၁၉၈၂ ဥပဒေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ၀န်ကြီးပြောကြား

Byအောင်ခိုင်မောင်ကံ Issue No.No.1107 Thursday, June 2, 2016

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးဗဟိုကော်မတီဝင်များနှင့် စစ်တွေမြို့ ရပ်မိရပ်ဖများ ဇွန်လ ၁ ရက်တွင် တွေ့ဆုံနေကြစဥင်္ (ဓာတ်ပုံ - မောင်ကံ)

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် နိုင်ငံသားစိစစ်ရေးလုပ် ငန်းများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောကြားခဲ့သည်။


ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက် ရေးဗဟိုကော်မတီမှ ပြည်ထောင် စုဝန်ကြီးများနှင့် စစ်တွေမြို့ရပ်မိရပ်ဖ၊ ဒေသခံများ ဇွန်လ ၁ရက်က စစ်တွေမြို့၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် အလုပ်သမား၊ လူ ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဦးသိန်းဆွေက အစိုး ရသစ်ရက်တစ်ရာစီမံကိန်းအ တွင်း ရခိုင်ပြည်နယ်အပါအ၀င်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၉၈၂ဥပဒေအရ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘နိုင်ငံအတွက် အရေးကြီးတဲ့ လုပ်ငန်းများဖြစ်တဲ့အတွက် ပြည် သူများက တစ်ဖက်ကလည်းတည် ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းပေး ရင်း တစ်ဖက်ကလည်းလုပ်ငန်း များအောင်မြင်အောင် ၀ိုင်းဝန်း စောင့်ရှောက်ပေးပါ။ အားနည်း  ချက်၊ ချို့ယွင်းချက်များရှိရင် လည်း အချိန်မရွေးအသိပေး၊ အ ကြံပေးနိုင်ပါတယ်၊ ပြောကြားနိုင် ပါတယ်’’ဟု ဦးသိန်းဆွေကပြော သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပု ဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဥက္က ဋ္ဌအဖြစ်တာဝန်ယူသည့် အဆိုပါ ဗဟိုကော်မတီကို မေလ ၃၁ရက် က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဗဟို ကော်မတီဖွဲ့စည်းပြီးတစ်ရက်အ ကြာ (ဇွန် ၁ရက်)၌ ယင်းဗဟို ကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးခြောက်ဦး ရခိုင်ပြည်နယ် သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတက်ရောက်ခဲ့ သည့် စစ်တွေဒေသခံဦးသန်းထွန်း က ‘‘သိပ်ပြီးထူးခြားမှုတော့မရှိပါ ဘူး။ ၀န်ကြီးတွေက ဘာတွေလုပ် ပေးမယ်ပေါ့။ ယုံကြည်မှုပေးဖို့ ရှင်းပြတာ’’ဟုဆိုသည်။

ရခိုင်ခရီးစဉ်တွင် နယ်စပ် ရေးရာဝန်ကြီးအပါအ၀င် ပြည် ထောင်စုဝန်ကြီးခြောက်ဦးလိုက် ပါသွားခဲ့ပြီး ဇွန်လ ၂ရက်တွင် ကျောက်ဖြူနှင့် သံတွဲမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

http://www.7daydaily.com/story/66507
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။