ကမ္ဘာ့မူဆလင် လူဦးရေ နှစ်ဆတက်

၁၉၉၀ ခုနှစ် ကမ္ဘာပေါ်ရှိ မူဆလင် လူဦးရေမှာ ၁.၁ ဘီလီယံ (သန်းတစ်ထေင့်တစ်ရာ)ခန့် ရှိရာက၊ ယခု နှစ်နှစ်ဆယ်အကြာတွင် နှစ်ဆခန့် တိုးပွားလာပြီး ကမ္ဘာ့ လူဦးရေအားလုံးရဲ့ လေးပုံတစ်ပုံကျော် ဖြစ်လာကြောင်း
Pew Porum on Religion & Public Life ပရော့ဂျက်ရဲ့ လေ့လာမှုစစ်တမ်းက ဆိုသည်။ ၁၉၉၀ ခုနှစ်တွင် မူဆလင် ဦးရေမှာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိခဲ့သည်။
ယခု ပါကစ္စတန်နိုင်ငံမှာ မူဆလင် ၂၅၆ သန်းကျော် ရှိလာပြီး၊ ကမ္ဘာ့မူဆလင်အများဆုံး အင်ဒိုနီရှားကို ကျော်လွန်သွားသည်။ အမေရိကန်ပြည်ထောင်စုတွင် မူဆလင်အရေအတွက် နှစ်ဆတက်လာပြီး ၆.၂ သန်းအထိ ရှိလာသည်။
အာဖဂန်နစ္စတန် လူဦးရေမှာလည်း တိုက်ပွဲများအကြား ပစ်ရင်းခတ်ရင်းနှင့်ပင် နှစ်ဆနီးပါးတက်ပြီး ၅၀.၅ သန်း ခန့် ဖြစ်လာသည်။ ကမ္ဘာ့မူဆလင် လူဦးရေတွင် နံပါတ် ၉ ချိတ်သော နိုင်ငံဖြစ်သည်။
အစ္စရေးနိုင်ငံတွင် လူဦးရေ လေးပုံတစ်ပုံမှာ မူဆလင်များ ဖြစ်လာသည်။ ပါလက်စတိုင်း နယ်မြေများမှာ မတည် ငြိမ်မှုများနှင့်ပင် ကမ္ဘာ့ မူဆလင် မွေးဖွားမှုနှုန်း အများဆုံး ဖြစ်နေသည်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ခရစ်ယာန်နဲ့ မူဆလင် ပဋိပက္ခ များကြောင့် ထောင်ချီသေဆုံးခဲ့တဲ့ နိုက်ဂျီရီးယား နိုင်ငံသည် ၂၀၃၀ တွင် တိုင်းပြည်အတွင်း မူဆလင်လူဦးရေက အများစု လွှမ်းမိုးသွားမည်ဟု လေ့လာမှုက ဆိုသည်။
အနောက်ဥရောပနှစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်နှင့် ဘယ်လ်ဂျီယံ တွင် မူဆလင် ဦးရေမှာ ၁၀ ရာခိုင်နှုန်းစီ ရှိလာသည်။ ဆွီဒင်နိုင်ငံတွင် မူဆလင် ၉.၉ ရာခိုင်နှုန်းရှိသည်။
ဝမ်းသာစရာသတင်းမှာ အီရန်နိုင်ငံရဲ့ လူဦးရေတိုးပွားမှုနှုန်း နှေးကွေးမှု ဖြစ်သည်။ အီရန်အမျိုးသမီးများမှာ မူဆလင် နိုင်ငံများထဲတွင် ကလေးမွေးဖွားမှုနှုန်း အနည်းဆုံး ဖြစ်သည်။ အီရန်အမျိုးသမီးများက သားဆက်ခြား အသိပညာ ရှိထားပြီး၊ အလွန်အကျွံ ကလေးမွေးမှုကို ထိန်းချုပ်ထားနိုင်စွမ်းရှိသည်။
ကမ္ဘာ့လူဦးရေအချိုးစားတွင် ယခုလို မူဆလင် အရေအတွက် တိုးများလာခြင်း အကြောင်းအရင်းမှာ မူဆလင် မိသားစု များတွင် ကလေးမွေးဖွားမှုနှုန်း မြင့်မားခြင်း၊ မိန်းကလေးများ အရွယ်မတိုင်မီ အိမ်ထောင်ကျခြင်း၊ အသက်ပိုရှည်လာခြင်း တို့ကြောင့် ဖြစ်ကြောင်း လေ့လာမှု အစီရင်ခံစာက ဖော်ပြသည်။
ပါကစ္စတန်မှာ အစွန်းရောက် ဂျီဟဒ်အုပ်စု ၁၀၀ ကျော် ရှိနေပြီး တိုင်းပြည်မတည်မငြိမ်မှုများ ဖြစ်နေချိန် နှစ်နှစ်ဆယ်အတွင်း လူဦးရေ သန်း ၇၀ တိုးပွားလာခြင်းက စိုးရိမ်စရာကောင်းကြောင်း ဖော်ပြထားသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကဲ့သို့ လူဦးရေထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် ပါကစ္စတန်တွင် မရှိဟု ဆိုသည်။
အစ္စလာမ် လူဦးရေ အလျင်အမြန် တိုးပွားလာနေသော်လည်း နောက် နှစ် ၂၀ အထိ ခရစ်ယာန်ဘာသာဝင် လူဦးရေက ကမ္ဘာတွင်အများဆုံး ဆက်ဖြစ်နေဦးမည်ဟု ဆိုသည်။ လက်ရှိ ခရစ်ယာန်ဘာသာဝင်ဦးရေမှာ ၂ ဘီလီယံ ကျော် ရှိပြီး၊ ကမ္ဘာ့လူဦးရေရဲ့ ၃၀နှင့် ၃၅ ရာခိုင်နှုန်း ဖြစ်သည်။
............
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။