ဘန်ကောက် ဗုံးကွဲဖြစ်စဉ် ဖမ်းမိနိုင်ငံခြားသားကို ပြန်လည်သရုပ်ပြခိုင်း


ထိုင်းရဲအဖွဲ့က ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတယောက်ကို အရင်လ ဗုံးကွဲမှုနဲ့ ဆက်စပ်တဲ့ ဘန်ကောက်မြို့ပေါ်က နေရာတခုကို စက်တင်ဘာ ၉ ရက်နေ့မှာ ပြန်ခေါ်သွားပြီး သရုပ်ပြခိုင်းခဲ့ပါတယ်။
စစ်ကြောရေးကာလအတွင်းမှာ သူက ဗုံးခွဲမယ့် တယောက်ကို ကျောပိုးအိတ်ပေးခဲ့တဲ့ အကြောင်း ၀န်ခံခဲ့ပါတယ်။
အချိန်းအချက်လုပ်ခဲ့တဲ့ နေရာကတော့ ဘန်ကောက်မြို့လယ်က ဘူတာကြီးမှာဖြစ်ပြီး အချိန်က သြဂုတ် ၁၇ ရက်နေ့ ညနေပိုင်းမှာ ဖြစ်တယ်လို့ ထွက်ဆိုတဲ့အကြောင်း ရဲ ၂ ယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့ သူ့ကို  ဘန်ကောက်မြို့လယ်က ရာဂျာပရာဆွန်း လမ်းဆုံကို ပြန်ခေါ်သွားပြီး ဗုံးကွဲမှု မဖြစ်ခင်နဲ့ ဖြစ်ပြီးတဲ့ နောက်မှာ ရှိနေခဲ့တဲ့ အနေအထားကို ပြန်ပြီး သရုပ်ပြခိုင်းခဲ့ပါတယ်။
လူ ၂၀ သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဧရာဝဏ်နတ်ကွန်း ဗုံးကွဲမှုရဲ့လက်သည်ဟာ  ရှပ်အင်္ကျီအ၀ါဝတ်တဲ့လူ ဖြစ်မယ်လို့ ရဲအဖွဲ့က ယုံကြည်နေပါတယ်။
သူကတော့ အခုအထိ လွတ်မြောက်နေဆဲဖြစ်ပြီး စီစီတီဗွီ စောင့်ကြည့်ကင်မရာက ရိုက်ကူးမိထားတဲ့ ပုံတွေအရ အဲဒီလူက နတ်ကွန်းမှာ ကျောပိုးအိတ်ကို ထားခဲ့သူ ဖြစ်နေပါတယ်။
လုံခြုံရေးကင်မရာတွေကနေ ရတဲ့ အရုပ်တွေ၊ ဘန်ကောက်မြို့ အခန်း ၂ ခန်းက ဖမ်းဆီးမိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကနေ ရတဲ့ သဲလွန်စတွေကနေ ခြေရာခံဖို့ အကန့်အသတ် ရှိနေတုန်းပါပဲ။
ဖမ်းမိတဲ့သူတွေရဲ့ မျိုးဗီဇနမူနာနဲ့ ဘန်ကေက်မြို့ပေါ်မှာ ဖမ်းမိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေမှာ တွေ့ရတဲ့ သဲလွန်စတို့ အဆက်အစပ်ရှိပေမယ့် ဗုံးကွဲမှုနဲ့တော့ ကွင်းဆက်ပြတ်နေတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
ဗုံးပေါက်မှုအတွင်း နိုင်ငံခြားသား ၁၄ ဦး သေဆုံးခဲ့ပြီး ဗုံးခွဲရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ပြောပါတယ်။
ဒါပေမယ့် ဗုံးကွဲမှုဟာ ဇူလိုင်လတုန်းက ၀ီဂါမွတ်စလင် ၁၀၉ ဦးကို ထိုင်းအစိုးရက တရုတ်ပြည်ဆီ ပြန်ပို့ခဲ့တဲ့ ကိစ္စကို မကျေနပ်တဲ့အတွက် မလေးနွယ်ဖွား သောင်းကျန်းသူတွေ၊ ဒါမှမဟုတ် ၀ီဂါတွေကို စာနာတဲ့ နိုင်ငံရပ်ခြားက စစ်သွေးကြွရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ တော်တော်များများက ခန့်မှန်းပြောဆိုနေကြပါတယ်။
http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။