မြန်မာနိုင်ငံသားဆိုသူနှစ်ဦးကို လက်နက် အပါအ၀င် ပေါက်ကွဲပစ္စည်းများနှင့် အတူ ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းမိ

မောင်အေး (နိရဉ္စရာ)
ကော့စ်ဘဇား၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံနှင့် နယ်ချုင်းကပ်နေသည့် ကောစ့်ဘဇားမြို့တွင် မြန်မာနိုင်ငံသား ဆိုသူ ဘင်္ဂလီ လူမျိုး ၂ ဦးကို လက် နက်အပါအ၀င် တခြား ပေါက်ကွဲ ပစ္စည်းများနှင့်အတူ အထူးမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တရားသူကြီးကျေးရွာမှ မိုဟာမတ် ယူနို့စ် (၃၅) နှစ်နှင့် မိုဟာမတ် ရော်ဖိလ် (၂၆) နှစ်တို့ ဖြစ်ကြောင်း ကော့စ်ဘဇား သတင်းတွင် ဖော်ပြသည်။

သူတို့ ၂ ဦးကို ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက အမှတ် (၇) (RAB) အထူးမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

ကော့စ်ဘဇားမြို့ရှိ သူတို့ ငှားရမ်းနေထိုင်သည့် တိုက်ခန်းအတွင်းကို သက်ဆိုင်ရာမှ ၀င်ရောက်ရှာဖွေရာ နိုင်ငံခြားလုပ် ပစ္စတိုတစ်လက်၊ ၎င်းမဂ္ဂဇင်း ၂ ချပ်၊ ကျဉ်ဆန်တချို့၊ အေကေ ၄၇ လှံစွပ် ၅ ချောင်း၊ မောင်းချဓါး ၂ လက်၊ မျက်နှာစွပ် ၁၀ ခု၊ ထုံးကျောက် ၁၆ ကီလိုနှင့် မီးရှို့ရာတွင် အသုံးပြုသည့် ဟိုင်ဒရိုဂျင် ပါအောက်ဆိုက် ၁၀၀ လီတာ၊ နိုက်ထရိတ်အက်ဆစ် ၁၀ လီတာတို့ကို သိမ်း ဆည်းရမိကြောင်း RAB အကြီးအကဲ ဗိုလ်မှူး A.S မိုဟီအူလ်ဒိန် PPM က ပြောသည်။

သူတို့နှစ်ဦးမှာ ကနဦး စစ်ဆေးချက်များအရ အကြမ်းဖက်သမားများနှင့် ဆက်စပ်မှုရှိသူများအဖြစ် ယူဆရသည်ဟု ဗိုလ်မှူး မိုဟီအလူလ်ဒိန်က သတင်းထောက်များကို ပြောဆိုသည်။

_____Narninjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။