ချင်းတိုးတက်ရေးပါတီ

၁။ ပါတီဥက္ကဋ္ဌ - ဦးနိုထန်ကပ်။
၂။ ပါတီဝင်အရေအတွက် - တစ်သိန်းကျော်။
၃။ မဲဆန္ဒနယ် - ချင်းပြည်နယ်တွင် ကိုးမြို့နယ်နှင့် စစ်ကိုင်းတိုင်းတွင် နှစ်မြို့နယ် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - အခြားပါတီနှင့် ပတ်သက်လာပါက အပြုသဘောဆောင်ကာ ပဋိပက္ခများကို ညှိနှိုင်းမှုများပြုလုပ်သွားမည်။ ချင်းတိုးတက်ရေးပါတီသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးသက်သက်မဟုတ်ဘဲ အသိပညာပိုင်းဆိုင်ရာ တိုးတက်မှုကို ဦးစားပေးဆောင်ရွက်သွားမည်။
၅။ ပါတီဆောင်ပုဒ် - ချင်းလူမျိုးများ ရုပ်ပိုင်းဆိုင်ရာနှင့် အသိပညာပိုင်းဆိုင်ရာတွင် တိုးတက်ရမည်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ကိုယ်စားလှယ်လောင်းများအတွက် သတ်မှတ်ထားသည့် သိန်း ၂၀ကို သက်ဆိုင်ရာမြို့နယ်ပါတီကော်မတီကသွင်းနိုင်ရမည်။ ပညာအရည်အချင်းတွင် အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး ပြည်သူလူထုလက်ခံနိုင်သူဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ - ပါတီအတွင်း အလှူငွေများကောက်ခံသည်။ ယခင်အ မတ်လောင်းအဟောင်းများနှင့် လက်ရှိအမတ်များထံမှ ရန်ပုံငွေများရှာဖွေသည်။ ယခုအချိန်ထိ ရန်ပုံငွေမရှာနိုင်သေးသောကြောင့် စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်နေသည်။ မဲဆွယ်ကာလတွင် ရန်ပုံငွေအတွက် အကူအညီပေးမည့်သူများ မရှိသေးပေ။
၈။ ပါတီနောက်ခံသမိုင်းကြောင်း - ၂၀၁၀ ပြည့်နှစ်တွင် ပါတီထောင်ပြီး ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ ၁၂ နေရာအနိုင်ရခဲ့သည်။ ချင်းတိုးတက်ရေးပါတီသည် ချင်းပါတီများထဲတွင် အင်အားအကြီးဆုံးဖြစ်လာခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
ချင်းတိုးတက်ရေးပါတီအနေနဲ့ လွှတ်တော်ထဲရောက်ရင် အဓိက အားဖြင့် ပြည်နယ်ကဏ္ဍလုပ်ပိုင်ခွင့်တွေကို မြှင့်တင်သွားမယ်။ နောက် ပြီး ပါတီခွဲဝေတဲ့အခါ ဗဟိုစုစည်းမှုအားနည်းတဲ့ ပြည်နယ်လုပ်ပိုင်ခွင့်တွေကို ဆောင်ရွက်သွားမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ဇယား (၅) ကို ပြင်ဆင်ဖို့ အရင်ဆုံးလုပ်ဆောင်သွားမယ်။ ပုဒ်မ ၅၉၊ ပုဒ်မ ၄၃၆ တို့က အန်ကယ်တို့ပါတီရဲ့ ဦးစားပေးကဏ္ဍထဲမှာ မပါသေးဘူး။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်လဲ။
အန်ကယ်တို့ ယုံကြည်ထားတာကတော့ အခုလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တောက်လျှောက်ပါဝင်ပြီး ဆွေးနွေးနေပါတယ်။ လော လောဆယ်မှာတော့ ချင်းပြည်နယ်ရဲ့ ပါတီအကြီးဆုံးအနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ အမြင်တွေ၊ ပါဝင်အကြံပြုချက်တွေက တော်တော်လေး အကျိုးရှိအရာရောက်တယ်လို့ သုံးသပ်မိပါတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ/ထွက်ငွေမျှတအောင် ကူညီပေးဖို့ စဉ်းစားထားလား။
