၂၁ ရာစု ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာမပျက်စေဖို့

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်
ဧပြီလ ၂၈ ရက် ၂၀၁၆

ဘာသာရပ်တွေအလိုက် ခွဲခြားမယ်ဆိုရင် နိုင်ငံရေးနဲ့ စီးပွားရေးဘာသာ ရပ်တွေဟာ အရွှေ့အပြောင်းလုပ်တဲ့နေရာမှာ အတိမ်းအစောင်း မခံဆုံးဘာသာရပ်တွေဖြစ်ပါတယ်။ သဘောကတော့ အမှားအယွင်းမခံတဲ့ ဘာသာရပ်တွေလို့ ဆိုနိုင်ပါတယ်။ တဘက်ကလည်း အောင်မြင်တဲ့ နိုင်ငံရေး ၊ စီးပွားရေး အရွှေ့တွေဖြစ်ဖို့ လက်တွေ့ကျတဲ့ ပြင်ဆင်မှုနဲ့ ဆောင်ရွက် ချက်တွေ ရှိဖို့ လိုပါတယ်။

အကောင်ထည်မဖော်ခင် ဘာဖြစ်ချင်သလဲ ဆိုတာ အရင်သိဖို့လိုအပ်သလို မဟာဗျူဟာကျကျဆောင်ရွက်နိုင်မှု ၊ ဦးဆောင်သူရဲ့ အရည်အချင်းစတဲ့ အချက်တွေ လည်း လိုအပ်ပါတယ်။ အခုက အရွှေ့တစ်ခုကို စသွားနေပြီဖြစ် တဲ့အတွက် ဒါတွေပြောနေရခြင်းလည်း ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံရဲ့ အနေထားအရကတော့ Idealism ( စိတ်ကူးယဉ် နဲ့ အတွေးအမြင်ပဓာန ၀ါဒ ) သမားတွေထက် ဗိုလ်ချုပ်အောင်ဆန်းလို Pragmatism လက်တွေ့ဆန် တဲ့သဘောတရားရေးရာ ကျင့်သုံးသူတွေလိုအပ်လှပါတယ်။

အကောင် ထည် ဖော်ရမဲ့သူတွေ ဦးဆောင်ရမဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နိုင်ငံ့ရေးရာ ဘယ်ကိစ္စမှာ မဆိုအသွင်သဏ္ဍာန်ကော အနှစ်သာရအရပါ လက်တွေ့ ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရဲ့ ခေတ်ပြိုင်တွေထဲမှာ နိုင်ငံရေး သဘောတရားရေးရာအရ ဗိုလ်ချုပ်ထက် သာလွန်နှံ့စပ်သူတွေ ရှိပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ သူတို့ကို ဖြတ်ကျော်ဦးဆောင်နိုင်ခဲ့တာ သူ့ရဲ့ လက်တွေ့ ဆန်တဲ့ သဘောတရားရေးရာ ကျင့်သုံးမှုတွေကြောင့်ပဲဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို လပိုင်းအတွင်း အထူးသဖြင့် တလ နှစ်လအတွင်း ကျင်းပမယ့် အချိန်မဆွဲဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်က ပြောတာ သတိထားမိပါတယ်။ မူအရဆိုရင် ဒီကိစ္စဟာ ကြိုဆို စရာပါ။ ဒေါ်အောင်ဆန်းစုကြည်လိုလူထုထောက်ခံမှုနဲ့ နိုင်ငံတကာ ထောက်ခံမှု ရထားသူတယောက်က ခုလို ပြောတာဟာ တကယ် လည်း ကြိုဆိုအပ်ပါ တယ်။ ဒါပေမဲ့ နိုင်ငံရေးပြသနာဖြေရှင်းရေးဆိုတဲ့ ကိစ္စဟာ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ နှစ်မျိုးလုံး အဆင်ပြေမှ အောင်မြင်တဲ့ ကိစ္စဖြစ်တဲ့အတွက် လပိုင်းအတွင်း ပင်လုံညီလာခံဆိုတဲ့ ကိစ္စကိုတော့ အောင်မြင်ပါ့ မလားဆိုတာ အနည်းငယ် စိုးရိမ်မိပါတယ်။

