ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်

၁။ ဥက္ကဋ္ဌ- ဦးခွန်ထွန်းဦး
၂။ ပါတီဝင်အရေအတွက် - လေးသောင်းကျော်။
၃။ မဲဆန္ဒနယ်- ခန့်မှန်းခြေ ငါးဆယ်ကျော် (ယခုဆောင်ရွက်ဆဲ)။
၎။ ပါတီမူဝါဒ- ဒီမိုကရေစီနိုင်ငံရေးစနစ် ကျင့်သုံးသော ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး။
၅။ ကိုယ်စားလှယ်လောင်းရွေးချယ်မှု သတ်မှတ်ချက် - လူထုဆန္ဒအခြေပြုပြီး လူထုကြိုက်သည့်သူကို ပထမဦးစားပေးပါမည်။ ဒေသခံကို ဦးစားပေးမည်ဖြစ်ကာ ပါတီဦးဆောင်မှုကို နာခံသူဖြစ်ဖို့လိုသည်။
၆။ ပါတီရန်ပုံငွေ− ကိုယ်ထူကိုယ်ထဖြစ်ပြီး အခြားအလှူရှင်များထံမှလည်း ရရှိပါသည်။ ပါတီမူဝါဒကို အားပေးသူများ၊ ထောက်ခံသူများ အများအပြားရှိပါသည်။ သီး ခြားတစ်ဦးချင်းစီတွင်လည်း အားပေးထောက်ခံမှုများရှိပါသည်။
၇။ ပါတီနောက်ခံသမိုင်း- ၁၉၈၈ တွင် စတင်ဖွဲ့စည်းသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပြီးလျှင် ဒုတိယအများဆုံး ရွေးချယ်ခံခဲ့ရသည်။ ၁၉၉၃ အမျိုးသား ညီလာခံသို့တက်ရောက်ခဲ့ပြီး ၂၀၀၄တွင် ကျင်းပသော ညောင်နှစ်ပင် အမျိုးသားညီလာခံသို့ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့သောကြောင့် ၂၀၀၅ တွင် ပါတီခေါင်းဆောင် များအား အခြားအကြောင်းပြချက်များဖြင့် ဖမ်းဆီးတရားစွဲလျက်နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအတည်ပြု ဆန္ဒခံယူမှုတွင် ဆန့်ကျင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့ပြီး ရွေးကောက်ပွဲမ၀င်ခဲ့ပေ။ ထို့ကြောင့် ပါတီမှတ်ပုံတင် ပယ်ဖျက်ခံရသည်။ ပါတီလှုပ်ရှားမှုတော့ ရပ်တန့်မသွားပါ။ ၂၀၁၂ တွင် ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာသောကြောင့် ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အခွင့်အလမ်း မရှိသလောက်ပါပဲ။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်လဲ။
လွှတ်တော်ထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး UPWC မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားလှယ်တွေပဲ ပါဝင်ပါတယ်။ အခုချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ ထိထိရောက်ရောက် ပြောဆိုဆွေးနွေးတာ မရှိသလောက်ပါပဲ။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားတာ ရှိလား။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှတအောင်လုပ်ရမယ့် တာဝန်ကို အင်မတန်အရေးကြီးတဲ့ တာဝန်တစ်ရပ်လို့မြင်ပါတယ်။
ပြည်သူတွေက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ဘာ ကြောင့် မဲပေးသင့်လဲ။
ကျွန်တော်တို့က ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်။ ဒါကြောင့် အားပေးသင့်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းရွေးခွင့်ရရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် လူပုဂ္ဂိုလ်မျိုးကို ရွေးချင် ပါတယ်။ တိုင်းပြည်စီးပွားရေးကို ပြန်လည်ထူထောင်မယ့် လူမျိုးကို ရွေးချင်ပါတယ်။
ဥက္ကဋ္ဌအသက်- (၇၂) နှစ်
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၈၈ မှစတင်၍ နိုင်ငံရေးပါတီထူထောင်ခဲ့သည်။ ယခုတိုင် ပါတီဥက္ကဋ္ဌအနေဖြင့် ဆက်လက်တာဝန်ယူနေဆဲဖြစ်သည်။
လက်ရှိအလုပ်အကိုင်- နိုင်ငံရေးသမား။
စံပြပုဂ္ဂိုလ်- သီပေါစော်ဘွား။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- စော်ဘွားလမ်းနှင့် ပြည်လမ်းထောင့်၊ ၉ မိုင် ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်။ ၀၉ -၅၁၀၆၈၂၀။
http://7daydaily.com/election-2015/party
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။