မန်မာယူ ၁၉ မလေးရှားကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

11953033_595515650587251_1501325028623996266_n
သြဂုတ် ၂၉ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာစီယံယူ ၁၉ ပြိုင်ပွဲ အုပ်စု (ခ) တတိယ ပွဲစဉ်မှာ မြန်မာက မလေးရှားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
မြန်မာယူ ၁၉ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၄၉ မိနစ်မှာ ကျော်ကိုကိုဦးက သွင်းယူပါတယ်။
ဒီပွဲအနိုင်ရလို့ မြန်မာအသင်းဟာ အုပ်စုကနေ နောက်တဆင့်ကို တက်နိုင်ရေးအတွက် မျှော်လင့်ချက် ရှိနေပါတယ်။
လက်ရှိ အုပ်စု (ခ) မှာ ရပ်တည်နေမှု အရ ဗီယက်နမ်က ဦးဆောင်နေပြီး မလေးရှားက ဒုတိယ၊ မြန်မာက တတိယနဲ့ အသီးသီး ရပ်တည် နေပါတယ်။
၃ သင်းစလုံး ရမှတ် ၇ မှတ်ခြင်း တူပေမယ့် သွင်းဂိုး ကွာခြားချက်ကြောင့် အခုလို ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပွဲစဉ် အနေအထားအရ မလေးရှားအသင်းက ပွဲစဉ် ၄ ပွဲ စလုံး ကစားပြီးသွားပေမယ့် မြန်မာနဲ့ ဗီယက်နမ်က တပွဲစီ ကစားဖို့ ကျန်နေပါတယ်။
သြဂုတ် ၃၁ ရက်နေ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ မြန်မာနဲ့ ဗီယက်နမ်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး မြန်မာက သရေ ကစားနိုင်ရင် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။