စစ်ပွဲရပ်စဲရေး မေလ ၁ ရက်နေ့ စစ်တွေတွင် ဆန္ဒဖော်ထုတ်မည်

နိရဉ္စရာ၊ ဧပြီ ၂၆

လာမည့် မေလ ၁ ရက်နေ့၌ လက်ရှိ ရခိုင်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်ဆိုင်းရန် စစ်တွေ ဒေသခံများက ဆန္ဒဖော်ထုတ်ပွဲ တစ်ခု ပြုလုပ်မည်ဟု သိရသည်။

“ ဒီနေ့ မြို့နယ် ရဲမှူးဆီကို ခွင့်ပြုချက်တင်ပါတယ်။ ခွင့်ပြုချက်ကျရင် မေလ ၁ ရက်နေ့မှာ စစ်တွေမှာ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်အလင်းတံခါး ဥက္ကဋ္ဌ ဒေါ်ကျော့မေက နိရဉ္စရာသို့ ပြောသည်။

လွန်ခဲ့သော သောကြာနေ့ (၂၂-၄-၂-၁၆) နေ့က စစ်ကဲတော်မင်း ကျောင်းတွင် ပြုလုပ်ခဲ့သော လူပေါင်း ၅၀၀ ခန့်တက်ရောက်ခဲ့သော လူထု အစည်းအဝေးမှ စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် ဆန္ဒဖော်ထုတ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယနေ့တွင် ခွင့်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သူမက ပြောဆိုသည်။

___NarinjaraNews
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။