ရခိုင်ပြည်ဆန်ပြဿနာနှင့် အာဏာရှင်ဗိုလ်နေဝင်းတို့ရဲ့ လူမဆန်စွာသတ်ဖြတ်မှု

ဗိုလ်နေဝင်းနှင့် ဆန်ပြဿနာ


ကာတွန်း - မင်းထက်နိုင်

စစ်အာဏာရှင်ဗိုလ်နေဝင်းအစိုးရလက်ထက် မဆလတစ်ပါတီအာဏာရှင်စနစ်ဖြင့် တိုင်းပြည်အား ဓားမိုးအုပ်ချုပ်နေချိန်( ၁၉၆၇) ခုနှစ်တွင် မြန်မာနိုင်ငံ့ ဆန်ပြ၏နာ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။

မဆလပါတီသည် အခြေခံလူတန်းစား}ကီးနှစ်ရပ်ဟု ေ-ကြးေ-က်ာထားသော လယ်သမားနှင့် အလုပ်သမား
များအတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့်အလုပ်သမားနှီးနှောဖလှယ်ပွဲများအား နှစ်စုပြုလုပ်ကျင်းပ
ပေးလျက်ရှိသည်။ ၁၉၆၇ ခုနှစ် မတ်လ (၂) ရက်နေ‹တွင် မဆလပါတီက “ဗဟိုတောင်သူလယ် သမားကောင်စီ”ကိုဖွဲ‹စည်းခဲ့သည်။ ထိုကောင်စီ စတင်ဖွဲ‹စည်းခြင်းသည်ပင် ဆန်ရှားပါးမှုပြဿနာဖြစ်ပေါ်စေသောအကြောင်းအရင်း တစ်ခုဖြစ်ပေသည်။

၁၉၆၆ ခုနှစ် စိုက်ပျိုးရာသီတုန်းက ရာသီဥတုဖောက်ပြန်ခဲ့သောကြောင့် ဗမာပြည်တွင် စပါးစိုက်ပျိုးဧက
(၁၁) သိန်းကျော်ပျက်စီးခဲ့ရပြီး စပါးတင်း သိန်းပေါင်း (၅၀ဝ) ကျော်ပျက်စီးခဲ့ရသည်၊ သို‹သော် ဗိုလ်နေဝင်းအစိုးရသည်။ပြည်တွင်းစားသုံးမ+ကို အလေးမထားဘဲ ဆန်ပြတ်လတ်မှုဖြစ်မည်ကို သိသိကြီးနှင့် နိုင်ငံခြားငွေရရှိရေးအတွက်ဆန်တန်ချိန် (၁.၁) သန်းကျော်တင်ပို့ရောင်းချခဲ့သည်။

ထို့ပြင် အစိုးရက ဆန်ကို လွတ်လပ်စွာရောင်းဝယ်ခွင့်မပေးဘဲတင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားသည့်အတွက် ဆန်ရှားပါးမှုပြဿနာ ပိုမိုကြီးထွားလာခဲ့သည်။ အစိုးရသည်ပြည်သူလူထုလိုလားချက်ကို အလေးမထားဘဲ နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချနေမှု၊ စီးပွားရေးလုပ်ငန်းများအား လက်ဝါးကြီးအုပ်ထားမှု၊ ချုပ်ချယ်ကန်‹သတ်သောပေါ်လစီများချမှတ်ကာ စီးပွားရေးမှန်သမျှအား
ပိတ်ပင်ကန့်သတ်မှုများကြောင့် ဆန်ပြတ်လတ်မှုပြဿနာဖြစ်ရခြင်းအကြောင်းအရင်းများဖြစ်ပေသည်။

(၁၉၆၇) ခုစပါးသစ်ထွက်ရှိ ပြီး လပိုင်းခန့်သာရှိသေးသည့်အချိန်တွင် ဆန်ပြတ်လတ်မှု စတင်ဖြစ်ပွားခဲ့ ပြီး ဆန်ဈေးများလည်းတဟုန်ထိုး မြင့်တက်လာခဲ့သည်။ (၁၉၆၂) ခုနှစ် စစ်အစိုးရအာဏာသိမ်းစဉ်က ဆန်တစ်ပြည် ပြား (၆၀) သာရှိခဲ့ရာ(၁၉၆၇) ခုနှစ် ဆန်ပြ၏ နာကြုံတွေ့ရစဉ်တွင် ဆန်တစ်ပြည် (၇) ကျပ်မှ (၈) ကျပ်အထိဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ဗမာပြည်တစ်ပြည်လုံး ဆန်ပြတ် လတ်မှုပြဿနာဖြစ်ပွားရာ အဆိုးဝါးဆုံး ခံစားခဲ့ရသူများမှာ ရခိုင်ပြည်သူများဖြစ်သည်။

>>> သြဂတ်စ် (၁၃)ရက် မမေ့အပ် သို့မဟုတ် ရခိုင်ပြည်ဆန်ပြဿနာနှင့် အာဏာရှင်ဗိုလ်နေဝင်းတို့ရဲ့ လူမဆန်စွာသတ်ဖြတ်မှု မှတ်တမ်း Download >>>
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။