လူ့ဘောင်သစ်ပါတီ

၁။ ဥက္ကဋ္ဌ - ဦးဇေယျ
၂။ ပါတီဝင်အရေအတွက် - ၂၀၀၀ ခန့်။
၃။ မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်း၊ တောင်ဒဂုံ၊ ဗဟန်း၊ ကျောက်တံတား၊ လှိုင်သာယာ၊ အင်းစိန်၊ ခရမ်းအပါအ၀င် မြို့နယ် ကိုးမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး)၊ ဒီမိုကရေစီစနစ်အရ အတိုက်အခံစနစ်ကို တရားဝင်ဆောင်ရွက်ခွင့် ရရန်စသည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို အဓိကထားဆောင်ရွက်မည်။
၅။ ပါတီဆောင်ပုဒ် - ၈၈ အရေးခင်းကာလမှ ပေါ်ပေါက်ခဲ့သည့် ကျောင်းသားထုကိုယ်စားပြုပါတီမှ ပြည်သူလူထုကိုယ်စားပြုပါတီတစ်ရပ်အနေဖြင့် တိုင်းပြည်အကျိုးကို အလေးထားဆောင်ရွက်သွားမည်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပါတီဝင်ဖြစ်ရမည်။ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်ရမည်။ ပါတီအကျိုး၊ ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်သူဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ − ပါတီဝင်များထံမှ လစဉ်ကြေးကောက်ခံ၍ ပါတီရန်ပုံငွေအဖြစ် သုံးစွဲသည်။ မဲဆွယ်ကာလတွင် အကူအညီပေးမည့်အဖွဲ့အစည်းမရှိသေးသော် လည်း အလှူရှင်ပေါ်ပေါက်လာပါက လက်ခံသွားမည်။
၈။ ပါတီနောက်ခံသမိုင်း- ၁၉၈၈ အရေးအခင်းတွင် လူ့အခွင့်အရေးလှုပ်ရှားမှုများဆောင်ရွက်ခဲ့သည်။ ဗကသ များအဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များဖြင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ ၁၉၉၁ တွင် ရွေးကောက်ပွဲကော်မရှင်က ပါတီ၏ တရားဝင်ရပ်တည်မှုကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးဖိနှိပ်မှုကြောင့် ပါတီဝင်အချို့ ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင်သွားခဲ့သည်။ ၂၀၁၂ တွင် ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သည် အစိုးရနှင့်ငြိမ်းချမ်းရေးညှိနှိုင်းပြီး ၂၀၁၃ တွင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၂၀၁၅ တွင် လူ့ဘောင်သစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေ  ပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
ကျင့်စဉ်တွေနဲ့အညီ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် တခြား ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အန်ကယ် တို့ပါတီရဲ့ အဓိကရည်ရွယ်ချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်ဖို့လည်း ပါဝင်နေတော့ ဒီကဏ္ဍကို အလေးထား ဆောင်ရွက်သွားမှာပါ။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးကလည်း တိုင်းပြည်နဲ့ အမျိုးသားရေးပြဿ နာတွေကို ဖြေရှင်းတဲ့အခါမှာ အဓိကကျပါတယ်။ ဒီနေ့ဖြစ်နေတဲ့ အမျိုး သားရေးပြဿနာ၊ နိုင်ငံရေးပြဿနာ၊ ဘာသာရေးပြဿနာတွေဟာ အားလုံးတညီတညွတ်နဲ့ သဘောတူပြီးသားအချက်တွေကို လိုက်နာနိုင် မှ အဆင်ပြေမှာပါ။ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေ၊ နိုင်ငံ ရေးပါတီတွေ၊ အစိုးရဌာနတွေက ပူးပေါင်းဖြေရှင်းမှ အမျိုးသားရေးပြဿ နာကို ဖြေရှင်းနိုင်မှာပါ။ အဲဒီအတွက် အန်ကယ်တို့ပါတီကလည်း ငြိမ်း ချမ်းရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကျရာနေရာကနေ ပါဝင်ဆောင်ရွက်သွားမယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှတအောင်လုပ်ဖို့က ပြည်တွင်း မှာ အခြေခံလူတန်းစားတွေ လစာကောင်းကောင်းနဲ့ အလုပ်အကိုင်ရရှိ ဖို့လိုအပ်တယ်။ ဒါကြောင့်အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေ၊ လယ်ယာကဏ္ဍတွေကို ဖော်ဆောင်ပေးဖို့ ဆောင်ရွက်သွားမယ်။ ပြည် တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ထွန်းကားလာမှ ပြည်ပရောက်နေတဲ့ သူတွေပြန်ရောက်လာမှာပါ။ တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်။
ပြည်သူတွေက လူ့ဘောင်သစ်ပါတီကို ဘာကြောင့် မဲပေးသင့်လဲ။
အန်ကယ်တို့ပါတီက ၈၈ ဒီမိုကရေစီပြည်သူ့အရေးတော်ပုံနဲ့အတူ ပေါ်ပေါက်လာတာပါ။ ကျောင်းသားကိုယ်စားပြုပါတီလည်းဖြစ်ပါတယ်။ ပြည်သူ့အရေး၊ တိုင်းပြည်အရေးကို ဆောင်ရွက်နေတဲ့ ပါတီဖြစ်တဲ့အ တွက် အန်ကယ်တို့ ပြည်သူ့အကျိုးပြုပါတီကို မဲပေးကြဖို့ တိုက်တွန်းချင် ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ဒီမိုကရေစီအသွင်နဲ့ တိုင်းပြည်ကို ဦးဆောင်နိုင်သူ၊ နောက်ပြီးအ ပြောနဲ့အလုပ်ညီတဲ့လူ။ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးရှေးရှုသူကို သမ္မတလောင်းအဖြစ် ရွေးချယ်သွားမယ်။ ဒီနေ့ တိုင်းပြည်အခြေအနေ ကို ဖော်ဆောင်ပေးနိုင်သူကိုလည်း ရွေးချယ်သွားမယ်။
အသက်- (၅၃) နှစ်
ပညာအရည်အချင်း - သမိုင်း(စတုတ္ထနှစ်)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၈၈ တွင် ဗကသများအဖွဲ့ချုပ်၌ စည်းရုံးရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီတွင် လူထုဆက်ဆံရေးကော်မတီတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ သည်။ ထို့နောက် ၈၈ မျိုးဆက်ကျောင်းသားများ (၂၀၀၅) တည်ထောင်သူ ကိုးဦးတွင် ပါဝင်ခဲ့သည်။ ၁၉၉၁တွင်ထောင်ကျခဲ့ပြီး ၂၀၀၃ ၌ ပြန်လည်လွတ်မြောက်လာသည်။ ၂၀၀၆-၂၀၀၇တွင် ၈၈ မျိုးဆက်လူ့ဘောင်သစ်အနေဖြင့် ရပ်တည်ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ သြဂုတ်တွင် အီလက်ထရွန်နစ် အက်ဥပဒေပုဒ်မ (၃)၊ အသင်းအဖွဲ့ ဥပဒေတို့ဖြင့် ထောင်ဒဏ်၆၅ နှစ်ချမှတ်ခံရသည်။ ၂၀၁၂ ဇန်န၀ါရီတွင် ပြန်လည်လွတ်မြောက်လာပြီး ၂၀၁၅ တွင် တည်ထောင်သည့် လူ့ဘောင်သစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။
လက်ရှိအလုပ်အကိုင်- နိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းများ။
စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊
အမေရိကန်သမ္မတ အိုဘားမား။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်-အမှတ် ၁၀၆/၁၀၈၊ မြန်မာ့ဂုဏ်ရည် လမ်း (၉၁လမ်းထိပ်)၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
ဖုန်း- ၀၉ -၇၃၂၄၈၅၆၇။
http://7daydaily.com/election-2015/party
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။