စစ်ပွဲများ ရပ်တန့်ရေးအတွက် ရခိုင်ပြည်နယ် အနှံ့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုမည်ဟု သိရ

Published on Sun, 04/24/2016 - 19:49

ရခိုင်ပြည်နယ်အတွင်း ဧပြီ ၁၆ ရက်မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင်လည်း အစိုးရ အနေဖြင့် တိုက်ပွဲရပ်စဲပေးရန်အပြင် ဒုက္ခရောက်နေကြသော စစ်ဘေးရှောင်များအား စားဝတ်နေရေးအပြင် လိုအပ်သော ကူညီပေးမှုများကို ကူညီပေးရန်နှင့် ပေါ်တာဆွဲခြင်း၊ လမ်းပြခေါ်ဆောင်ခြင်းများ အတွက် တားမြစ်ပေးရန် တောင်းဆိုသွားမည် ဖြစ်သည်။

“အခုဆိုရင် ပုဏ္ဏားကျွန်းမှာလည်း ဒီနေ့ အစည်းအဝေး လုပ်တယ်။ အများသဘောတူ ဆန္ဒထုတ်ဖော်သွားဖို့ ရှိတယ်။ တကယ်တော့ တိုက်ပွဲဆိုတာကို ဒေသခံတွေ မလိုချင်ပါဘူး။ နောက်ပြီး လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပေမယ့် ဒေသခံ ပြည်သူတွေ အနေနဲ့ ထိခိုက်မှု မရှိဖို့လိုတယ်။ အခုက ဟိုပြေး ဒီပြေး ပြေးလွှား တိမ်းရှောင်နေရတယ်။ ဒါဟာ စစ်ပွဲကြောင့် ဖြစ်လာတာပါ။ ကူညီကယ်ဆယ်ရေးတွေလည်း အမြန်ဆုံး လုပ်ဆောင်သွားဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်” ဟု ဦးကျော်သန်းက ပြောကြားသည်။

အလားတူစွာပင် ရခိုင်ပြည်နယ်အတွင်း အနိုင်ရပါတီ တစ်ခုဖြစ်သော ANP အနေဖြင့်လည်း ပြည်ထောင်စု အစိုးရသစ်နှင့် ပြည်နယ် အစိုးရအဖွဲ့သို့ တောင်းဆိုသော ထုတ်ပြန်ချက်တွင်လည်း စစ်ပွဲများ ရပ်တန့်ပေးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဒုက္ခရောက်နေသော စစ်ဘေးရှောင်များကို အမြန်ဆုံး ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းအတွက် စစ်တွေ အပါအ၀င် ကျောက်ဖြူ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် အခြားမြို့နယ်များတွင်လည်း စစ်ပွဲများ ရပ်စဲရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်သော ဆန္ဒထုတ်ဖော် တောင်းဆိုမှုများကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့တွင် မေ ၁ ရက်မှ စတင်ကာ ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး အခြားမြို့များတွင်လည်း ထိုသို့ ဆက်တိုက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ လက်ရှိကာလ အတွင်း ရခိုင်ပြည်နယ်၌ စစ်ဘေးရှောင် ဦးရေ ၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Local

Weeklyeleven ဂျာနယ်မှ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။