အနည်းငယ်စိုးရိမ်ဆိုတာ ဒီလို ညီလာခံမျိုးကို ကန့်ကွက်တဲ့ သဘောတော့ မဟုတ်ပါဘူး။ လပိုင်းအတွင်း လုပ်ဖို့ ဆိုတာက လက်တွေ့ ကျသလား မကျဘူးလားဆိုတာ သံသယ၀င်မိလို့ပါ။ သမိုင်းကြောင်းအရကော ၊ လက်တွေ့မျှော်မှန်းဆောင်ရွက်နိုင်စွမ်း ၊ ပြင်ဆင်နိုင်မှု ၊ အလားအလာ ၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှု စတဲ့အချက်တွေအပေါ်မူတည်ပြီး အကဲဖြတ် ဆောင်ရွက်ရင် ပိုအဆင်ပြေ မလားလို့လည်း မြင်မိပါတယ်။ ခုလို ပြောနေလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်စဖို့ လိုနေတာကို ကန့်ကွက်တဲ့ သဘောမဟုတ်ပါဘူး။

လောလော ဆယ် အနေထားအရ အမြန်စဖို့ လိုနေတဲ့ အပိုင်းတွေရှိပေမဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ကြမဲ့ အပိုင်းတွေကိုတော့ တလ နှစ်လအတွင်း အပြီးသတ်ဖို့ ဆိုတာ အားလုံးအဆင်သင့်ဖြစ်မဖြစ် ပါဝင်နိုင်မှုရှိမရှိ ဆိုတဲ့ အကြောင်းအခြင်းအရာတွေလည်း ရှိနေတာကြောင့်ဖြစ် ပါတယ်။

တကယ်တော့ သမိုင်းအရ ပြန်ကြည့်မယ်ဆိုရင်တောင် အောင်မြင်ခဲ့တဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့တာ ပင်လုံညီလာခံ ( ဒုတိယ ပင်လုံညီလာခံ ) ဟာ အောင်မြင် တယ်လို့ ဆိုနိုင်ပေမဲ့ အဲဒီခေတ်ကာလ အတိုင်းအတာနဲ့ စဉ်းစားရင်ေ တာင် ပြည့်စုံခဲ့တဲ့ ညီလာခံမဟုတ်ပါဘူး။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးယူနို င်ပေ မဲ့ ပြည့်စုံမှုမရှိတဲ့ ညီလာခံနဲ့ သဘောတူခဲ့တဲ့ စာချုပ်ဖြစ်တာကြောင့် ပင်လုံစာချုပ်မှာ လက်မှတ် ရေး ထိုးခွင့်မရခဲ့တဲ့ ကရင် ၊ မွန်စတဲ့ တိုင်းရင်း သားတွေနဲ့ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြသနာတွေ တက် ပြည်တွင်း စစ်နဲ့ ကြုံခဲ့ရတာတွေက ယူတတ်ရင် သင်ခန်းစာရစရာတွေပါ။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံစာချုပ်ကိစ္စမှာ ဘာတွေ့ရသလဲဆိုရင် ဗိုလ်ချုပ်အနေနဲ့ ဗမာကိုယ်စားလှယ်အဖြစ် ဦးဆောင်ခဲ့ပေမဲ့ သူ့နောက်ပိုင်း တက်လာခဲ့တဲ့ ဦးနုအပါဝင် ဗမာခေါင်းဆောင်အများစုဟာ ပင်လုံကတိက၀တ် ကို လက်တွေ့အကောင်ထည်ဖော်ဖို့ စိတ်မပါတဲ့အပြင် အစက တည်းက ငါတို့သဘောမတူခဲ့ဘူး။ ဆိုတဲ့ ကိစ္စရပ်တွေသာ များနေခဲ့ တာ တွေ့ရပါတယ်။

ဆိုရင်တော့ ဗမာခေါင်းဆောင်တွေကြား ထဲမှာတင် တိုင်းရင်းသားတွေကို တန်းတူ အခွင့် ရေးပေးရမယ်ဆိုတဲ့ ကိစ္စဟာ မကျေလည်ခဲ့တာ ထင်ရှားပါ တယ်။ ဦးနုဟာ ဖဆပလ ကိုယ်စားလှယ်တွေ မအောင်မြင်ပဲအောင် ဖျာလိပ် ခဲ့ရတဲ့ ၁၉၄၆ ခုနစ် ပထမ အကြိမ် ပင်လုံ ညီလာခံမှာ ဦးနုဟာ ဗမာကိုယ် စားလှယ်အဖွဲ့ခေါင်းဆောင် တဖြစ်လဲ အဖြစ်တက်ေ ရာက်ပြီး ဆွေးနွေး ခဲ့သူလည်း ဖြစ်ကာ သူ့ရဲ့ မူတွေက တိုင်းရင်းသားခေါင်းဆောင်တွေကို မစည်းရုံးနိုင်ခဲ့ပဲ မအောင်မြင် လည်း ဖြစ်ခဲ့ရပါတယ်။ ဗီုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုမှာ ဗိုလ်ချုပ်အောင်ဆန်းက ဘာကြောင့် တိုင်းရင်းသားတွေကို စည်းရုံးနိုင် ခဲ့သလဲဆိုရင် တိုင်းရင်းသားအခွင့်ရေးအတွက် ရဲရဲတင်းတင်း အာမခံခဲ့တာေ ကြာင့်ဖြစ် ပါတယ်။ ဒါပေမဲ့ ဖဆပလ ခေါင်းဆောင်တွေအကြားမှာတင် သေ ဘာ ထားကြေလည်မှု မရှိခဲ့တာကြောင့် ဗိုလ်ချုပ်ကျဆုံးသွားတာ နဲ့ ပြသနာေ ပ်ါလာရခြင်းဖြစ်ပါတယ်။ဒါတောင် ဗီုလ်ချုပ်ရဲ့ အောင်မြင်ခဲ့တဲ့ ပင်လုံက အဲဒီခေတ်ကာလနဲ့ဆိုရင်တောင် တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။

လတ်တလော အနေထားအရတော့ လူများစုအသိုင်းဝန်းမှာ ထိပ်သီးတွေဖြစ် တဲ့ အန် အယ်လ်ဒီ အစိုးရနဲ့ တပ်မတော်အကြား တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ကျေလည်မှု တစ်ခုရှိဖို့ လိုအပ်နေပါတယ်။ ဒါမှလည်း လူများစုက လူနည်းစုကို ဘယ်လောက်ပေးမယ်ဆိုတဲ့ သဘောတူ ကျေလည်မှု ရှိမှသာ အဆင်ပြေနိုင်မှာ မို့လို့ပါ။

နိုင်ငံမှာ ဖြစ်နေတဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အခြေနေကို ကြည့်ရင် ဗိုလ်ချုပ်ဦးဆောင်ခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ခေတ်နဲ့တောင် အတော် ကွာခြားသွားတာတွေ့ရပါတယ်။ ဗီုလ်ချုပ်အောင်ဆန်းခေတ်က တိုင်းရင်းသားတပ်တွေဆိုတာ အင်္ဂလိပ် လက်အောက်မှာ ရှိနေပေမဲ့ သူတို့က အခုလို သူပုန် မဟုတ်သေးတဲ့အပြင် ဂန္ဒီစာချုပ်အရ မြန်မာ့တပ်မတော် မှာ ပြည်ထောင်စုတပ် အသွင်ပေါင်းစည်းထားပြီးဖြစ်တဲ့အတွက် အပစ်ခတ် ရပ်စဲရေးတို့ စစ်လက်နက်ဖြုတ်သိမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြု ပြ င်ပြောင်းလဲေ ရးလို ကိစ္စရပ်တွေက ပင်လုံမှာ ဆွေးနွေးတဲ့အချိန်မှာ ဆွေးနွေးစရာ မလိုခဲ့ပါ ဘူး။ အခုက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စုစုပေါင်း အင်အားက တသိန်းခွဲလောက် ရှိနေတဲ့အပြင် အဲဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထဲမှာကိုပဲ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲ ရေး လက်မှတ်ထိုး ထားတဲ့ အဖွဲ့နဲ့ မထိုးသေးတဲ့ အဖွဲ့ဆိုပြီး နှစ်မျိုးရှိနေကာ မထိုးတဲ့ အဖွဲ့တွေက ပိုများနေပါ တယ်။ ဒါ့အပြင် လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တော်တော်များများဟာ အင်အားတောင့်တင်းတဲ့ အဖွဲ့တွေ ဖြစ်ေ နတာကလည်း အပစ်ရပ်ဖို့ ဆိုတဲ့ ကိစ္စဟာ အရင် အရေးကြီးတဲ့ အနေထားမှာ ရှိနေတာပါ။

