သာသနာ့အာဇာနည် ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီရိဘဒ္ဒန္တစန္ဒြမဏိ မဟာထေရ်ကျော်၏ ထေရုပ္ပတ္တိ အကျဉ်း

၁၈၇၅ ခုနှစ်မေလ၂၅ ရက် - ၁၉၇၂ မေလ ၈ ရက်

ဆရာတော်ဘုရားကို စစ်တွေခရိုင်၊မြို့ဟာင်းမြို့နယ်၊ရှင်ကျော်တိုက်၊ရမ်းချောင်း၊ပေါက်ကွင်းရွာဇာတိဖြစ်၏။ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝသော ဦးကျော်အောင်နှင့် ဒေါ်မိဝင်းယေတို့၏သားကြီးဖြစ်၏။ငယ်မည်မှာသာပန်းဦးဖြစ်သည်။နှမနှင်းညိုနှင့် ညီသာပန်းအောင်ဟူ၍ ရှိလေသည်။ သာပန်းဦးကို ၁၈၇၅ခုနှစ်မေလ၂၅ရက် အင်္ဂါနေ့တွင် မွေးဖွား၏။

ဆယ်နှစ်သားအရွယ်တွင် ဖခမည်းတော်၏ နောင်တော်အရင်း ပိဋိကတ်အိုးကြီးဟူ၍ အကျော်တဇောရှိတော်မူသော စစ်တွေမြို့၊တရားသိစုရပ်၊ဦးစန္ဒိမာရာမကျောင်းတိုက် ဆရာတော်ဦးစန္ဒိမာထံ၌ စာသင်ရလေသည်။(၁၂ )နှစ်အရွယ်တွင် ရှင်စန္ဒမည်သော သာမဏေအဖြစ်ဖြင့် သူငယ်ချင်းသူရိယနှင့်အတူ ပညာသင်ကြားလေသည်။

အိန္ဒိယပြည်အနောက် မဇ္စိုမဒေသတစ်ခွင် သာသနာကွယ်လုလုဖြစ်နေချိန်တွင် ဆရာတော်ကြီးသည် အသက် ၁၂နှစ်အရွယ်မှစ၍ အိန္ဒိယပြည်သို့ ကြွတော်မူပြီး ပါဋိ၊သက္ကတ၊ဟိန္ဒူဘာသာများကို တတ်ကျွမ်းအောင်သင်ကြားတော်မူ၍ သက်တော် ၉၈နှစ်တိုင် သေလုမတတ်ဖြစ်နေသည့် ဗုဒ္ဓသာသနာတော်ကို အစားဆင်းရဲ၊အဝတ်ဆင်းရဲ၊အနေဆင်းရဲ စသောဒုက္ခပေါင်းများစွာကိုသည်းခံလျှက် သာသနာပြုလုပ်ငန်းတို့ကို ကြီးမားသောဇွဲ၊ထက်သန်သောလုံ့လဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်တော်မူခဲ့သည်။

ဆရာတော်ဘုရားသည် ကုသိနာရုံ၌ သီတင်းသုံးနေထိုင်ရာမှ အိန္ဒိယနှင့်နီပေါပြည်နယ်တို့တွင် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားအောင် ကြိုးစားဆောင်ရွက်ရင်း တစ်ဖက်မှလည်း ပရိယတ္တိသင်ကြားပြုစုခြင်း စာပေကျမ်းဂန်ရေးသားပြုခြင်း၊ဗုဒ္ဓကျမ်းဂန်များကိုဟိန္ဒူ၊သက္ကတဘာသာများသို့ ပြန်ဆိုရေးသားခြင်းများကိုလည်း ပြုလုပ်တော်မူသည်။ဓမ္ဓပဒပါဋိတော်ကို ဟိန္ဒူဘာသာသို့ ပြန်ဆိုပြီးလျှင် ၁၉၀၉ခုနှစ်တွင် စာအုပ်ရေ တစ်ထောင်ရိုက်နှိပ်ပြီး အိန္ဒိယပြည်၌ ထိရောက်မည့်နေရာဒေသအသီးသီးသို့ ဝေငှလှူဒါန်းလေ၏။သောရောဒယမည်သော ကျမ်းစာနှင့်အဉ္စနနိဒါန်းဆေးကျမ်းကြီးကိုလည်း သက္ကတဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပုံနှိပ်လေသည်။ထို့အပြင် မဟာပတိပဌာနသုတ်၊အနတ္တလက္ခဏသုတ်၊သင်္ဂီတိသုတ်စသည်တို့ကိုလည်း ပါဋိဘာသာမှဟိန္ဒူဘာသာသို့လည်းကောင်းပြန်ဆိုရေးသားလေ၏။ထို့အပြင် ဗုဒ္ဓဘာသာတရားတော်တို့ကို အိန္ဒိယတိုင်းရင်းသားများနားလည်သိရှိသက်ဝင်လာအောင် ဟိန္ဒူဘာသာဖြင်လြည်းကောင်း၊သက္ကတဘာသာဖြင့်လည်းကောင်း ရေးသားကာ ဗုဒ္ဓသာသနာတော်၏အကျိုးကို ကြီးစွာသောလုံ့လဖြင့် မနားမနေဆောင်ရွက်တော်မူခဲ့သည်။

