၂၀၁၄ ခုနှစ် ၊ ဧပြီလ (၁၀) ရက် ၊ (၅) နှစ်မြောက်ရက္ခိုင့်တပ်မတော်နေ့တွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ပြောကြားသော မိန့်ခွန်း။

၂၀၁၄ ခုနှစ် ၊ ဧပြီလ (၁၀) ရက် ၊ (၅) နှစ်မြောက်ရက္ခိုင့်တပ်မတော်နေ့တွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ပြောကြားသော မိန့်ခွန်း။

ရက္ခိုင့်တပ်မတော် (၅) နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကိုကြွရောက် ချီးမြှင်လာကြတဲ့ မဟာမိတ်တပ်ဖွဲ့ အသီးသီးကထိပ်ပိုင်းခေါင်းဆောင် များ၊ ပြည်တွင်းပြည်ပ အသီးသီးကဖိတ်ကြားထားတဲ့ အထူးဧည့် သည်တော် များ၊ ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်နှင့်တကွ စစ်သည်စစ်မယ်များ၊ ရဟန်းရှင်မိဘပြည်သူများ၊ အင်တာနက် အွန်လိုင်းပေါ်ကတစ်ဆင့် ကြည့်ရှုနေကြတဲ့ ကျနော်တို့ရဲ့ရဲဘော်ရဲဖက်များ အားလုံးကို လေးစား ပါကြောင်း ဦးစွာ ပထမပြောကြားလိုပါတယ်။

ကျနော်ကတော့ ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက္ခိုင့်တပ်မတော်ရဲ့ တပ်မတော်နေ့ဖြစ်တယ်။ ဒီဧပြီလ (၁၀) ရက်နေ့ဟာ ရက္ခိုင့်တပ်မတော်ကို ဖွဲ့စည်းတည်ထောင်လိုက် တဲ့နေ့ဖြစ်တဲ့အပြင် ရက္ခိုင့်တပ်မတော်၊ ရက္ခိုင်လူမျိုးတွေအတွက် ထူးခြားလေးနက်ပြီး သမိုင်းဝင်တဲ့နေ့တစ်နေ့ဖြစ်တယ်ဆိုတာလည်း မမှားပါဘူး။ ကျနော်ပြောရဲပါတယ်။ ရက္ခိုင်လူမျိုးတွေ အတွက် ဒီနေ့လိုမျိုးအခမ်းအနားဆိုတာ တော်လှန်ရေးသက်တမ်း လေးငါးဆယ် အတွင်းမှဘယ်တုန်း ကမှမရှိခဲ့ပါဘူး။ ဒါကြောင့် ရက္ခိုင်လူမျိုး တစ်ယောက်အနေနဲ့ရော၊ ရက္ခိုင့်တပ်မတော်အနေနဲ့ ရော များစွာ ဝမ်းမြောက် ဂုဏ်ယူ ကြောင်း ကိုလည်း ထပ်လောင်းပြောကြားလိုပါတယ်။

ကျနော်တို့အနေနဲ့ ဒီရက္ခိုင့်တပ်မတော်နေ့ကို ရက္ခိုင့်တပ်မတော် ဖွဲ့စည်းတည်ထောင်ပြီးကတည်းကပင် နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ တပ်မတော်နေ့ရောက်တိုင်း ထူးခြားတိုက်ဆိုင်မှုတွေအများကြီးကြုံခဲ့ရပါတယ်။ ကျနော်တို့ မနှစ်ကလည်း ဒီနေရာမှာပဲ၊ ဒီကွင်းမှာပဲ လေးနှစ်မြောက်တပ်မတော်နေ့ အခမ်းအနားကို ကျင်းပပြု ခဲ့တယ်။ ဒီနှစ်လည်းပဲ ဒီနေရာမှာကျင်းပပြုလုပ်ခွင့်ရတယ်။ ကျနော်တို့ဒီတပ်မတော်နေ့အခမ်းအနားကို စိုးရိမ်မှု တွေနှင့်တော့ရှိခဲ့ပါတယ်။ ဘာလို့ဆိုတော့ မနေ့ က (၉) ရက်နေ့ ည (၂) နာရီလောက် ကတည်းကမိုးတွေသည်း သည်း မဲမဲ ရွာတယ်။ လေတွေတိုက်တယ်ဆိုတော့ ဒီနေ့အခမ်းအနားက ဒီလိုမျိုးတော့ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ကျနော်တို့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ရာသီဥတု မိုးလေဝသကလည်း ကျနော်တို့ ရက္ခိုင့် တပ်မတော်အတွက်အဖက်ဖက်က သာယာပေးတဲ့ အတွက်ကြောင့်လည်း ရာသီဥတုကိုကျေးဇူးတင်ပါတယ်။

