တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက်ရပ် တည်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတို့ကြောင့် ပြည်သူ့ တော်လှန်ရေးပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ

ဒီဇင်ဘာလ (၁၇) ရက်နေ့က တူနီရှားနိုင်ငံ ဆစ်ဒီဘိုဇဒ်မြို့က မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ ဆီဒီ ဘောက်ဇစ်ခရိုင်ကောင်စီရုံးရှေ့မှာ မိမိကိုယ်ကို မီးရှို့သတ်သေရာမှစပြီး တူနီးရှားနိုင်ငံတင်သာမက အာရပ်နိုင်ငံများ ဖြစ်ကြတဲ့ အီဂျစ်နိုင်ငံအထိပါ လူထုတော်လှန်မှုကြီးတွေ ကူစက်ပြန့်ပွားပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီး စိုးနေခဲ့ကြတဲ့ အာဏာရှင်တွေ ထွက်ပြေးကြရတဲ့အဖြစ်တွေ ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ပေါ်ပေါက်လာပါတော့ တယ်။
အသက် (၂၆) နှစ်အရွယ် မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ အထက်တန်းကျောင်းပညာရေးသင် ကြားနေရာကနေ ရပ်လိုက်ပြီး စားဝတ်နေရးအဆင်မပြေဖြစ်နေတဲ့ သူ့ရဲ့မိသားစုဝင် (၈) ဦးအား စောင့်ရှောက်ကျွေးမွေး နိုင်ရန်အတွက် သစ်သီဝလံတွေ လှည့်လည်ရောင်းချခြင်းဖြင့် ဘ၀ကို ရုန်းကန်လှုပ်ရှားကာ မိသားစုကို ထောက်ပံ့နေသူ ဖြစ်ပါတယ်။ သူရဲ့ဦးလေးဖြစ်သူဟာ လယ်ယာမြေ အသေးလေးတစ်ကွက်ကို ၀ယ်ယူခဲ့ပြီး သစ်သီးဝလံများ စိုက်ပျိုးကာ မိုဟာမက်က အဆိုပါ စိုက်ပျိုးရရှိလာတဲ့ သစ်သီးဝလံများကို လမ်းတွေမှာ လှည့်လည်ရောင်းချပေးနေတာ ဖြစ်ပါတယ်။

အာဏာရှင်ကြီးစိုးနေတဲ့ တူနီးရှားနိုင်ငံမှာ ပြည်သူတွေဘ၀ဟာ အသက်ရှင်ရပ်တည်နိုင်ရေး စားဝတ်နေရေးအခက်အခဲ တွေ အဆင်ပြေသက်သာစေဖို့အတွက် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေကြရသလို မိုဟာမက်တို့လို လမ်းမများပေါ်မှာ လှည့်လည်ဈေးရောင်းချကြသူများကိုလည်း မကြာခဏဆိုသလို ဖမ်းဆီးကာ မတရားအနိုင်ကျင့်ကြလေ့ ရှိပါတယ်။
မိသားစုကြီးတစုလုံးအတွက် စားဝတ်နေရေးအဆင်ပြေစေဖို့ ရိုးသားစွာ ကြိုးစားဆောင်ရွက်နေတဲ့ မိုဟာမက်အနေနဲ့  ဒီ လို သစ်သီးဝလံလှည့်လည်ရောင်းချရတဲ့ အလုပ်မှအပ အခြားရွေးချယ်စရာလမ်းမရှိတဲ့ သူ့ဘ၀မှာ ဒီအလုပ်လေးကိုသာ မှီခိုအားထားနေရတာ ဖြစ်ပါတယ်။
