ရက္ခပူရအား အနိုင်ရကာ ထိပ်ဆုံး နေရာ ပြန်လည် ရယူလိုက်သည့် ဇေယျာရွှေမြေ

ယနေ့ ညနေပိုင်းက သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် ဇေယျာရွှေမြေ အသင်းက ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။


ယခုပွဲတွင် အဖွင့်ပွဲ၌ ရတနာပုံ အသင်းအား သရေ ကစားခဲ့သည့် ရက္ခပူရ အသင်း အနေဖြင့် နိုင်ငံခြားသား ၄ဦးစလုံးဖြင့် ပွဲထွက် လာခဲ့သည်။ ဇေယျာရွှေမြေ အသင်းမှာလည်း ၎င်းတို့ အသင်း၏ အဓိက ကစားသမား များဖြင့်သာ ပွဲထွက်ခဲ့ကာ တိုက်စစ်တွင် လူငယ် ကစားသမား စိုးမြတ်သူအား ကစားစေခဲ့သည်။

၁မိနစ်ကျော် ထောင့်ကန်ဘောမှ တဆင့် ရက္ခပူရ ဧရိယာ အတွင်း ရှုပ်ယှက်ခတ် နေရာမှ ရွှေလှိုင်ဝင်း၊ ဂျီလစ် ဧရိယာ အတွင်း ကန်ခွင့် ရလုနီးနီး ဖြစ်ခဲ့သော်လည်း နောက်တန်း ရှင်းထုတ် နိုင်ခဲ့သည်။ ၉မိနစ်တွင် ဘယ်ထောင့်ကန်ဘောမှ တဆင့် စိုးမြတ်သူ ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးသမား အောင်နိုင်စိုး ကာကွယ်နိုင်ခဲ့သည်။ ပထမပိုင်း ၁၀မိနစ် အတွင်းတွင် ဇေယျာရွှေမြေ အသင်းကသာ တစ်ဖက်သတ် ဖိကစား နေခဲ့ပြီး ရက္ခပူရ အသင်း အနေဖြင့် စတန်လေ တစ်ဦးတည်း အထောင်ထားကာ ခံစစ်ကိုသာ ဦးစားပေး ကစားနေခဲ့ ရသည်။

၂၄မိနစ်တွင် ဗစ်တာ ဧရိယာ အစပ်မှ အပြင်း ကန်သွင်းချက် ဂိုးဘား ကျော်သွားခဲ့သည်။ ၃၁မိနစ်တွင် ဒီယေဂို ကန်တင် ပေးသည့် ထောင့်ကန်ဘောအား ဂိုးသမား အောင်နိုင်စိုး ပုတ်ထုတ်ရာမှ ခေါင်းတိုက်ရန် ကြိုးပမ်းခဲ့ရာ ဂျီလစ်နှင့် ရက္ခပူရမှ အောင်ဇော်မျိုးတို့ ခေါင်းချင်း တိုက်မိခဲ့ ကြသည်။

ပွဲချိန် ကြာလာသည်နှင့် အမျှ ဇေယျာရွှေမြေ အသင်းကသာ ဆက်လက် ဖိကစားခဲ့ကာ ရက္ခပူရ အသင်းမှာ တန်ပြန် ထိုးစစ်ဖြင့် ကစား နေခဲ့သည်။ ၃၇မိနစ်တွင် စတန်လေ ဧရိယာ ပြင်ပမှ အမှတ်မထင် အပြင်းကန်ချက် ဂိုးသမား ညီညီလွင် အသည်းအသန် ပုတ်ထုတ် ခဲ့ရသည်။ ထို့အတူ တစ်မိနစ် အတွင်းပင် စတန်လေ တန်ပြန် ထိုးစစ်မှ တဆင့် နေ၀င်း ချပေးရာ အောင်ဇော်မျိုး ဧရိယာ ပြင်ပမှ ကန်ခဲ့သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ ၃၈မိနစ်တွင် မင်းသူ ကွင်းလယ်မှ အပြင်း ကန်သွင်းချက် အောင်နိုင်စိုး အသည်းအသန် ပုတ်ထုတ် ခဲ့ရသည်။ ၄၁မိနစ်တွင် ရက္ခပူရ အသင်း အနေဖြင့် ဦးဆောင်ဂိုး ရရှိမည့် အခွင့်အရေး အဖြစ် ဂိုးသမား လက်မှ လွတ်ကျသည့် ဘောလုံးအား ဂိုးသမား မရှိတော့သည့် ဂိုးပေါက်ထဲ ညာခြမ်းမှ ကန်သွင်းရာ ဂိုးဘေး ထွက်ခဲ့သည်။

၄၂မိနစ်တွင် ဇေယျာ နောက်ခံလူ မင်းသူ လှမ်းတင်ပေးသည့် ဘောလုံးအား စိုးမြတ်သူ အကောင်းဆုံး ဆွဲထွက်ရာ မာတင် အဖျက်ကြမ်း ခဲ့သည်။ သို့သော် တစ်ဝါ ထိပြီးသား မာတင်အား ဒိုင်လူကြီး ဦးဝင်းထွဋ်က အ၀ါပြခြင်း မရှိခဲ့၍ ရက္ခပူရ အသင်း သက်သာရာ ရခဲ့သည်။ ၄၄မိနစ်တွင် ဇေယျာရွှေမြေ ညာထောင့်ကန်ဘောအား ဂိုးသမား အောင်နိုင်စိုး မသေမသပ် ဖမ်းရာမှ လွတ်ကျသည့် ဘောလုံးအား ဧရိယာ အတွင်း အသင့် ရှိနေသည့် ဇော်လင်းထွန်းက အပိုင် ကန်သွင်းပြီး အဖွင့်ဂိုး စတင် ရရှိခဲ့သည်။ ပထမပိုင်း ပြီးခါနီးတွင် ရက္ခပူရ အသင်းက ချေပဂိုး ရရှိရေး ကြိုးပမ်း ခဲ့ကြသော်လည်း ဂိုးမရခဲ့ဘဲ ဇေယျာရွှေမြေ အသင်းက ၁-၀ဖြင့် အသာရ နေခဲ့သည်။

