ယင်လပ်ကို လမ်းခွဲပြီးနောက် ထိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲ

တကယ်တမ်းဇာတ်လမ်းအ ဆုံးသတ်မှာတော့ ယခုကဲ့သို့   ဖြစ်ရ သည်မှာ အများမျှော်လင့်သလို ဆန်ပြဿနာကြောင့်မဟုတ်။

ယခုနှစ်အတွင်း အတိုက်အခံများက ၀န်ကြီးချုပ်ယင်လပ် ကို ဆန့်ကျင်ဆန္ဒပြသည့် အ ကြောင်းအရာ   အများစုသည် ယင်လပ်၏ ခွက်ခွက်လန်ရှုံးခဲ့ သည့် ဆန်စပါးဆိုင်ရာမူဝါဒ ကြောင့်ဖြစ်သည်။ ဆန်စပါးမူဝါဒ မှားယွင်းကျင့်သုံးခဲ့သည့်အတွက် သီးနှံတွေဆုံးရှုံးခဲ့သည့်အပြင် ပြည်သူ့ဘဏ္ဍာငွေများစွာဆုံးရှုံးခဲ့ရသည်။

ထိုအချက်က ယင်လပ် ကို ၀န်ကြီးချုပ်နေရာမှ ဖယ်ရှားရန်လုံလောက်သော အကြောင်းပြချက်ဖြစ်သည်။  သို့ရာတွင် တ ကယ့်လက်တွေ့မှာ  ထိုင်းနိုင်ငံအကျင့်ပျက်ခြစားရေး တိုက်ဖျက်မှုကော်မတီက ယင်လပ်၏ ဆန် ပြဿနာကို ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး အရေးယူဖို့ အခွင့်အရေး မရမီမှာပင် ၀န်ကြီးချုပ်ယင်လပ် ရာထူးမှလုံးဝဖယ်ရှားပေးလိုက်ရ သည်။

ထိုင်းနိုင်ငံအခြေခံဥပဒေ ဆိုင်ရာတရားရုံးက ယင်လပ်ခ် သည် အာဏာကို အလွဲသုံးစား လုပ်ပြီး နိုင်ငံ၏ လုံခြုံရေးအရာရှိ ကို ဖြုတ်ချခဲ့သည့်အပြစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအချိန်တွင်  သူ နှင့် အတူ အစိုးရအဖွဲ့တွင်ရှိနေခဲ့ ကြသည့် ထိပ်တန်းဝန်ကြီး ဆယ် ဦးကိုလည်း ရာထူးမှ ဖယ်ရှားလိုက်ပါသည်။ ထိုစီရင်ချက်က ထိုင်းနိုင်ငံတရားစီရင်ရေး၌အဂတိ လိုက်စားမှုအားနည်းချက် နှင့် ပတ်သက်ပြီး စိုးရိမ်စိတ်များ တိုးလာစေပါသည်။

အခုတော့ ဘာတွေဖြစ်ကုန်ပြီလဲ
ပထမဆုံးပြဿနာက ယင် လပ်၏ နေရာကို အစားထိုးလိုက် သော နီဝပ်သန်ရွန်ဘွန်ဆွန်ပိုင် ဆန်ကိုလည်း ယင်လပ်ကို ရာထူးက ဖယ်ရှားအောင်လုပ်ခဲ့သူများ သဘောကျလက်ခံလာဖို့ ခက်ပါသည်။ သူက ယင်လပ်၏ ဒုဝန်ကြီးချုပ်ဖြစ်ပြီး ဆန်စပါးပြဿနာတွင်ယင်လတ်တို့ကဲ့သို့ပင် တာဝန်ရှိ သူတစ်ဦးဖြစ်သည်။

ထို့အပြင် ယင်လပ်ကို ကြိုးကိုင်နေသည်ဟု ပြောဆိုကြသော  ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့်လည်း နီးစပ်သည်။ သို့သော်အစိုးရအနေဖြင့် လည်း အတိုက်အခံက ကြိုက် သူကိုသာ  ရွေးချယ်ခန့်အပ်ရန် သတ်မှတ်ထားချက်တော့ မရှိပေ။

