ဆွေသဟာ၏ တစ်နာရီပြောဆိုခကို သတ်မှတ်ထားသည့်အချိန်အတွင်း ငါးမိနစ်စာသာ ကောက်ခံမည်

ဆွေသဟာသုံးစွဲသူများအတွက် မိနစ်ခြောက်ဆယ်(တစ်နာရီ) ဖုန်းခေါ်ဆိုပါက ငါးမိနစ်ဖိုးသာ ကျသင့်မည့် အစီအစဉ်သစ်ကို မိတ်ဆက်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က သတင်းထုတ်ပြန်လိုက်သည်။

" တစ်နာရီပြည့်အောင် ဖုန်းခေါ်မှ ငါးမိနစ်ဖိုးပဲ ကျမှာဖြစ်ပါတယ် ၊တစ်ကယ်လို့ မိနစ်သုံးဆယ်ပဲ ခေါ်မယ် ၊ဆယ်မိနစ်ပဲ ခေါ်မယ်ဆိုရင်လည်း ငါးမိနစ်စာပဲ ကောက်ခံသွားမှာပါ ၊ဖုန်းပြောတာ တစ်နာရီ ကျော်သွားရင် တော့ တစ်မိနစ်ကို ၂၃ ကျပ်နဲ့ ပုံမှန်အတိုင်းဆက်ကောက်သွားမှာ ဖြစ်ပါတယ် " ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း စီးပွားရေးဌာနမှ ဒါရိုက်တာ ဦးသိန်းဟုတ် ကပြောသည်။

အဆိုပါ ဝန်ဆောင်မူအား ဆွေသဟာ အသုံးပြုသည့် MPT ၏ GSM နှင့် WCDMA ဖုန်းများသာ အသုံးပြုနိုင်မည် ဖြစ်ပြီး သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

" MPT သုံးစွဲသူတွေကို သူတို့ရဲ့ ချစ်ခင်သူတွေ ၊မိသားစုဝင်တွေနဲ့ စကားများများ ပြောဆိုနိုင်အောင် လုပ်ပေးရင်း လိုအပ်ချက်တွေ ဖြစ်ဆည်းပေးလိုက်ပါတယ် ၊ဒီအထူးအစီအစဉ်ဟာ တစ်နာရီစာ ပြောမှ ၁၁၅ ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ် " ဟု MPT နှင့် ပူးပေါင်းထားသည့် ဂျပန်လုပ်ငန်းစုမှ CEO ဖြစ်သူ မစ္စတာ တာဂါရှိ နာဂရှိမ ကပြောသည်။

အဆိုပါ အခမဲ့ ဖုန်းခေါ်ဆိုမူကို ညနေ ၆ နာရီ မှ ည ၁၀ နာရီအတွင်း၌ အသုံးပြုနိုင်မည်မဟုတ်ဘဲ ကျန်အချိန်များတွင် သာခေါ်ဆိုနိုင်မည်ဖြစ်ပြီး MPT ဖုန်းအချင်းချင်းသာ ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

____ 7Day News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။