ရက္ခိုင့်တပ်မတော်(AA) နှင့်မြန်မာ့စစ်တပ်တို့ ရခိုင်-ဘင်္ဂလားနယ်စပ် တစ်နေရာတွင်တိုက်ပွဲဖြစ်ပွား


တောက်ထိန် (ထိုင်းနိုင်ငံ)
၂၉-၃-၂၀၁၅ Kyaukphru Youth Net News

၅ နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား - ဓာတ်ပုံ။ ။ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

၂၀၁၅ ခုနှစ်၊ မတ်လ (၂၉) ရက်၊ ညဥ့် ၁၂ နာရီ ၃၀ အချိန်တွင် ရက္ခိုင့်တပ်မတော်(AA) ရဲ့ အမှတ် (၅)ဗျူဟာလက်အောက်ခံစစ်ကြောင်းများနှင့် မြန်မာ့စစ်တပ်၊ တပ်ရင်း (၂၈၉)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း "ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန" လူမှုစာအမျက်နှာတွင်ဖော်ပြထားသည်။

တိုက်ပွဲအတွင်းနှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် မြန်မာ့စစ်တပ်မှ လက်နက်ကြီးဖြင့် (၃) ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ထိုနောက် မြန်မာစစ်တပ်မှ စခန်းစွန့်ခွါထွက်ပြေးကြကြောင့်သိရသည်။ ၂၉ ရက်နေ့ မနက် ၇ နာရီ ၃၀ အချိန်တွင် စခန်းစွန့်ခွါထွက်ပြေးကြသော မြန်မာစစ်တပ်နောက်သို့လိုက်လံ၍ နယ်မြေရှင်းလင်းရေးလုပ်ရာ ဒုတပ်ကြပ် နိုင်ထွန်း (ကပ/၉၉၂၀၈၄)
နှင့် တပ်သား နှစ်ယောက်ကို အရှင်ဖမ်းဆီးရမိကြောင်းသိရသည်။

တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ ဗိုလ်ကြီး ဇော်ထက်နိုင်ကျဆုံးပြီး၊ ပွိုင့် ၄၅ တစ်လက် ၊ MA-1 (၂) လက်၊ MA-3 (၁) လက် တို့အပါအဝင် စက်ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိကြောင်းနှင့် အရေးအတွက်ကို စိစစ်နေဆဲမို့ အတိအကျမသိရသေးကြောင်း "ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန"မှ တာဝန်ခံအရာရှိတစ်ဦးမှ
ပြောကြားသည်။

ယင်းတိုက်ပွဲသတင်းနှင့်ပတ်သက်၍ "ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန"ကိုဆက်သွယ်မေးမြန်းကြည့်ရာ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံအရာရှိတစ်ဦးက ၄င်းသတင်း ဟုတ်မှန်ကြောင်းနှင့် မြန်မာစစ်တပ်ဘက်မှဗိုလ်တစ်ဦးကျဆုံးပြီး ရက္ခိုင့်တပ်မတော် (AA)ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း၊ ဖမ်းဆီးထားသည့် မြန်မာစစ်သားတို့အား ကောင်းကောင်းမွန်မွန် ထိမ်းသိမ်းစောင့်ရှောက်ထားကြောင်းလည်း အတည်ပြုပြောကြားသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ၄င်းအရာရှိမှပြောကြားရာတွင် " တိုက်ပွဲဖြစ်တာဟုတ်တယ်ဗျ။ ညဥ့် ၁၂ နာရီ ၃၀ မှာစပြီးဖြစ်တယ်။ တညဥ့်လုံးဖြစ်တယ်။ တချို့စစ်သားတွေက ဆုတ်ပြေးတယ်။
တချို့ကခံပစ်တယ်။ ခဏလေးရပ်သွားလိုက် ပြန်ဖြစ်လိုက်နဲ့ပေါ့။ မနက်ပိုင်း ၇ နာရီ ၃၀ မှာတော့ တိုက်ပွဲကတော်တော်ကို ပြင်းထန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့ (မြန်မာစစ်တပ်)ဘက်ကလက်နက်ကြီးနဲ့ ၃ ချက်ပစ်တယ်။ ပြီးတော့ စခန်းကိုစွန့်ခွါထွက်ပြေးသွားကြတယ်" ဟုပြောကြားသည်။