ဒုတိယပြဿနာက ထိုင်း အရပ်သားများ၏ ဆန္ဒပြမှုများ ကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်လာနိုင်ခြင်းပင်။ ရှပ်နီဝတ်ဟုခေါ်သော အစိုးရကို ထောက်ခံသူများက တရားရုံး၏ ဆုံးဖြတ်ချက် က ယခုကဲ့သို့ဆိုလျှင် သူတို့အနေ ဖြင့် ဆန္ဒပြမှုများထပ်လုပ်မည်ဟု သတိပေးထားသည်။

‘‘သူတို့အနေနဲ့ သေချာစဉ်း စဉ်းစားစားလုပ်သင့်တယ်’’ဟု ရှပ်နီဝတ်များ၏ခေါင်းဆောင် ဂျတူပွန်ဖရွန်ဖန်ကပြောကြား သည်။

ပြည်တွင်းစစ်ပွဲဖြစ်လာမည် ဟုလည် သူက သတိပေးခဲ့၏။ အစိုးရကို ထောက်ခံသူများက ထကြွအုံကြွလျှင် သူတို့နည်းတူ ၀န်ကြီးချုပ်ယင်လပ်   ပြုတ်ကျ  အောင် နည်းမျိုးစုံသုံးပြီး ကြိုးပမ်း နေသော အတိုက်အခံဘက်ကလည်း ထကြွအုံကြွမှုများပြုလုပ် မည်ဖြစ်သည်။

တတိယပြဿနာက ပြင်ပမှ ဖြစ်နိုင်သလို ပြည်တွင်းကလည်း ဖြစ် နိုင်သည်။ ဘယ်သူကမှားပြီး ဘယ်သူကမှန်သည်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောရန်ခက် လှသည်။ တစ်ဖက်က ကြည့်လျှင် ဒီမိုကရေစီနည်းကျရွေးကောက် တင်မြောက်ထားသော အစိုးရကို ဖြုတ်ချသည်မှာ မှားသကဲ့သို့ ရှိ သည်။ ယင်လပ်ရော သူ့အစ်ကို သက်ဆင်ပါ ကိုယ်ရေးကိုယ်တာ ပြဿနာများ မည်သို့ပင်ရှိနေကာ မူ ဒီမိုကရေစီနည်းအရ ရွေး ကောက်တင်မြောက်ထားသူများ ဖြစ်ကြသည်။

ထိုင်းနိုင်ငံက ချမ်းသာသူ လူနည်းစုကသာ သူတို့၏ ရပ် တည်ချက်များ၊ လုပ်ဆောင်ချက် များကို မကြိုက်ကြခြင်းဖြစ်သည်။ အခြားတစ်ဖက်ကလည်း ယင် လပ်သည် သူ့အစ်ကို သက်ဆင်၏ ရုပ်သေးရုပ်ဆိုပါက ထိုင်းနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ်တွင် တစ် နည်းနည်းဖြင့် နှောင့်ယှက်ဟန့် တားမှုများလုပ်နိုင်သည်။ ယခု ထိုင်းနိုင်ငံတွင် လူအများစုက ရွေးကောက်ခံရသော ကိုယ်စားလှယ် တစ်ဦးအဖြစ် သူ၏ အခွင့်အရေး ကို တောင်းဆိုနေကြသည်။ မည်သူကမျှ ယင်လပ်သည် မတရား သော ပြိုင်ဆိုင်မှုဖြင့် ယင်းနေရာ ကို ရထားသည်ဟု မယူဆကြပါ။

   စတုတ္ထပြဿနာက  လ အနည်းငယ်မျှသာလိုတော့သည့် ဇူလိုင်လ ၂၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည်။ သို့ရာ တွင် အတိုက်အခံပါတီရော ဒီမို ကရက်တစ်ပါတီဝင်များပါ ပါဝင် ယှဉ်ပြိုင်မည်ကို သဲသဲကွဲကွဲမရှိ ကြသေး။ ထို့ထက်ပိုသည်ကား သူတို့က ရွေးကောက်ပွဲကို ဖျက် သိမ်းရန် ပေါ်ပေါ်တင်တင်ပြောဆို နေကြခြင်းပင်။

ယခုနှစ် ဖေဖော်ဝါရီလက လည်း တရားမ၀င်ဟု ကြေညာခံ ရသည့် မဲရလဒ်များနှင့် ပတ်သက် ပြီး နှစ်ဖက်အကြား အငြင်းပွားမှု များဖြစ်ပွားခဲ့ကြပြီးဖြစ်သည်။