အဲ့ဒီနေ့မနက်မှာတော့ မိုဟာမက်တစ်ယောက် ခါတိုင်းလိုပဲ သစ်သီးဝလံတွေရောင်းချဖို့အတွက် တွန်းလှည်းလေးတွန်း ကာ လမ်းမပေါ်ထွက်ကာ လှည့်လည်ရောင်းချနေစဉ်မှာ တူနီးရှားနိုင်ငံ အာဏာရှင်လက်အောက်မှာ ဗိုလ်ကျစိုးမိုးနေတဲ့ ရဲတပ်ဖွဲ့ထဲက ရဲမေဖြစ်သူ ဖာဒါဟမ်ဒီ က သူ့ကို ဖမ်းဆီးပါတော့တယ်။ သူရဲ့ သစ်သီဝလံတွေတင်ထားတဲ့ တွန်းလှည်း လေးကို သိမ်းပိုက်လိုက်ရုံမက မိုဟာမက်မျက်နှာကို ရဲက ထပ်ကာတလဲလဲ ပါးရိုက်ပါတော့တယ်။
ဒီလို မတရားအနိုင်ကျင့်ခံလိုက်ရတဲ့ မိုဟာမက်ဟာ မဟုတ်မခံစိတ်နဲ့  မခံမရပ်နိုင်ဖြစ်ပြီး ခရိုင်ကောင်စီရုံးကို ချက်ချင်း သွားရောက်ကာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း တူနီးရှားနိုင်ငံ အာဏာရှင် ကြီးစိုးနေပြီး ဥပဒေထင်ရာစိုင်း လာဘ်ပေးလာဘတ်ယူ ချစားမှုတွေ များပြားနေတဲ့အတွက် ခရိုင်ကောင်စီရုံးက မိုဟာမက် လို သာမန်ဆင်းရဲနွမ်းပါးလှသူတဦးရဲ့ တိုင်ကြားမှုကို မည်သူတဦးကမှ အရေးတယူ နားထောင်ဆောင်ရွက် အရေးယူ ပေးတာ မရှိပါဘူး။ ဒီထက်ပိုဆိုးတာကတော့ ရဲက မတရားပါးရိုက်အနိုင်ကျင့်ခံခဲ့ရသူ မိုဟာမက်ဟာ ခရိုင်ကောင်စီရုံးတွင်း ကနေ အတင်းမောင်းထုတ်ခြင်းကို ထပ်မံခံရပါတော့တယ်။
ဒီလို မတရားအနိုင်ကျင့်မှုတွေကို ထပ်မံကြုံတွေ့ရတဲ့အခါမှာတော့ မိုဟာမက်ရဲ့ မခံမရပ်စိတ်ဟာ အမြင့်မားဆုံးရောက်ရှိ ပြီး သူ့မှာပါရှိလာတဲ့ ရေနံဆီပါ ဆေးချွတ်ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ပြီး အဲ့ဒီ ခရိုင်ကောင်စီရုံးရှေ့မှာပဲ ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြပါတော့တယ်။ ခန္ဓာကိုယ်မီးလောင်နေတဲ့ မိုဟာမက်ကို ဆေးရုံကိုခေါ်ဆောင်သွားပြီး မိုဟာမက်ဟာ မီးလောင် ဒဏ်ရာနဲ့ ဆေးရုံပေါ်မှာ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကွယ်လွန်သွားပါတော့တယ်။

မိုဟာမက်ရဲ့ မတရားမှုကို ခေါင်းငုံ့မခံ တွန်းလှန်ဆန္ဒပြမှုအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိကြသူများ အထူးသဖြင့် လူငယ် များကနေ ဓါတ်ပုံမှတ်တမ်း ဗွီဒီယိုမှာတမ်းတွေကို ဖုန်းတွေ ကင်မရာတွေနဲ့ ရိုက်ကူးပြီး တူနီးရှားတနိုင်ငံလုံးသာမက အ ခြားသော အာရပ်နိုင်ငံများအပါအ၀င် ကမ္ဘာတ၀ှမ်းလုံး သိရှိမြင်တွေ့ကြစေဖို့ အင်တာနက်စာမျက်နှာများပေါ်ကနေတဆင့် ဖြန့်ခဲ့ကြပါတယ်။