ဆက်လက်၍ "ကျွန်တောတို့်တပ်မတော် (AA)ကရဲဘော်တွေ ထွက်ပြေးသွားတဲ့ ရန်သူ (မြန်မာ့စစ်တပ်)နောက်ကို လိုက်လံရှင်းလင်းရာမှာတော့ သေဆုံးနေတဲ့ ဗိုလ်ကြီး ဇော်ထက်နိုင်အလောင်း
ရယ်၊ ပြီးတော့ ဒုတပ်ကြပ် နိုင်ထွန်း (ကပ/၉၉၂၀၈၄)နှင့် တပ်သား နှစ်ယောက်တို့ကိုအရှင်ဖမ်းတယ်။ နောက်ပြီး ပွိုင့် ၄၅ တစ်လက် ၊ MA-1 (၂) လက်၊ MA-3 (၁) လက် တို့အပါအဝင် စက်ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိတယ်။ အရေအတွက်ကို စိစစ်နေဆဲမို့ အတိအကျမသိရသေးဘူး။ ဖမ်းဆီးခံထားတဲ့ စစ်သုံ့ပန်းတွေကိုတော့ ကျွန်တော်တို့က ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပါတယ်။
လက်မြှောက်ပြီး အရှုံးပေးလာတဲ့သူကို ကျွန်တော်တို့က ဘယ်တော့မှ ရက်စက်ယုတ်မာတဲ့လုပ်ရပ်မျိုးလုပ်မှာမဟုတ်ပါဘူး" ဟု ပြောကြားသည်။

မြန်မာစစ်တပ်ဘက်မှ စစ်ကူလိုက်လာကြောင်းနှင့် တိုက်ပွဲကပိုမိုပြင်းလာနိုင်ကြောင်းကိုလည်း ၄င်းအရာရှိမှ အခုလိုပြောကြားသွားသေးတယ်။ "ကျွန်တော်တို့ရရှိထားတဲ့ သတင်းအရ
တိုက်ပွဲက ပိုမိုပြင်းထန်လာမယ်။ ရန်သူဘက် (မြန်မာစစ်တပ်)က စစ်ကူလာနေတယ်။ ဒါကြောင့် တိုက်ပွဲကတော့ တော်တော်ပြင်းထန်အုံးမှာပဲဖြစ်တယ်"

ရက္ခိုင့်တပ်မတော်(AA)သည် ကိုးကန့်ဒေတွင် မဟာမိတ်တပ်တို့နှင့်အတူ တိုက်ပွဲဝင်နေသလို မဟာမိတ် KIA နယ်မြေတွင်လည်း မဟာမိတ်တပ်တို့နှင့်အတူ လှုပ်ရှားနေသည့်တပ်မတော် တစ်ခုလည်းဖြစ်သည်။

ရက္ခိုင့်တပ်မတော်ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ KIA နယ်မြေတွင်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ နေ့ဆိုရင် ၆ နှစ်ပြည့်တော့မည်ဖြစ်သည်။ ရခိုင့်တော်လှန်ရေးတပ်မတော်တို့တွင် ရက္ခိုင့်တပ်မတော် (AA)သည်အင်အားအကောင်းဆုံးသော တပ်မတော်တစ်ခုဖြစ်သည်။ တပ်သား တစ်ထောင်ခန့်ရှိပြီး၊ ရခိုင်ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း အပြည့်အဝရရှိထားသည့် တပ်မတော်တစ်ခုလည်းဖြစ်သည်။

-------------------------------------

ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။