(၆) ကြိမ်မြောက် ခမီအမျိုးသားနေ့သို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ပေးပို့အပ်သော သဝဏ်လွှာ

United League of Arakan (ULA)
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

(၆) ကြိမ်မြောက် ခမီအမျိုးသားနေ့သို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ပေးပို့အပ်သော သဝဏ်လွှာ

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၇) ရက်

ခမီလူမျိုးများသည် ရခိုင်လူမျိးများအပါအဝင် အခြားသောမျိုးနွယ်စုများဖြင့် ရက္ခိုင်နိုင်ငံကို ထူထောင်ခဲ့ကြစဉ်ကတည်းက အတူတကွနေ ထိုင်လာခဲ့ကြသူများဖြစ်သည်။ ခမီလူမျိုးများ၏ သမိုင်းနှင့် ရခိုင်လူမျိုးများ၏ သမိုင်းသည် ခွဲခြား၍ မရသော သမိုင်းသက်သေအမှန်တရား တစ်ခုဖြစ်သည်။ရက္ခိုင့်ဘုရင့် အချုပ်အခြာ အာဏာကျဆုံးခဲ့သည့်နောက်ပိုင်း တွင် ရခိုင်မျိုးနွယ်စုများအားလုံးသည် စစ်ရှုံးသူတို့၏ ဘဝအနေအထားသို့ရောက်ရှိခဲ့ရသည်။ နှစ်ပေါင်းထောင်ချီ ငြိမ်းချမ်းစွာ အတူတကွ ချစ်ချစ်ခင်ခင်ယှဉ်တွဲနေထိုင်ခဲ့ကြသည့် မိမိတို့လူမျိုးနှစ်မျိုးသည် အဖက်ဖက်တွင် ချွတ်ခြုံဆုတ်ယုတ်ခဲ့ရပြီး လူလုံးမလှသည့်ဘဝသို့ ရောက်ရှိခဲ့ရသည်ရက္ခိုင်မျိုးနွယ်စုများအားလုံးသည် ရန်သူနယ်ချဲ့တို့၏သွေးခွဲသပ်လျှိုဖြိုခွဲမှုကြောင့် ဖိနှိပ်အုပ်ချုပ်ခံရသူဘဝဖြင့်မိမိတို့အချင်းချင်း အကြားတွင် နားလည်မှုလွဲမှားစွာ နေထိုင်ခဲ့ကြရ သည်။ ထို့ကြောင့်ရန်သူ၏အသုံးချခံမဖြစ်စေရေး ကို အထူးသတိထားကြရမည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)သည် ရက္ခိုင်ပြည်သူလူထုများ၊ ရက္ခိုင်မျိုးနွယ်စု၏ အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်သော အဖွဲ့ဖြစ်ပြီး ကာကွယ်စောင့်ရှောက်သော အဖွဲ့အစည်းလည်းဖြစ်ပါသည်။ ထို့အပြင်မိမိတို့ မျိုးနွယ်စုများအားလုံး၏ ရသင့်ရထိုက်သော အခွင့်အရေးများ၊ စာပေ၊ယဉ်ကျေးမှုအစရှိသော အမျိုးသားရေး အမွေအနှစ်များ၊ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးအစရှိသည့် ကဏ္ဍများ ပြန်လည်ဖွံ့ဖြိုးရန်အတွက် ဦးတည်ချက်၊ ရည်မှန်းချက်များချမှတ်ကာ ရုန်းကန်တိုက်ပွဲဝင်လျှက် ကြိုးပမ်းဆောင်ရွက်နေပါသည်။ ထို့ကြောင့် ဤကဲ့သို့ ဆောင်ရွက်ရာ၌ ရက္ခိုင်မျိုးနွယ်စုများ အားလုံးတွင်လည်း ရက္ခိုင်လူမျိုးတစ်ဦးနည်းတူ ထပ်တူထပ်မျှတာဝန်ရှိပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ဖိတ်ခေါ်အပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို စတင်ဖွဲ့စည်းစကတည်းကပင် ခမီလူမျိုးများသည် နိုင်ရာတာဝန်များကို ဝင်ရောက်ထမ်းဆောင်နေကြသူများရှိပါသည်။ ထို့အပြင် ULA ၏ စစ်ရေးတောင်ပံတစ်ခုဖြစ်သော ရက္ခိုင့်တပ်မတော် (Arakan Army) တွင် စစ်မှုတာဝန်များကို ရက္ခိုင်မျိုးနွယ်စုပီသစွာဖြင့် တာဝန်ထမ်းနေကြသူများလည်းရှိပါသည်။ ဆက်လက်၍လည်း အမျိုးသားရေးအသိတရားများဖြင့် ပူးပေါင်းဆောင်ရွက် တာဝန်ထမ်းဆောင်ကြမည့်သူများကို ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ကြိုဆိုလျှက်ရှိပါသည်။

ရက္ခိုင်ဒေသ၏ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် စသောကာလသုံးရပ်တွင်ဖြစ်ပေါ်နေသည့်၊ ဖြစ်ပေါ်လာမည့် အခက်အခဲ၊ အတားအဆီး၊ ဘေးအန္တရာယ်အပေါင်းတို့အား ရက္ခိုင်ဒေသအတွင်း နေထိုင်ကြသည့် ရက္ခိုင်မျိုးနွယ်စုများအားလုံး လက်တွဲဖြေရှင်းကာ အနာဂတ်ရက္ခိုင့်လူဘောင်တစ်ခုကို အတူတကွဖန်တီးကြရန် နွေးထွေးစွာ လက်ကမ်းကြိုဆိုဖိတ်ခေါ်ရင်း (၆) ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဤသဝဏ်လွှာကို ပေးပို့လိုက်ပါသည်။

ထွန်းမြတ်နိုင်(ဥက္ကဋ္ဌ)
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။