မလေးရှားရောက် မြန်မာလုပ်သားများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်း “မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ရုပ်ရှင်ဇာတ်ကားသစ် JCGV နေပြည်တော်၌ ရုံတင်ပြသ



မလေးရှားရောက် မြန်မာလုပ်သားများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားသည့် “မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ရုပ်ရှင်ဇာတ်ကားသစ်ကို စက်တင်ဘာ ၂၅ ရက်မှ စတင်၍ နေပြည်တော် ရုပ်ရှင်ရုံ၌ ရုံတင်ပြသလျက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အိန္ဒိယနိုင်ငံမှ ဒါရိုက်တာ R Perakas Rajaram နှင့် တွဲဖက်ဒါရိုက်တာ ကိုစတီးလ်တို့ ရိုက်ကူးထားခြင်းဖြစ်ပြီး သရုပ်ဆောင် နိုင်းနိုင်း၊ န၀ရတ်၊ အောင်ခိုင်၊ ဇော်ဇော်အောင် စသူတို့ ပါဝင်ထားသည်။

“မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၂၅ မှာ နေပြည်တေ JCGV ရုပ်ရှင်ရုံမှ စတင်ပြသပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်ချိန်တုန်းက အခက်အခဲတွေ တော်တော်များများ ရှိခဲ့ပါတယ်။ အဓိကတော့ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာက ပြည်ပမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေ အလုပ်သွားလုပ်ကြတယ်။ ဒီလို လုပ်ကြတဲ့ အခါမှာ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေ၊ ဖိနှိပ်ခံရတာတွေ အများကြီး ရှိပါတယ်။ အဲဒါတွေကို ပြည်ပမှာ အလုပ်သွားလုပ်ကြမယ့် သူတွေကို သိထားစေချင်တယ်။ ဒီဇာတ်ကားကို ကြည့်လိုက်ခြင်းအားဖြင့် ဒီလို အခက်အခဲတွေ၊ ပြဿနာတွေ ရှိနိုင်ပါလား ဆိုတာကို သိစေချင်တာကြောင့်ပါ။ ဒီဇာတ်ကားကို ကြည့်ဖြစ်တဲ့သူတိုင်း ဒီသတင်းစကားကို နားလည်သိရှိစေဖို့ ရည်ရွယ်ပါတယ်” ဟု တွဲဖက်ဒါရိုက်တာ ကိုစတီးလ်က ရှင်းပြသည်။

“မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ဇာတ်ကားတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ငွေကြေးအတွက် မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သည့် မြန်မာလူငယ်လေးများ၏ ခွဲခြားဆက်ဆံခံရမှုများ၊ အခက်အခဲ ကြုံတွေ့ရမှုများနှင့် သတိပြု စဉ်းစားရမည့် အချက်များကို ပညာပေးအဖြစ် ဖြစ်ရပ်မှန်ကို အခြေခံကာ ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းဇာတ်ကားသည် အိန္ဒိယနိုင်ငံမှ ဒါရိုက်တာ၊ မလေးရှားမှ စက်မှုပိုင်းဆိုင်ရာ ပညာရှင်များဖြင့် ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။      

Writer:
လင်းလင်းခိုင်

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။