ရွေးကောက်ပွဲအသစ်က သာ အတိုက်အခံများလက်ခံနိုင် မည့်သူ  တစ်စုံတစ်ယောက်ပေါ် လာရန် အကြောင်းရှိလာနိုင်သေး သည်။ အခြားတစ်ဖက်က တစ် ဖက်နှင့် ညှိနှိုင်းဆွေးနွေးရန်ရော ရလဒ်ကို လက်ခံဖို့ပါ ငြင်းဆန်နေ သည့် အချိန်မျိုးတွင် ဒီမိုကရေစီ စနစ်က ဘယ်လိုများ ရှေ့ဆက် ချီတက်နိုင်စရာရှိပါမည်နည်း။

လွယ်ကူသော အဖြေကား မရှိ။ မည်သည့်ဘက်ကမှ နိုင်ငံ ရှေ့ဆက်ချီတက်နိုင်ဖို့ အပေးအ ယူလုပ်ချင်ပုံမရ။တစ်ချိန်တည်း မှာပင် နိုင်ငံကား ပြည်တွင်းမငြိမ် သက်မှုဒဏ်ကို ခံစားနေရပြီ။ အိမ် နီးချင်းဖိလစ်ပိုင်နိုင်ငံက တိုးတက် နှုန်း ၇ ရာခိုင်နှုန်းရှိလာသည့် အချိန်တွင် ထိုင်းက ၂၀၁၄ ဘဏ္ဍာရေးနှစ် ပထမသုံးလတွင် နှစ်စဉ် တိုးတက်မှုနှုန်း ၂ ဒသမ ၇ ရာခိုင် နှုန်းအောက်  ကျသွားခဲ့သည်။ ၂၀၁၃ခုနှစ်က ၂ ဒသမ ၉ ရာခိုင် နှုန်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများကလည်း အကောင်းမမြင်တော့ပေ။ HSBC ဘဏ်ကြီးက ထိုင်းနိုင်ငံတွင် သူ၏လုပ်ငန်းများကို လျှော့ချနေပါ သည်။ နိုင်ငံရေးမသေချာမှု ကြောင့် စိတ်ဓာတ်များ ကျဆင်း လာသလို အစိုးရ၏ ဘဏ္ဍာရေး အခြေအနေက ဆိုးရွာလာသည့် အတွက် ဒေသတွင်း စီးပွား ရေးအနှေးကွေးဆုံးဖြစ်လာသည် ဟုလည်း HSBC က မကြာသေး မီက ရေးသားခဲ့သည်။

‘‘ဈေးကွက်က ဈေးကြီးသ လို ရှိသင့်တာထက် ဈေးကြီးနေ တယ်။ လက်ရှိအခြေအနေ ကြောင့် ထိုင်းဈေးကွက်ကို ယုံ ကြည်မှုက အနည်းငယ်သာရှိ တယ်။ နိုင်ငံရေးအကျပ်အတည်း အခြေအနေတွေက တကယ့်ကို  အန္တရာယ်များလှတယ်။ အဲဒါတွေ ရှိနေသရွေ့ ကျွန်တော်တို့ ဒီဈေး ကွက်ကနေ ဝေးဝေးမှာပဲ နေချင် ပါတယ်’’ဟုဆိုသည်။

ထိုအချက်ကို HSBC ဘဏ်  ကြီးက ၀န်ကြီးချုပ် ယင်လပ်ရာ ထူးမှ မဆင်းပေးမီက ရေးသား ခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်းမနက်ဖြန်တွင်လည်း လက်ရှိထက် ပိုပြီး အကောင်းမြင်လာနိုင်ရန် အ ကြောင်းမရှိသေးပါ။ စီးပွားရေး မြှုပ်နှံသူများအတွက် ထိုင်းနိုင်ငံ ထက်သာသော အလားအလာ ကောင်းသည့် နေရာကို အရှေ့ တောင်အာရှတစ်လွှားက မည် သည့်နေရာမဆို ရှာဖွေနိုင်ပါလိမ့် မည်။

(Forbes မဂ္ဂဇင်းပါ ဆောင်းပါးရှင် Chris Wright ရေးသားသော Thailand Says Goodbye To Ousted PM Yingluck, What Comes Next? ဆောင်းပါးကို ထားထားမြင့်ဘာသာပြန်ဆိုသည်။)
 
http://7daydaily.com/story/10478#.U22MVEDNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။