အန်ကယ်တို့က ချင်းတိုင်းရင်းသားတွေကို အာရုံစိုက်ထားတဲ့အခါ ကျတော့ အထူးသဖြင့် အိမ်ထောင်တိုင်း၊ ရွာတိုင်းမှာရှိတဲ့ ချင်းတိုင်းရင်း သားတွေရဲ့ တစ်ဦးချင်းဝင်ငွေတိုးတက်ဖို့က လက်ရှိထက် သုံးလေးငါး ဆလောက်တိုးတက်ဖို့ စီစဉ်နေပါတယ်။ အခုအခက်အခဲကြုံနေတာက လမ်းတံတားမကောင်းဘူး။ ချင်းပြည်နယ်မှာ အသေးစားစက်မှုလက်မှု လုပ်ငန်းတွေလုပ်လိုက်မယ်ဆိုရင် ပြည်ပရောက် ချင်းတိုင်းရင်းသားတွေ အားလုံးပြည်တွင်းကို ပြန်လာပြီး အလုပ်အကိုင်တွေ ကိုယ်စီရမယ်။ ပြည် တွင်းလည်း တိုးတက်မယ်။ နိုင်ငံတော်တစ်ခုအနေနဲ့ ချင်းပြည်နယ်မှာ သဘာဝကို အခြေခံတဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်းကို တွင်တွင်ကျယ် ကျယ်လုပ်ဖို့ ကြိုးစားမယ်။ ဒါမှ ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှတမှာပါ။
ပြည်သူတွေက အန်ကယ်တို့ပါတီကို ဘာကြောင့်မဲပေးသင့်လဲ။
အန်ကယ်တို့ပါတီကို မဲပေးသင့်တာက နံပါတ်တစ်အနေနဲ့ ချင်းတိုင်းရင်းသားတွေအတွက် အန်ကယ်တို့ပါတီလောက် ထဲထဲဝင်ဝင်သိတဲ့ ပါတီမရှိဘူး။ လေးနှစ်သက်တမ်းကုန်လွန်ပြီး သွားတဲ့ကာလမှာလည်း ဒေသခံ ပြည်သူတွေအတွက် လိုအပ်ချက်အများကြီးဆောင်ရွက်ပေးခဲ့ပါတယ်။ ဥပမာ ဖလမ်းမြို့မှာ လေယာဉ်ကွင်းဆောက်လုပ်ပေးတယ်။ အောင်မြင် သွားပြီ။ စစ်ကိုင်းတိုင်းမှာလည်း လမ်းမကြီးဖောက်လုပ်ပေးနေတယ်။ နောက်ပြီး ဖလမ်းမြို့မှာလည်း တက္ကသိုလ်ကြီးတစ်ခုဆောက်တာပြီး တော့မယ်။ အန်ကယ်တို့ပါတီက လွှတ်တော်ထဲသွားပြီး အလကားထိုင် နေတာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သွားတောင်းဆို နေတာ။ ဒါကြောင့် အန်ကယ်တို့ပါတီကို မဲပေးသင့်တယ်လို့ ထင်ပါ တယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် အထူးသဖြင့် ကျွန်တော်တို့ တိုင်း ရင်းသားတွေအပေါ်မှာ တန်းတူညီမျှဆက်ဆံတဲ့ ပုဂ္ဂိုလ်မျိုးကိုပဲ ရွေးချယ် သွားမှာပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေအပေါ်မှာ စာနာစိတ်မရှိတဲ့ သူ၊ တန်းတူညီမျှမဆက်ဆံတဲ့သူကို မရွေးချယ်နိုင်ပါဘူး။
အသက် - (၆၀) နှစ်။
ပညာအရည်အချင်း - မဟာဝိဇ္ဇာဘွဲ့ရရှိ။
နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ - လက်နက်ကိုင်တော်လှန်ရေးကာ လတွင် ချင်းအမျိုးသားတပ်ဦး၌ ပါဝင်ခဲ့သည်။ ၂၀၁၀ တွင် ပါတီတည်ထောင်ပြီး ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လာခဲ့သည်။
လက်ရှိအလုပ်အကိုင် - စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေး ရာဝန်ကြီး။
စံပြပုဂ္ဂိုလ် - လုပ်ငန်းတစ်ခုတွင် ဘယ်တော့မှ နောက်မဆုတ်တတ်သည့် သူ။ ဘယ်လောက်အခက်အခဲနှင့် ရင်ဆိုင်နေရစေကာမူ ဆက်လက်ပြီး ဇွဲရှိရှိနှင့် သွားတတ်သည့် ပုဂ္ဂိုလ်မျိုးကို စံပြအဖြစ်ထားရှိသည်။
ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ် - အမှတ် ၃၁၊ သီရိမင်္ဂလာ (၁၅) လမ်း၊ အရှေ့ရွာမရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။ ဖုန်း- ၀၉-၈၆၃၆၄၇၀၊ ၀၁-၆၄၇၄၂၀။
http://7daydaily.com/election-2015/party
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။