နှင်းဆီနေ့သစ်ဖျော်ဖြေပွဲမှ အလှူငွေအတိအကျကို မကြာမီထုတ်ပြန်မည်

ဓာတ်ပုံ−နစ်ကီ
 ရေဘေးသင့်ပြည်သူ များ ပြန်လည်ထူထောင်ရေးရန်ပုံ ငွေပွဲအဖြစ် စက်တင်ဘာ ၄ရက် က ကျင်းပခဲ့သော နှင်းဆီနေ့သစ် ဖျော်ဖြေပွဲတွင် အလှူငွေကျပ် သိန်း ၁၈၀၀ကျော်ရရှိခဲ့ပြီးအတိ အကျကိုမူ မကြာမီရက်ပိုင်းအ တွင်း ထုတ်ပြန်ပေးမည်ဟုသရုပ် ဆောင်ကျော်ကျော်ဗိုက   ပြော သည်။
‘‘လောလောဆယ်စာရင်းအ ရ သိန်း ၁၈၀၀ကျော်ရှိတယ်။ စာ ရင်းတွေကလည်း ထပ်ရှိနေသေး တော့ အတိအကျပြောလို့မရသေး ဘူး။ စာရင်းတွေပေါင်းပြီးရင် တော့ ထုတ်ပြန်ပေးပါ့မယ်’’ဟု ကျော်ကျော်ဗိုကပြောသည်။
ယင်းအလှူငွေများကို ၎င်း တို့ တည်ထောင်ထားသည့် နှင်း ဆီရင်ခွင်ဖောင်ဒေးရှင်းအပါအ ၀င် အခြားဖောင်ဒေးရှင်းများနှင့်  ပူးပေါင်း၍ ရေဘေးသင့်ဒေသများ သို့ လှူဒါန်းမည်ဟု ဆိုသည်။
နှင်းဆီနေ့သစ်ဖျော်ဖြေပွဲ တွင် ယခင်ဖျော်ဖြေပွဲများကဲ့သို့ လတ်တလော   ကြုံတွေ့နေရ သည့် အဖြစ်အပျက်များအပေါ် မူ တည်၍ ပြက်လုံးထုတ်ခဲ့ကြသော ကြောင့် ပရိသတ်များအကြိုက် တွေ့ခဲ့သည်။
မင်းသမီးခြောက်ဦးပါဝင်က ပြခြင်းဖြစ်သောကြောင့် ပြက်လုံး ခွင်ခြောက်ခွင်ခန့်ပါဝင်ခဲ့ပြီး နှစ် ပါးသွားကဏ္ဍတွင်လည်း လူရွှင် တော်များဖျော်ဖြေပေးခဲ့သည်။
ထို့အပြင် စက်တင်ဘာ ၉ ရက်တွင် ကျရောက်မည့် နေတိုး ၏ မွေးနေ့အကြိုအမှတ်တရအဖြစ် ပွဲမပြီးဆုံးမီ မွေးနေ့ကိတ်လှီး၍ ဆုတောင်းခဲ့ကြသည်။
‘‘နှင်းဆီအဖွဲ့သားတွေ အ ကုန်စုပြီး နေတိုးကို Suprise ဖြစ် အောင်လုပ်ကြတာ။ သူ့မွေးနေ့ ကျတော့ ရန်ကုန်မှာရှိတဲ့လူကရှိ တယ်။ အစ်ကိုဆို ကားရိုက်ဖို့ ပုပ္ပါး ရောက်နေပြီ။ အဲဒီတော့ ပရိသတ် တွေလည်း ပျော်လို့ရအောင်ဆိုပြီး လုပ်ပေးတာ’’ဟု ကျော်ကျော်ဗို ကပြောသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။