အသက်ဆုံးရှုံးကွယ်လွန်သွားတဲ့ မိုဟာမက်ရဲ့ တကယ်တော်ဆန္ဒပြမှုကို လေးစားဂုဏ်ပြုကြတဲ့အနေနဲ့ မိုဟာမက်အတွက် အောက်မေ့လွမ်းဆွတ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရင်းနဲ့ အဲ့ဒီနေ့ညကစလို့ ပြည်သူလူထုတော်လှန်အုံကြွမှုကြီးကို စတင်ပါတော့တယ်။
မိုဟာမက်ရဲ့ ဒီလို ရဲရင့်ပြောင်မြောက်တဲ့ တကိုယ်တော်ဆန္ဒပြမှုနဲ့ အာဏာရှင်တွေ မတရားကြီးစိုးအုပ်ချူပ်မှုရဲ့အောက်မှာ ပြည်သူပြည်သားတွေ ခံစားနေကြရတဲ့ ခါးသီးလှတဲ့ဘ၀တွေကြောင့် တူနီးရှားနိုင်ငံ ပြည်သူများဟာ အုံကြွပေါက်ကွဲကြပြီး တနိုင်ငံလုံး လူထုဆန္ဒပြမှုများ အရှိန်အဟုန်အပြည့်နဲ့ ပေါ်ပေါက်လာပါတော့တယ်။

တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ လူထုဆန္ဒပြပွဲတွေကို လက်နက်အားကိုးနဲ့ နှိမ်နင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိုဟာမက်ရဲ့ မီးရှိုးဆန္ဒပြမှုဖြစ်ပွားပြီးနောက် ရက်သတ္တပါတ် လေးပါတ်အကြာမှာတော့ တူနီးရှားနိုင်ငံကို နှစ်ပေါင်း ၂၃ နှစ် ကျော်ကြာ ဖိနှိပ်အုပ်ချူပ်နေတဲ့ အာဏာရှင်ကြီးဖြစ်သူ တူနီးရှားနိုင်ငံ သမတ ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ထွက်ပြေး သွားရပါတော့တယ်။
တူနီးရှားနိုင်ငံက မိုဟာမက်ရဲ့ ရဲဝံ့တဲ့ ဆန္ဒပြမှု၊ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ပြောင်မြောက်သော လူထုတော် လှန်ရေးဆင်နွဲမှုတို့ကို စံနမူနာပြုကြတဲ့ အာဏာရှင်ဆန့်ကျင်တော်လှန်မှုတွေဟာ အီဂျစ်၊ အယ်လ်ဂျီးယား၊ ဂျော်ဒန်၊ ယီမင်နဲ့ အခြားအာရပ်နိုင်ငံတွေမှာပါ ပြန့်နှံ့သွားပါတော့တယ်။
တူနီးရှားနိုင်ငံရဲ့ ပြည်သူလူထုဆန္ဒပြမှုကြီးမှာ လူထုလူတန်းစားပေါင်းစုံ ပါဝင်ရုံသာမက ပြည်သူတွေရဲ့ သစ္စာကို စောင့် သိထိန်းသိမ်းပြီး ပြည်သူတွေလိုလားတဲ့ဆန္ဒကို အပြည့်အ၀လိုလားတဲ့ ပြည့်သူ့ အကျိုးကို ရှေ့ထားတဲ့ တူနီးရှားနိုင်ငံရဲ့ စစ်တပ်တပ်မတော်ကြီးက တူနီးရှားပြည်သူတွေရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြသပါဝင်လိုက်တာမို့  တူနီးရှားနိုင်ငံ အာဏာရှင်သမတ တိုင်းပြည်ကနေ ခွေးပြေးဝက်ပြေး ပြေးထွက်သွားရပြီး ကမ္ဘာတ၀ှမ်းလုံးက ချီးကျူးထောပနာပြုခြင်း လေးစားခြင်းကို ခံလိုက်ရတဲ့ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။
