘုရား တပည့်တော်ရဲ့ဩဝါဒက ထာကို ဤနေရာမှာ ပဲ နိဂုံး ကမ္ပတ်အဆုံးသတ်ရပါကြောင်း ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား။

_____Democracytoday‬ ပေ့စ်မှ ကူးယူဖော်ပြသည်
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။