ကျောက်ဖြူမြို့

ကျောက်ဖြူမြို့

ကျောက်ဖြူ
တည်နေရာ မြန်မာနိုင်ငံ အနောက်ပိုင်း
နိုင်ငံ မြန်မာ
တိုင်းနှင့် ပြည်နယ် ရခိုင်ပြည်နယ်
ဧရိယာ ၆၅၈ စတုရန်းမိုင် (မြို့နယ်)
လူဦးရေ ၁၉,၄၅၆ ဦး (၁၉၈၃-ခုနှစ်)
ကိုးကွယ်မှု ဗုဒ္ဓဘာသာ
ကျော်ကြားမှု ရခိုင်ပြည်နယ်၏ အဓိကမြို့
Tele:Code ၉၅-၄၃-၄၆-xxx
ကွန်ယက် [1]


မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသော ရခိုင်ပြည်နယ်၏ အဓိက မြို့တစ်မြို့ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဖက် ကမ်းခြေအနီး ပင်လယ်ပြင်တွင် တည်ရှိသော ရမ်းဗြဲကျွန်းဦးတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ အနောက်မြောက်ဖက် မိုင် ၂၅၀ (ကီလိုမီတာ ၄၀၀) အကွာတွင် တည်ရှိသည်။ အိန္ဒိယနိုင်ငံ ကာလကတ္တားနှင့် ရန်ကုန်မြို့တို့အကြား ဆန်စပါးကုန်သွယ်ရာ သဘာဝအလျောက် တည်ရှိသော ပင်လယ်ဆိပ်ကမ်း တည်ရှိသည်။ ခရစ်သက္ကရာဇ် ၁၉၈၃ ခုနှစ် စစ်တမ်းအရ ခန့်မှန်း လူဦးရေ ၁၉,၄၅၆ ဦး ရှိသည်။


သမိုင်းအကျဉ်း

ကျောက်ဖြူမြို့ကို ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီးနောက် ခရစ်နှစ် ၁၈၃၇ တွင် အင်္ဂလိပ်တို့ တည်ထောင်ခဲ့သည်။ လက်ရှိ ကျောက်ဖြူမြို့မှ ၇ မိုင်ခန့် ကွာဝေးသော အုန်းတောရွာ အနီးတွင် ကျောက်ဖြူရွာဟောင်း တည်ရှိခဲ့ပြီး၊ ကြီးမားသော အဖြူရောင် ကျောက်တုံးကြီး နှစ်တုံးကို (ပေ ၇၀-ခန့် မြင့်သည်။) အစွဲပြု၍ ကျောက်ဖြူဟု အမည်တွင်ခြင်း ဖြစ်သည်။ ထို ၁၈၅၂ တွင် ခရိုင်မြို့အဆင့် တိုးမြှင့်ခံရပြီး၊ ၁၉၇၄ ခုနှစ် အထိ ခရိုင်မြို့ဖြစ်ခဲ့သည်။ ၁၉၇၄ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အရ ခရိုင်မြို့များ အားလုံးကို ဖျက်သိမ်းလိုက်သောအခါ ကျောက်ဖြူသည် ၁၉၇၄ မှ ၁၉၈၈ အထိ ရခိုင်ပြည်နယ်၏ မြို့နယ် တစ်ခု အဖြစ် တည်ရှိခဲ့သည်။ ၁၉၈၈တွင် ကျောက်ဖြူ မြို့နယ်စု ဖြစ်လာပြီး၊ နောင်တွင်
ကျောက်ဖြူခရိုင် ပြန်ဖြစ်လာသည်။

မြို့ပေါ်ရပ်ကွက်များ

  1. အရှေ့ပိုင်းရပ်ကွက်
  2. အနောက်ပိုင်းရပ်ကွက်
  3. အလယ်ပိုင်းရပ်ကွက်
  4. မြစ်နားတန်းရပ်ကွက်
  5. စေတီတောင်ရပ်ကွက်
  6. အရာရှိရပ်ကွက်
  7. အစိုးရရပ်ကွက်
  8. သန်ပန်ချောင်းရပ်ကွက်
  9. ရခိုင်ပိုက်ဆိပ်ရပ်ကွက်
  10. ကုလားပိုက်ဆိပ်ရပ်ကွက်

