ယခုနှစ် ရန်ကုန်တွင် ကျင်းပမည့် ဆရာတော် ဦးဥတ္တမနေ့  အခမ်းအနား လုံခြုံရေး တင်းကျပ်မည်

ဝဏ္ဍခွာညို
ရန်ကုန်၊ စက်တင်ဘာ ၆

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံတောင်ဖက်မုခ် အနီးတွင် တည်ရှိသော ဦးဥတ္တမပန်းခြံတွင် ကျင်းပမည့် ( ၇၆ ) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ကို ယခင်နှစ်နှင့် မတူဘဲ လုံခြုံရေးကို တင်းကျပ်စွာ ချသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းရေးရာဝန် ဦးဇော်အေးမောင် မှ ပြောကြားသည်။

ယမန့် နေ့ က ပြုလုပ်ခဲ့သော ဆရာတော်ဦးဥတ္တမ ဖြစ်မြောက်ရေးညှိနှိုင်း အစည်းအဝေး အပြီးတွင် နိရဉ္စရာသတင်းဌာန၏ သီးသန့် မေးမြန်မှုတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ဒီပွဲက ရန်ကုန်မှာရှိတဲ့ ရခိုင်တိုင်းရင်း သားတွေ လာမယ်။ နောက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့  တာဝန်ရှိလူတွေလည်း အားလုံးလာမယ်လေ။ လာမယ်ဆိုတော့ လုံခြုံရေးပတ်သက်ပြီးတော့။ အစိုးရပိုင်း ကလည်း လုပ်ဆောင်ပေးမယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်သားဖြစ်မြောက်ရေး ကော်မတီမှလည်းလုံခြုံရေးအဖွဲ့  ဖွဲ့ ထားတယ်။ နောက်ပြီး တခြားအပြင် လုံခြုံရေးကော်မတီတွေကို ဌားပြီးတော့လုံခြုံရေးချပေးထားမယ်။

နောက်ပြီး GE တပ်ကိုလည်းအကူအညီတောင်းပြီးတော့ မိုင်တွေ ဘာတွေရှာမယ်။ နောက်ပြီးအဝင်ဝမှာ လာသမျှလူ၊ ပစ္စည်းတွေကိုလည်း Searchလုပ်မယ်။ ဖြစ်နိုင်ရင်မသင်္ကာစရာလူတွေဆိုရင် ပေးဝင်မှာမဟုတ်ဘူး” ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ယခင်နှစ်ဦးဥတ္တမပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမတွင် ကျင်းပခြင်းနဲ့ မတူပဲထူးထူးခြားခြား လုပ်ဆောင်သွားမည်ဟု သိရပြီး အစိုးရအဖွဲ့ အစည်းများ၊ နိုင်ငံတကာ သံအမတ်များ၊ ပြည်တွင်းအဖွဲ့ အစည်းများ၊ နိုင်ငံရေး အဖွဲ့ အစည်းများ၊ အသိပညာ၊ တက်ပညာရှင်များအား ဖိတ်ကြားထားကြောင်း ၄င်းမှပြောသည်။
ရန်ကုန် ဆရာတော်ဦးဥတ္တမပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ဘဏ္ဍာရေး နဲ့  လုံခြုံရေးကို တာဝန်ကိုယူထားတဲ့ ကိုရွှေဝင်းမှလည်း နိရဉ္စရာသတင်းဌာန မှမေးမြန်မှုကို ယခုလိုပြောကြားခဲ့သည်။

“ ပွဲတစ်ပွဲ လုပ်ရင် လုံခြုံရေးလည်း အရေးကြီးသလို ဘဏ္ဍာရေးပိုင်းကလည်း အရမ်း အရေးကြီးတာပေါ့လေ။ ဘဏ္ဍာငွေရတဲ့ အပေါ် မှာမှုတည်ပြီး လုပ်ဆောင်ရတဲ့ အပိုင်း တွေရှိတာပေါ့လေ။ ရလာတဲ့ငွေတွေကို ကော်မတီထံသို့  တင်ပြရတယ်။ ပြီးမှကျွန်တော်ဘက်က စနစ်တကျ စီမံခန့် ခွဲပြီးတော့ လုပ်ဆောင်ရွက်ရတာပေါ့။ လုံခြုံရေး အပိုင်းကတော့ ကျွန်တော်တို့ အဖွဲ့ အင်အား ၅၀ လောက် စီစဉ်ထားတယ်။ နောက်ပြီး မြောက်ဥက္ကလာပအဖွဲ့ ကိုလည်းအကူ အညီ တောင်းထားတယ်။ နောက်ပြီးသီသန့် မိုင်ရှာဖွေရေး အဖွဲ့ တွေ၊ ပုဂ္ဂလိက အဖွဲ့ တွေကို ဝန်ကြီးကနေ တဆင့် အကူအညီ တောင်းထားတာရှိတယ်” ဟု ကိုရွှေဝင်းမှ ပြောသည်။

အာရှနေဝန်း၊ မြန်မာ့လွတ်လပ်ရေးမီး ရှူးတန်ဆောင် အသျှင်ဦးဥတ္တမ ၇၆ ကြိမ်မြောက် ဂုဏ်ပြုပွဲ အခမ်းအနားကို လာမည့် စက်တင်ဘာလ ၉ ရက် နေ့  နံနက် ၁၀ နာရီမှနေ့  လည် ၁ နာရီအထိ ရန်ကုန်မြို့ ရွှေတိဂုံစေတိ တောင်ဖက်မုခ် ဦးဥတ္တမပန်းခြံတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားဖြစ်ကြောင်းသိရသည်။

_____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။