ဒုတိယပိုင်း ပြစ၍ ၅၂မိနစ်တွင် ကွင်းလယ်မှ ထိုးပေးလိုက်သည့် ဘောလုံးအား ဒရာဂန် ဧရိယာ အတွင်း ဆွဲဝင်ပြေးရာ နောက်ခံလူ တစ်ဦး တားခဲ့၍ ဇေယျာရွှေမြေ အသင်း ပင်နယ်တီ ကန်ခွင့် ရခဲ့သည်။ ယင်း ပင်နယ်တီအား ဗစ်တာက အမှားအယွင်း မရှိ ကန်သွင်းခဲ့ပြီး ၂-၀ဖြင့် ဦးဆောင် နိုင်ခဲ့သည်။

၆၃မိနစ်တွင် ရက္ခပူရ အသင်း ဘယ်ထောင့်ကန်ဘောအား ရဲကိုကိုလွင် ကန်တင် ပေးရာမှ နောက်ခံလူ မာတင်က ဧရိယာ အတွင်း နောက်ပြန် ကန်ချက်ဖြင့် လှလှပပ ချေပဂိုး သွင်းယူ ပေးခဲ့ရာ ၂-၁ ဖြစ်နေခဲ့သည်။ ၆၆မိနစ်တွင် ကွင်းလယ်မှ ချပေးသည့် ဘောလုံးအား ဇေယျာရွှေမြေ အသင်း၏ လူစားဝင် တိုက်စစ်မှူး ကျော်ကိုကို ဂိုးသမားအား အသာ ကျော်ကန်ချက် ဘားထိ ထွက်ခဲ့၍ နစ်နာ ခဲ့ရသည်။

ချေပဂိုး ရရှိခဲ့သည့် ရက္ခပူရ အသင်သည် ကစားအား တောက်လျှောက် တင်ကစားခဲ့ပြီး ၆၈မိနစ်တွင် စတန်လေ ဧရိယာ အတွင်း ခေါင်းတိုက်ချက် ဘေးထွက်ခဲ့သည်။ သို့သော် ၆၉မိနစ်တွင် ဇေယျာရွှေမြေ အသင်းက တတိယ ဂိုးအား ရရှိခဲ့ကာ ကျော်ကိုကို တင်ပေးရာမှ ဗစ်တာက အနီးကပ် ခေါင်းတိုက် သွင်းခဲ့ခြင်း ဖြစ်သည်။

၈၁မိနစ်တွင် ဘယ်ခြမ်းမှ ချပေးသည့် ဘောလုံးအား စတန်လေ ဧရိယာ အတွင်းမှ အပြင်းကန်ချက် ဂိုးသမား ညီညီလွင် ပုတ်ထုတ် နိုင်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ယင်း ထောင့်ကန်ဘောအား ရက္ခပူရ တိုက်စစ်မှူးများ ခေါင်းတိုက် သွင်းရန် ကြိုးပမ်း ခဲ့သော်လည်း နောက်ခံလူနှင့် ဂိုးသမားတို့ အကောင်းဆုံး ကာကွယ် နိုင်ခဲ့သည်။

ထို့နောက်တွင် ရက္ခပူရ အသင်းက ချေပဂိုးများ ရရှိရေး ဖိကစားခဲ့ပြီး ဇေယျာရွှေမြေ အသင်းမှာ အနည်းငယ် ကစားအား ချကာ တန်ပြန် ထိုးစစ်ဖြင့်ပင် ကစားနေခဲ့သည်။ ၈၈မိနစ်တွင် စတန်လေ၏ ဖရီးကစ် ကန်ချက် အတော်လေး ကောင်းမွန် သော်လည်း ညီညီလွင်က အကောင်းဆုံး ကာကွယ် နိုင်ခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် ဇေယျာရွှေမြေ အသင်းက ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိ ခဲ့ကာ အမှတ်ပေး ဇယား ထိပ်ဆုံးတွင် ပြန်လည် ရပ်တည်ခွင့် ရရှိခဲ့သည်။

ရက္ခပူရ အသင်း ပွဲထွက် လူစာရင်း

------------------------------ အောင်နိုင်စိုး ---------------------------------

မင်းနောင်ဦး ----------- ဘန်ဆန် --------- မာတင် ----------- သက်နိုင်စိုး

ထွန်းထွန်းဦး --------------- အစ်တိုဒန် -------------------- ရဲကိုကိုလွင်

-------------နေ၀င်း ---------------------- အောင်ဇော်မျိုး ----------------

---------------------------- စတန်လေ ----------------------------------

ဇေယျာရွှေမြေ အသင်း ပွဲထွက် လူစာရင်း

--------------------------------- ညီညီလွင် --------------------------------------

မင်းသူ --------------- ဂျီလစ် --------------- ဇော်လင်းထွန်း ------ ရွှေလှိုင်ဝင်း

ဇော်လင်းထက် -------- ဇော်ထက်အောင် ----- ဒီယေဂို -------------- ဒရာဂန်

------------------------ စိုးမြတ်သူ -------- ဗစ်တာ ------------------------------

........
Sources: soccermyanmar
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။