အပျိုရည်ပျက် မြို့ကျောက်ဖြူ


ကျောက်ဖြူရဲ့ ပွိုင့်ကမ်းခြေမှာ
အပန်းဖြေစရာကောင်းပေမယ့်
ဝိသမလောလသားတွေရဲ့ အပြုအမူကြောင့်
သဘာဝတွေပျက်စီးနေရပြီလေ။

တချိန်ကဆိုရင်
ကျောက်ဖြူဆိုတာ
သဘာဝအတိုင်း လှချင်တိုင်းလှနေတဲ့
မယ်မဒီတစ်ယောက်လိုပေါ့။

ခုတော့
ကျောက်ဖြူဆိုတာ
မုဒိန်းကျင့်ခံလိုက်ရတဲ့
ပျိုမယ်တစ်ယောက်လို ဖြစ်နေပြီလေ။

နောက်ဆယ်စုနှစ်တစ်ခုကြာတဲ့အခါ
ကျောက်ဖြူဆိုတာ
HIV/AIDS ရောဂါသည်လိုများ
မဖြစ်လာနိုင်ဘူးရယ်လို့
ဘယ်သူများ အာမခံနိုင်မှာလဲ။

ပဒဲကျွန်းကိုကြည့်လိုက်
ဒေါင်းသွားပြီ
ငပြီတောင်တစ်ဝိုက်ကိုကြည့်လိုက်
ဒေါင်းသွားပြီ
အမှတ်(၁)သင်္ဘောဆိပ်ကိုကြည့်လိုက်
ဒေါင်းသွားပြီ
ဒီလို ဒီလိုနဲ့ပဲ...
ငါမြင်ယောင်နေမိတယ်
ကျောက်ဖြူဆိုတာ
လူတကာဝိုင်းပြီး မုဒိန်းကျင့်ခံလိုက်ရတဲ့
အပြစ်မဲ့ သမီးပျိုဘဝလိုပဲ
တစတစနဲ့ .......
.................။

__အကောင်ချေ(ကျောက်ရိုး)
၀၆-၀၂-၂၀၁၆
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။