AA နှင့် တပ်မတော် တိုက်ပွဲဖြစ် တပ်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ဖမ်းဆီးမိထားဟုဆို

ဟိန်းကိုစိုး
ရန်ကုန် (မဇ္ဈိမ)
 
Photo: ဝဲမှယာ - ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်(KIA)၊ စစ်ဦးချုပ် ဗိုလ်မှူး ထွန်းမြတ်နိုင် (AA)၊ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်(AA) (ဓာတ်ပုံ။ ။ ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင့်တပ်မတော် (AA ) နှင့် မြန်မာတပ်မတော် တို့ မတ်လ ၂၉ရက် နံနက် ၁၂နာရီခွဲအချိန်နှင့် ၇ နာရီခွဲအချိန်တို့တွင် တိုက်ပွဲနှစ်ကြိမ်တိုင်ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က မဇ္ဈိမကို ပြောသည်။
၎င်းက "အခုထိတွေမှုဖြစ်တာက လုံးဝမရှောင်နိုင်တော့တဲ့ အခြေအနေမှာဖြစ်သွားတာ၊ အရင်လည်း အဲဒီဖက က ကျွန်တော်တို့ လှုပ်ရှားနေတာပဲ၊ အခုမှ တပ်ဖက်နဲ့ တွေ့ပြီး တိုက်ပွဲတွေဖြစ်တယ်၊ ထိတွေ့တဲ့ နေရာက တပ်စခန်းတော့ ဆုတ်သွားပြီ" ဟု ဆိုသည်။
မြန်မာ တပ်မတော် ခမရ ၂၈၉ လက်အောက်ခံ တပ်ဖွဲ့နှင့် AA တို့သည် ရခိုင်ပြည်နယ်၊ ပလက်ဝအနောက်ဖက်နှင့် ကျောက်တော်မြောက်ဖက် အကြားတွင် ည ၁၂နာရီခွဲတွင် မိနစ် ၃၀ ခန့်နှင့် နံနက် ၇ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
တပ်စခန်းဆုတ်ခွာအပြီး ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးနှင့် အတူ MA 1 နှစ်လက်၊ MA-3 ၁လက်၊ ပွိုင့် ၄၅ တစ်လက်၊ ကျည်ဆံနှင့် တစ်ခြားစစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ရခိုင်တပ်မတော်မှ သိရသည်။

_____မဇ္ဈိမ

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။