ကျန်နေတဲ့အဖွဲ့တွေအများစုဟာ လက်မှတ်ထိုးချင်တဲ့အဖွဲ့တွေဖြစ်ပြီး တပ်မတော်က လက် မှတ်ထိုးဖို့ကို လက်မခံတဲ့ အေအေ ရက္ခိုင့်တပ်မတော် ၊ ကိုးကန့် MNDAA တို့လို အဖွဲ့တွေလည်း ရှိနေပါတယ်။ အဲဒီလို အနေထားမှာ အစိုးရဖြစ်နေပြီဖြစ်တဲ့ အန်အယ်လ်ဒီအစိုးရနဲ့ တပ်မတော်တို့အကြား အားလုံးလက်ခံမလား ၊ ဘယ်နှစ်ဖွဲ့လက်ခံမလဲဆိုတာက အရင် အကျေအလည် ဆွေးနွေးဖို့ လိုနေပါတယ်။

လက်ရှိစစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ဒေသတွေကလည်း လက်မှတ်မထိုး ထား တဲ့ အဖွဲ့တွေရဲ့ နယ်မြေတွေမှာပဲ ဖြစ်နေတာ လည်း တွေ့ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အပစ်ခတ်ရပ်စဲရေးမှာ အားလုံး ပါဝင်ရေးဟာ အရေးကြီးတယ်လို့ ဆိုခဲ့ဖူးတာ သတိထားမိပါတယ်။ဒါကလည်း လိုအပ်တဲ့အရာပါ။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပထမ ပြည်ထောင် စု ငြိမ်းချမ်းရေး ညီလာခံဆိုတာကလည်း ကျင်းပခဲ့ပေမဲ့ ပြီးပြည့်စုံ တဲ့ ဆွေးနွေး ပွဲ မဟုတ်တဲ့အပြင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုမူဘောင်အစုအဖွဲ့နဲ့ ပါဝင်မှု အရ ပါ ပြသနာတွေရှိခဲ့တဲ့ အခြေနေပါ။ ( တပ်မတော်သား ကိုယ်စားလှယ် များလွန်းခြင်း ၊ အရပ်ဘက်အဖွဲ့စည်းကဏ္ဍ မပါခြင်း စသဖြင့် )

ပထမအကြိမ်ညီလာခံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အပစ်မရပ်တဲ့အဖွဲ့တွေတက်ရောက်ဆွေးနွေးနိုင်မှု မရှိခဲ့။