နှစ်ပေါင်းကြာအောင် အာဏာရှင်ကြီး ကြီးစိုးထားတဲ့ တူနီးရှားနိုင်ငံမှာ အာဏာရှင်စနစ် လျင်မြန်စွာ ချက်ချင်းပြုတ်ကျ သွားရခြင်းရဲ့ အဓိကအချက်တွေကို ကြည့်ရင်တော့ …
(၁) သာမန်ပြည်သူတယောက်ဖြစ်သူ မိုဟာမက်ရဲ့ မတရားမှုကို မဟုတ်မခံ ခေါင်းငုံ့မခံဘဲ ရသည့်နည်းလမ်းဖြင့် ဆန့် ကျင်တော်လှန်ဆန္ဒပြခြင်း၊
(၂) မိုဟာမက်တို့လို တဦးတယောက်အနေနှင့်ပင်ဖြစ်စေ ရဲရဲဝံ့ဝံ့ မတရားမှုကို တော်လှန်ခြင်းအား အပြည့်အ၀အားပေး ထောက်ခံပြရုံသာမက၊ အာဏာရှင်တွေရဲ့ ထင်ရာစိုင်း ရိုင်းပြစော်ကားမှုတွေကို ပြည်သူပြည်သားတဦးအနေနဲ့ မိမိတို့မှာ လည်း ဆန့်ကျင်တော်လှန်ရမယ့် တာဝန်ဝတ္တရားရှိတယ်လို့ခံယူပြီး ပြည်သူပြည်သားတဦးချင်းစီက အသီးသီး စုပေါင်း လက်တွဲကြပြီး လူထုတော်လှန်ရေးကို ပြောင်မြောက်စွာ ဆင်နွဲကြခြင်း၊
(၃) ပြည်သူအပေါ်သစ္စာတရားစောင့်သိပြီး ပြည်သူအကျိုးကို ရှေ့တန်းထားတဲ့ ပြည်သူတပ်မတော်အဖြစ် ခံယူပြီး အာ ဏာရှင်အား ပြည်သူတွေနဲ့အတူ လက်တွဲကာ ပြည်သူလူထုတော်လှန်မှုကြီးတွင် ပြည်သူရှေ့မှ မားမားမတ်မတ်ရပ်တည် ပေးခဲ့ကြသော သမိုင်းဂုဏ်ရောင်ထွန်းပြောင်စေသည့် တူနီရှားနိုင်ငံ စစ်တပ်တပ်မတော်ကြီးရဲ့ လေးစားထိုက်ဖွယ် လုပ် ရပ်များကြောင့် – တူနီးရှားနိုင်ငံတနိုင်ငံလုံး အာဏာရှင်လက်အောက်က လွတ်မြောက်ကြရခြင်း ဖြစ်ပါတယ်။
ပြည်သူသစ္စာစောင့်ထိန်းပြီး ပြည်သူတွေ အကျိုးရှေ့ရှုကာ ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်တည်ခဲ့ကြတဲ့ တူနီးရှား နိုင်ငံ ပြည်သူတပ်မတော်ပီသခဲ့တဲ့ စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ရစ်ချတ် အမ်မာ (Gen. Rachid Ammar) ကနေ ဆန္ဒပြပြည် သူတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းကတော့ -
“Our revolution is your revolution,” “The army will protect the revolution.” ပါတဲ့။
“ပြည်သူလူထုရဲ့ အာဏာရှင်တော်လှန်ရေးဟာ ငါတို့တပ်မတော်ရဲ့တော်လှန်ရေးပဲ ဖြစ်တယ်၊ ငါတို့တပ်မတော်ဟာ အာ ဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေး ကြမယ်” ဖြစ်ပါကြောင်း။
နစ်နေမန်း
http://www.niknayman-niknayman.co.cc/ … မှ ကူးယူတင်ဆက်သည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။