၁၉၃၆-ခု၊ ဇူလိုင်လ (၂၀)ရက် - ၁၉၇၇-ခု၊ ဇူလိုင်လ (၂၄)ရက်
ဆရာစံကျော်ထွန်းကို ၁၉၃၆-ခု၊ ဇူလိုင်လ (၂၀)ရက်၊ အင်္ဂါနေ့မှာ မြောက်ဦးမြို့၊ မြင်းစိုင်း မြင်ရွာမှာမွေးဖွားခဲ့သည်။ အဖ ဦးတက်တိုး (ရွှေပန်းထိမ်ဖော်ဆရာကြီး)၊ အမိ ဒေါ်မညို ဖြစ်၏။ ညီအစ်ကို မောင်နှမငါးယောက်မှာ အငယ်ဆုံးဖြစ်သည်။ မူလတန်းပညာကို မြောက်ဦးမှာ စာသင်ပြီး ဆဋ္ဌမတန်းကစလို့ စစ်တွေခရစ်ယာန် ကျောင်းမှာသင်ယူခဲ့သည်။
၁၉၅၄-ခုနှစ်မှာ ၁၀-တန်းအောင်ပြီး ကျောက်ဖြူ ဥပစာကောလိပ်မှာ ဥပဒေ (ခ)ကို အောင်မြင်ခဲ့သည်။ ဝိဇ္ဇာဘွဲ့ကို ၁၉၅၈-ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က ရရှိခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ တက်ခွင့်ရခဲ့၏။ တက္ကသိုလ်ကျောင်းသားဘ၀မှာ ရခိုင်တန်ဆောင်မဂ္ဂဇင်းတာဝန်ခံ ခေါင်းဆောင်တာဝန်တို့ကို ယူခဲ့သည်။
ရခိုင်တန်ဆောင် မဂ္ဂဇင်းမှာ ရခိုင်စာပေကဏ္ဍကို အယင်ဆုံးထည့်သွင်းဖော်ထုတ် ပေးခဲ့သည်။ ရခိုင်ရှေးဟောင်းစာပေတို့ကိုလေ့လာဖော်ထုတ်ပြီး တတ်စွမ်းသမျှအားနှင့် ရခိုင်စာပေ ပြန်လည်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခဲ့၏။ စစ်တွေမှာ "မုတ်သုန် လှိုင်းသံ" နှင့် အခြားသောကဗျာစာအုပ်တို့ကို ထုတ်ဝေခဲ့သည်။ ကလောင်နာမည်မှာ "အသျှင်စောမွန်"ဖြစ်၏။
အလွတ်ပညာသင် ကျောင်းဆရာဘ၀၊ အစိုးရကျောင်းဆရာဘ၀တို့ကို တက်တက်ကြွကြွ ဖြတ်သန်းခဲ့သည်။
၁၉၇၇-ခု၊ ဇူလိုင်လ (၂၄)ရက်နေ့၊ ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ဘဝတစ်ပါးပူးပြောင်းသွားခဲ့သည်။
ကိုးကား။ ။ ရခိုင့်ကဗျာနန့် ရခိုင့်အတွေးအခေါ် စာအုပ်မှ
Comments
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။