ဒီချုပ်လွှမ်းမိုးသည့် ပြည်နယ်အစိုးရဖြစ်ပါက ရခိုင်ပြည်နယ်၏ အချုပ်အခြာ အာဏာ စိုးရိမ်ဖွယ်ဖြစ်သည်ဟု ဒေါက်တာအေးမောင် ပြောဆိုမဲဆွယ်


ဒေါက်တာအေးမောင် မဲဆွယ်စည်းရုံးစဉ် (ဓာတ်ပုံ − ရခိုင်အမျိုးသားပါတီဖေ့စ်ဘွတ်)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှမ်းမိုးသည့် ပြည်နယ် အစိုးရဖြစ်လာခဲ့ပါက ရခိုင်ပြည် နယ်၏ အချုပ်အခြာအာဏာသည် လွန်စွာ စိုးရိမ်ဖွယ်ရာရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က တောင်ကုတ်မြို့မဲဆွယ်စည်းရုံးဟောပြောပွဲတွင် ပြောကြားခဲ့သည်။

တောင်ကုတ်မြို့ ကိုင်းရှည် အားကစားကွင်း၌ အောက်တို ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သော ANP အောင်နိုင်ရေး ဟောပြောပွဲ တွင် ဒေါက်တာ အေးမောင်က ‘‘အခုဒေါ်အောင်ဆန်းစုကြည်တို့ ကန့်ကွက်တဲ့ Two Child ပေါ်လစီ ကို သူတို့ကကန့်ကွက်တယ်။ကျွန် တော်တို့က အတည်ပြုပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို ကျွန် တော်တို့က အတည်ပြုတယ်။ ဦးဉာဏ်ဝင်းက ကန့်ကွက်တယ်။ မဲပေးခွင့်ရှိရမယ်လို့ ပြောတယ်။ NLD ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ အဲဒီလိုပုဂ္ဂိုလ်များရဲ့ တပည့်အ ဖြစ် ပြည်နယ်အစိုးရဖြစ်လာလို့ရှိ ရင် ရခိုင်တို့ရဲ့ အချုပ်အခြာအာ ဏာသည် အလွန့်အလွန် စိုးရိမ် ဖွယ်ရာရှိလို့ ကိုယ့်ပြည်ကို ကိုယ် ကာမှဖြစ်မယ်’’ ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ထို့အပြင် ဒေါက်တာအေး မောင်က အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ၏ တောင်းဆိုချက် အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ တွေ့ဆုံနိုင်ရန်အတွက်လည်း ၎င်း က စီစဉ်ပေးခဲ့ရကြောင်း ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ‘‘NLD ခေါင်းဆောင်တွေကို မေးပါ။ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေကိုမေးပါ’’ဟု ဆက်လက် ပြောသည်။ ဒေါက်တာအေးမောင်က ဆက်လက်၍ ရခိုင်ပြည်သူများအ နေဖြင့် ANP ကို ထောက်ခံခဲ့ပါက ပြည်နယ်၊ လွှတ်တော်ကို ထိန်း ချုပ်နိုင်မည်ဟုဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်က သွားရောက်ခဲ့ သော ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်တောင်ပိုင်းခရီးစဉ်အတွင်း ကလည်း ဒီချုပ်ဥက္ကဋ္ဌက တောင် ကုတ်မြို့ ကိုင်းရှည်အားကစား ကွင်း၌ ဟောပြောပွဲပြုလုပ်ခဲ့ဖူး သည်။ နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲ၌ ရခိုင်တောင်ပိုင်းဒေ သတွင် ANP ဒီချုပ်နှင့် ပြည်ခိုင် ဖြိုးပါတီတို့သာ အဓိကယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။