သို့သော် ဖက်ဒရာယ်ပြည်ထောင်စုမှာ အခြေခံ ရမဲ့ စနစ် ၊ သယံဇာတခွဲေ ၀ရေး ၊ ပြည်နယ်နဲ့ တိုင်းဒေသကြိးအစိုးရတွေ အခွန်ကောက် ခံနိုင်ခွင့်တိုြး မှင့်ရေး ၊ လက်နက်ကိုင်များပြန်လည်ပေါင်းစည်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ြေ ပာင်းလဲရေး အရပ်သားအဖြစ် အသွင်ကူးပြောင်းရေး ( နိုင်ငံရေးအရ သဘော တူညီပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို လျှော့ချ ဖျက်သိ မ်းပြီး တချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင် ရဲ ၊ နယ်ခြားစောင့် စသဖြင့် အသွင်ပြောင်းရေး ၊ တပ်ဘက်ကတော့ အချိန်ကာလသတ်မှတ်ပြီးနိုင်ငံေ ရးအရ သဘောတူတူ မတူတူ လက်နက်ဖြုတ်သိမ်းကာ တချို့ကို တပ်မတော်အောက်နယ်ခြားစောင့် အဖြစ် ဆိုတဲ့ သဘောထားကို ဆွေးနွေးခဲ့ ) စတဲ့ ကိစ္စရပ်တွေကို တိုင်းရင်း သား အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့အတွက် သဘောတူညီမှု ရပြီး အခြေခံ ဥပဒေပြင်ဆင်ရေးတွေသာ လုပ်နိုင်ခဲ့ရင် တိုင်းရင်းသားတွေနဲ့ ဗဟို ပြည်မကအစိုးရတွေအကြား ယုံကြည်မှုက အများကြီးတက်လာေ စပြီး ပြည်တွင်းစစ်ရပ်စဲရေး အတွက် အထောက်ကူပြုနိုင်တဲ့ ကိစ္စတွေ ပဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ညီလာခံကို ဆက်လုပ်မယ် တိုင်းရင်းသား အရေး ပြည်တွင်း စစ်ရပ်စဲရေးအတွက် ဖက်ဒရာယ် ပြည်ထောင်စု ဆိုင်ရာ အခြေခံ ဥပဒေပေါ်ေ ပါက်လာဖိုလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာကတော့ ကြိုဆိုစ ရာပါ။ ဒါပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေနဲ့ ပြည်တွင်းစစ်ဆိုတဲ့ ကိစ္စတွေ ဟာ ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထား ကာမှ တော်ရာကျမဲ့ အခြေနေပါ။ လတ်တလော အခြေနေအရ ဆွေးနွေးမှုတွေက မြန်မြန်စဖို့တော့ လိုနေပါတယ် ။ ဆိုလို တာ ညီလာခံကဲ့သို့ အပြီးသတ် ဆုံးဖြတ်ရမဲ့ အခြေနေမျိုးမဟုတ်ပဲ အပစ်ရပ်ရေးမှာ အားလုံးပါဝင်ဖို့နဲ့ အမျိုးသားတွေ မျိုးနွယ်စုတူတွေအကြား ဘုံသဘော တူညီချက် တွေအရင်ထွက်လာဖို့ ဆိုတဲ့ ကိစ္စတွေက အရင်စရမဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဥပမာအားဖြင့် ဗမာတွေ အနေနဲ့ ကျန်တဲ့ မျိုးနွယ်စု တိုင်း ရင်းသားအင်အားစုတွေ နဲ့ ပြေလည်ဖို့ဆိုရင် ဗမာထဲမှာမှ အဓိကကျတဲ့အဖွဲ့စည်းတွေဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ တပ်မတော် တို့လို အဖွဲ့တွေ အကြား ပြေလည်မှု ရှိဖို့လိုပါတယ်။

တိုင်းရင်းသားမျိုးနွယ်စုတွေအကြားမှာတော့ သက်ဆိုင်ရာ မျိုးနွယ်စုတွေ အလိုက် တသံတည်း ထွက်နိုင်ဖို့ ဘုံသဘောတူညီချက်တွေရနိုင်ဖို့ အမျိုးသား အဆင့်ဆိုင်ရာ ( ဥပမာအားဖြင့် ကရင်ပြည်နယ်ကဆိုရင် ကရင်လက်နက်ကိုင် အဖွဲ့စည်းတွေ ၊ နိုင်ငံရေးပါတီတွေနဲ့ လူမူ့အဖွဲ့စည်းတွေအကြား ) ဆွေးနွေးမှုေ တွ ကလည်း လိုအပ်ပါတယ်။ အဲဒီက ထွက်လာတဲ့ ရလာဒ်သဘောတူညိမှု ကိုမှ ဗဟိုညီလာခံမှာ ပြန်ဆွေးနွေးတာ အားလုံးရဲ့ သဘောဆန္ဒပါဝ င်နိုင်ပါတယ်။

လတ်တလော အပစ်ရပ်ရေးဖြစ်စဉ်မှာတောင် သေချာစဉ်းစားရင် အန်အယ် လ်ဒီ အစိုးရ နေရမဲ့ နေရာက ကျယ်ပြန့်ပါတယ်။ မြန်မာ့ ငြိမ်း ချမ်းရေးနဲ့ တိုင်းရင်းသားအရေးက နိုင်ငံတကာနိုင်ငံရေးနဲ့လည်း ဆက်စပ်ေ နပါတယ်။

ဂရိတ်ပါဝါ ယှဉ်ပြိုင်မှု ( အမေရိကန် အနောက်အုပ်စု နဲ့ တရုတ် အကြား ) မှာ ရောက်မှန်းမသိ ရောက်နေခဲ့တဲ့ တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းေ ရး ဖြစ်စဉ် ပြေလည်ဖို့ဆိုရင် တရုတ် နဲ့ အမေရိကန် လွန်ဆွဲပွဲမှာ ဘယ်ဘက် ကမှ မပါပဲသန့်သန့်လေးနေဖို့လိုပါတယ်။

