ဒေါက်တာအေးကျော် (ရခိုင်)

ဒေါက်တာအေးကျော်သည် ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည်။ ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcNPUzlg79JYU7pm7NmFf-F41KF24OERcV23hSh_gmGklEsUKsxjdnugF_UubZkyJDGTQq88T_ODyDfX8CW32oCnLQk6fk45dILPsqJNZmgFRMHvBWdqfRSpTdtl5zxD8YORIuhJq7O34/s320/ottama-ann1.jpg

ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ

  1. B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
  2. B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
  3. M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
  4. B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
  5. PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

လုပ်ကိုင်ခဲ့သော တာဝန်များ

  1. ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်(၁၉၆၂-၁၉၈၀) ။
  2. တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။
  3. ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
  4. ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
  5. တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
  6. တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
  7. လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။

ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ

  1. ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
  2. မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
  3. ၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
  4. ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
  5. On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
  6. The Voice of young. Cornell University, March 1990
  7. Code and Custom in Burma and Thailand. Scotland. 1993



ကိုးကား

  1.  ဒေါက်တာအေးကျော်နှင့် ဧရာဝတီ သတင်း အင်တာဗျူး
.............
Sources: wikimyanmar
    Share on Google Plus

    About Kyauk Phru Net

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment

    မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။