မြန်မာနိုင်ငံတော်အစိုးရက ဦးဆောင်လျှက်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတော်များနှင့်ပူးပေါင်း၍ ရန်ကုန်မြို့ ကမ္ဘာ့အေးသီရိမင်္ဂလာကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကြီးကျယ်ခမ်းနားသော၆ကြိမ်မြောက် ဆဌမသင်္ဂါယနာတင်ပွဲတော်ကြီးကို ( ၁၃၁၆ )ခုနှစ် ကဆုန်လပြည့်နေ့က စတင်၍ ဆင်ယင်ကျင်းပကြလေသည်။ထိုအခမ်းအနားသို့ ကြွတော်မူပါရန် မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ပင့်ဖိတ်လျှောက်ထားချက်အရ ကျေးဇူးရှင်ဆရာတော်ကြီးသည် ရန်ကုန်မြို့သို့ကြွတော်မူပြီးလျှင် ဆဌမသင်္ဂါယနာပွဲသဘင်ဖွင့်လှစ်သော အခမ်းအနား၌ အိန္ဒိယနိုင်ငံတော်၏ကိုယ်စားလှယ်အဖြစ် ဟိန္ဒူဘာသာဖြင့် မိန်ခွန်းမြွတ်ကြားတော်မူလေသည်။
မဟာယာနဗုဒ္ဓဘာသာလွှမ်းမိုးသော နီပေါပြည်၌ ဟီနာယာနထေရဝါဒဗုဒ္ဓဘာသာကို စတင်မြေတောင်မြှောက်ပေးခဲ့သူမှာ ဆရာတော်ကြီးပင်ဖြစ်သည်။နီပေါပြည်ရှိရဟန်းသာမဏေများမှာ ဆရာတော်ကြီး၏ တပည့်အနွယ်ဆက်များသာဖြစ်သည်။အိန္ဒိယည်ြရှိ ကွယ်လွန်သူတရားရေးဝန်ကြီး ဒေါက်တာအမေဒကာသည် ဆရာတော်ကြီး၏ တပည့်ဖြစ်သည်။၎င်းနှင့်သူ၏နောက်လိုက် ပုဂ္ဂိုလ်ပေါင်း သိန်းသန်းများစွာနှင့် ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းလာလေသည်။ထိုအကြောင်းမှာ အိန္ဒိယပြည်သာသနာ့သမိုင်း၌ အံ့ဖွယ်သရဲ ထူးကဲသောအဖြစ်ကြီးအဖြစ် မှတ်တိုင်တစ်ရပ်ပင်ဖြစ်သည်။

ဆရာတော်ဘုရားကြီးသည် ၁၉၇၂ မေလ ၈ရက်နေ့တွင် ပျံလွန်တော်မူသွားရာ အိန္ဒိယပြည်နှင့် နီပေါပြည်ဗုဒ္ဓဘာသာလောက၌ အစားထိုး၍မရသော ပုဂ္ဂိုလ်ကြီးဆုံးရှုံးသွားသဖြင့် ယူကြုံးမရ ဝမ်းနည်းတသသဖြစ်ကြရလေသည်။

Credit: Khine Yee
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။