သဘောကတော့ကိုယ်ကျိုးစီးပွားမထိခိုက်တဲ့အခြေနေမှာ တရုတ်နဲ့လည်း ခင်ခင်မင်မင် ဆက်ဆံရမယ်။ အမေရိကန်နဲ့လည်း ခင်ခင် မင်မင်ဆက်ဆံ ရမယ်ဆိုတဲ့ အနေထားပါ။ ငြိမ်းချမ်းရေးလုပ်ဖို့ဆိုရင် တရုတ်လိုနိုင်ငံနဲ့ပါ အကျေလည်သဘော တူညီမှုယူဖို့လိုနေတာ ငြင်းမရတဲ့ ကိစ္စပါပဲ။

လတ်တလောအခြေနေအရ ဆွေးနွေးပွဲတွေပြန်စဖို့ လိုနေတဲ့ဆိုေ ပမဲ့ နိုင်ငံေ ရးအရ အပြီးသတ်ဆွေးနွေးဆုံးဖြတ်နိုင်တဲ့ ပင်လုံလို ညီလာခံမျိုး က နေ့ချင်း ညချင်း လုပ်ရမှာ မဟုတ်ပဲ တပ်မတော်နဲ့ အန်အယ်လ်ဒီအစိုးရအကြား သဘော တူညီမှုရအောင် ၊ အန်အယ်လ်ဒီ အစိုးရနဲ့ အပစ်မရပ်သေး တဲ့အဖွဲ့ေ တွ ၊ အပစ်ရပ်ထားတဲ့အဖွဲ့တွေအကြား ဆွေးနွေးမှု ပြန်စနိုင်အောင် စတဲ့ကိစ္စတွေကသာ အလျင်စလို လိုအပ်နေတဲ့ကိစ္စတွေသာ ဖြစ်ပါတယ်။

အဲဒီအဆင့်တွေမှာ တစုံတရာကျေလည်မှသာအမျိုးသား အဆင့် နိုင်ငံရေးေ ဆွးနွေး မှုတွေကို အခြေပြုလို့ ပင်လုံလို ညီလာခံကိုစနစ်တကျ ကျင်းပတာ အကောင်းဆုံးပါပဲ။ တကယ်တော့တလ နှစ်လဆိုတဲ့အချိန်ဟာ တိုတောင်း လွန်းလှပြီး ပြင်ဆင်မှုမှာ အခက်ခဲတွေလည်း ရှိနိုင်သလို ညီလာခံဖြစ်ပြီး မအောင်မြင်ဆိုတဲ့ ကိစ္စတွေဖြစ်လာခဲ့ရင် ဆိုတဲ့ ကိစ္စတွေ လည်း ရှိနေပါသေး တယ်။

ဒီကနေ့အထိ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေအကြား ( နိုင်ငံရေးပါတီေ တွ ၊ အပစ်မရပ်သေးသူတွေ ၊ အပစ်ရပ်ထားသူတွေ အားလုံးကို ဆိုလို ) အစိုးရဖြစ်ပြီးကတည်းက သီးသန့် ဆွေးနွေးမှု လုံးဝ မရှိသေးပါဘူး။ ဒါ့အပြင် မြန်မာငြိမ်းချမ်းရေးစင်တာကိုတောင် အရင်အစိုးရဆီကနေ အခုမှ လွှဲယူဖို့ လုပ်နေတုန်းပဲဖြစ်ပါတယ်။

အောင်မြင်ပြီး အားလုံးပါဝင်မဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တရပ်ဖြစ်ဖို့ ဆိုရင်တော့ စနစ်ကျတဲ့ ပြင်ဆင်မှု ၊ အမျှော်မြင်ရှိမှုတွေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်သမီးဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ မအောင်မြင်ခဲ့ရင် ၊ ပင်လုံနာမည်တပ်ပြီး အပေါ်ယံဆန်ဆန်သာဖြစ်နေခဲ့ရင် ဗိုလ်ချုပ်အောင်ဆန်း လည်း သိက္ခာကျနိုင်ပြီး သမိုင်းအမည်းစက်ပါ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးမှာ လက်တွေ့ကျဖို့ လိုအပ်လှကြောင်းပါ။

___သျှမ်းသံတော်ဆင့်သတင်းဌာန
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။