ပြင်သစ်တွင်ကျင်းပမည့် ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်ပွဲသို့ ပူတင်တက်ရောက်မည်


မေလ ၉ ရက်က မော်စကိုမြို့ ရင်ပြင်နီတွင် ကျင်းပသော Victory Day အခမ်းအနားတွင် ရုရှားသမ္မဗလာဒီမာပူတင် တပ်မတော်အရာရှိများနှင့် တွေ့ဆုံနေစဉ် (Mikhail Klimentyev/Reuters)
 
ဇွန်လတွင် ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ် နှစ်ပတ်လည်အခမ်းအနားသို့ ရုရှားသမ္မတပူတင် တက်ရောက် မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောကြားသည်။ ယင်းမှာ ယူက ရိန်းအရေးဖြစ်ပွားပြီးနောက်ပိုင်း ပူတင်နှင့် အနောက်နိုင်ငံခေါင်း ဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း နာ ဇီဂျာမနီကို တွန်းလှန်နိုင်သော ပြင်သစ် နော်မန်ဒီကမ်းတက် တိုက်ပွဲ နှစ်ပေါင်း ၇၀ မြောက် အခမ်းအနားကို ဇွန်လ ၆ ရက် တွင် ကျင်းပမည်ဖြစ်ပြီး ယင်းအ ခမ်းအနားသို့ အမေရိကန်သမ္မတ အိုဘားမားနှင့် ဂျာမနီအဓိပတိ အန်ဂျလာမာကယ်လ်တို့ တက် ရောက်မည်ဖြစ်သည်။

ရုရှားသံအမတ်ကြီး အလက် ဇန္ဒားအိုလော့က ပူတင်အခမ်း အနားတက်ရောက်မည့်အ ကြောင်းကို BFM ရုပ်သံအား အ တည်ပြုပြောကြားခဲ့သည်။ ယင်း မတိုင်မီတွင် ရုရှားခေါင်းဆောင် အား အခမ်းအနားအတွက် ကြို ဆိုမည်ဖြစ်ကြောင်း ပြင်သစ်သမ္မ တနှင့် ကာကွယ်ရေးဝန်ကြီးတို့က ပြောကြားကြသည်။

ပူတင်သည် အိမ်နီးချင်းယူ ကရိန်းနိုင်ငံကို မတည်မငြိမ်ဖြစ် စေသည်ဟု အနောက်နိုင်ငံများ ၏ စွပ်စွဲမှု ခံထားရသည်။ ပူတင် အား ဖိတ်ကြားမှုကို ဖျက်သိမ်း ခြင်းမှာ သမိုင်းနှင့်ပတ်သက်၍ စော်ကားမှုတစ်ရပ်ဖြစ်နိုင်သည် ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဂျင်ဗက်စ်လီဒရီယန်က ပြော ကြားသည်။      
 —Ref: Reuters

http://7daydaily.com/story/10449#.U22OREDNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။