ပညာရေး

၁၉၅၃ ခုနှစ်တွင် ဆရာဖြစ်သင်ကောလိပ်ကို ကျောက်ဖြူမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ကျောက်ဖြူဥပစာကောလိပ် ကို ၁၉၅၄ တွင် ဖွင့်လှစ်သည်။ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်သည် ကျောက်ဖြူဥပစာကောလိပ်ဖြင့် သန္ဓေတည်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တွေတက္ကသိုလ် သမိုင်းမှတ်တမ်းများက ပြဆိုသည်။ ဆရာဖြစ်သင်ကောလိပ်သည် ယခုအခါ ကျောက်ဖြူ ပညာရေးကောလိပ် အဖြစ်တည်ရှိပြီး၊ ပညာရေးဆိုင်ရာ ဘာသာရပ်များကို ပို့ချလျက် ရှိသည်။

ကျောက်ဖြူကမ်းခြေ ဗိုလ်ကြီးဂျိုင်

ထင်ရှားသည့်နေရာများ

ကျောက်ဖြူမြို့မှ ၁၆ မိုင်ကွာဝေးသည့် မင်းပြင် အရပ်တွင် မိုးလေ၀သ တိုင်းထွာရေး ရေဒါစခန်း တစ်ခုကို ဆောက်လုပ်ထားသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ရေဒါ စခန်းဖြစ်သည်။ ဇင်ချောင်းကမ်းခြေသည် လှပသော ပင်လယ် ကမ်းခြေဖြစ်သည်။ ကျောက်ဖြူမြို့အနီးရှိ ပွိုင့်ကမ်းခြေသည် ထင်ရှားသည်။

စေတီပုထိုးများ

ဝေသာလီခေတ် လက်ရာများဖြစ်သည့် ကံ့ကော်တောဘုရား ရုပ်ပွားတော်နှစ်ဆူမှာ ကျောက်ဖြူမြို့၏ ထင်ရှားသော တန်ခိုးကြီးဘုရားဖြစ်သည်။ ကျောက်တစ်လုံးဘုရားမှာ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းဗာကြီးက စတင် တည်ထားခဲ့ခြင်းဖြစ်ပြီး ကြီးမားသော ကျောက်ဆောင်တစ်ခုလုံးကို လှိုဏ်ပတ်လမ်းများဖြင့် ဂူများထွင်းကာ ဘုရားရုပ်ပွားတော်များကို တည်ထားကိုးကွယ်ထားသည်။ စုစုပေါင်း ဂူပေါက် ၅၅ ပေါက်ရှိသည်။ စေတီတောင် ရွှေသာလျောင်းဘုရား၊ စေတီယျတောင်ဘုရားနှင့် သာသနာ ၂၅၀၀ စေတီတို့မှာ ထင်ရှားသည်။

ကျောက်တစ်လုံး ဘုရား

ကျောက်ဖြူမြို့မှ ထင်ရှားသော ပုဂ္ဂိုလ်များ

  1. ဦးမြတ်ထွန်းအောင် (မြန်မာ တိုင်းရင်းသားထဲမှ ပထမဆုံး အရေးပိုင်)
  2. ဦးဘစော (၀န်ကြီးဟောင်းနှင့် အငြိမ်းစား သံအမတ်ကြီး)
  3. ဦးလုံး (လူမှုထူးချွန်ဆုရ ရခိုင်စာပေ၊ ယဉ်ကျေးမှု ပညာရှင်)
  4. ဦးသာထွန်း (အငြိမ်းစား သံအမတ်ကြီး)
  5. ဦးလှထွန်းဖြူ (ရှေးဟောင်းသုတေသန ပါမောက္ခ)
  6. ဖိုးကျော့ (အမျိုးသားစာပေဆုရ စာရေးဆရာ)
  7. စောနု (နိုင်ငံကျော် ဂီတ အနုပညာရှင်)
  8. ဦးတင့်ဇော် (RFA သတင်းထောက်)
  9. စိမ်းလဲ့လဲ့ (နိုင်ငံကျော် အဆိုတော်)
  10. မဲဇာ (ရုပ်ရှင် သရုပ်ဆောင်)



ကျောက်ဖြူ လေဆိပ်




ကျောက်ဖြူ -ရန်ကုန် ကားလမ်းမကြီး

..................
Ref: wikimyanmar
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။