ရက္ခိုင့်တပ်မတော်အနေနဲ့ အဂုလိုမျိုး တပ်မတော်နေ့အခမ်းအနား ကို နှစ်စဉ်နှစ်တိုင်းကျင်းပလာတာအဂု ၂၀၁၄ ခုနှစ်ဆိုရင် ငါးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်။ ဒီနေ့ဆိုရင် ရက္ခိုင့်တပ်မတော်ရဲ့ သက်ဆိုင်ရာစစ်ဒေသအသီးသီးမှာ ဒီလိုမျိုး အခမ်းအနားကို အခမ်းနားဆုံးမဟုတ်ရင်တောင်မှ ပတ်ဝန်းကျင်ကပေးတဲ့ ရာသီဥတု အခြေအနေ၊ ဒေသန္တရနိုင်ငံရေးအခြေအနေ အပေါ်မှာ မူတည်ပြီးတော့အသီးသီးကျင်းပပြုလုပ်နေကြတယ်။ ရက္ခိုင့်တပ်မတော် နေ့ ကို ရက္ခိုင်ရဲဘော်တွေက ဘယ်နေရာ ဘယ်ဒေသမှာပဲကျင်းပပြုလုပ် သည်ဖြစ်စေ အနှစ်သာရနှင့်လေးနက်မှု ရှိတာကတော့ အတူတူပဲဖြစ်တယ်။

အဂုလိုမျိုး ရက္ခိုင့်တပ်မတော်နေ့ ကျင်းပပြုလုပ်ခြင်းအားဖြင့် ရဲဘော်ရဲဖက်တွေကြားမှာ ချစ်ကြည်ရင်းနှီးမှုတွေ တိုးပွားလာတယ်။ တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လျစ်ခိုင်ခန့်စေတယ်။ ဒါ့အပြင် ရက္ခိုင်ပြည်သူလူထု နှင့် ရက္ခိုင့်တပ်မတော်အကြားမှာနားလည်မှု၊ ယုံကြည်မှု၊ ထောက်ခံမှုတွေကိုပိုပြီးဖွံ့ဖြိုးတိုးတက်တာစေတာ ကတော့ အမှန်ပင်ဖြစ်တယ်။ နောက်တစ်ချက်ကတော့ ကျနော်တို့ မဟာမိတ် အဖွဲ့အစည်းများကြားထဲမှာလည်း ရက္ခိုင့် တပ်မတော် ရပ်တည်ချက်နှင့် ရက္ခိုင့်တပ်မတော်ရဲ့မူဝါဒတွေကို ပိုမိုရှင်းလင်းနားလည် သဘောပေါက်လာစေ တယ်။

ကျနော်တို့ (၅) နှစ်မြောက်ရက္ခိုင့်တပ်မတော်နေ့အခမ်းအနားကို ဦးတည်ချက် (၄) ဖြင့် ရပ်ဖြင့်ကျင်းပ ပြုလုပ် နေခြင်းဖြစ်တယ်။ အဲဒီ ဦးတည်ချက် (၄) ချက်ကတော့-

(၁) ရက္ခိုင့်တပ်မတော်မှ နိုင်ငံနှင့်လူမျိုးအတွက်ခံယူအပ်သော သစ္စာ အဓိဌာန် (၅) ချက်ကို အလေးအနက် လိုက်နာကျင့်သုံးပြီး စည်းကမ်းသေဝပ်မှု၊ အမိန့်နာခံမှုကောင်းသော အမျိုးသားတော်လှန်ရီးတပ်မတော်တစ်ရပ် အဖြစ် ခေတ်နှင့်အညီပီပြင်ပေါ်လွင်စွာ ကြိုးစားတည်ဆောက်ရေး။

(၂) ကမ္ဘာအရပ်ရပ်တွင် ပြန့်ကြင်းရောက်ရှိနေကြသော ရခိုင်လူမျိုးများ မိမိတိုင်းပြည်သို့ပြန်လာနိုင်ရေးနှင့် ရခိုင် တော်လှန်ရေးအင်အားစုများ နှင့်လက်နက်ကိုင်တပ်အသီးသီးတွင်ရောက်ရှိနေကြသော ရခိုင်စစ်သည်များ အားလုံး ရက္ခိုင့်တပ်မတော်၏ အလံတော်အောက်သို့ တစ်စည်းတစ်လုံးတည်းရောက်ရှိရေး။

(၃) ရခိုင်အမျိုးသားညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးရေး နှင့် ညီလာခံမှ ချမှတ်လာမည့် အမျိုးသားရေးမဟာဗျူဟာ၊ နည်းဗျူဟာများကို လက်တွေ့ကျသော အကောင်အထည်ဖော် ဆောင်ရွက်မှု အခန်းကဏ္ဍတွင် ကြိုးပမ်းဝင်ရောက်ထမ်းဆောင်ရေး။

(၄) ရခိုင်အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်ကို အထမြောက်အောင်မြင်လာအောင်ဆက်လက် ကြိုးစားဆောင် ရွက်၍ ရခိုင်လူ့အဖွဲ့အစည်း ခါးစည်းရင်ဆိုင်ခံစားနေရသော ကိုလိုနီပြုမှုဒဏ်အမျိုးမျိုးကို နိုင်ငံတကာမှ အမှန် အတိုင်းသိမြင်လာရန် အတွက် ပြည်သူများနှင့်အတူတကွ လက်တွဲချီတက်ရေး။

အစရှိသည့်ဦးတည်ချက်(၄) ရပ်နှင့်အတူ ကျနော်တို့ (၅) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။

လေးစားအပ်သောဂုဏ်သရေရှိလူကြီးမင်းများ နှင့်ကြွရောက်လာကြသော ရက္ခိုင်မိဘပြည်သူများ အပါအဝင်ပြည်သူလူထုများခင်ဗျား
ကျနော်တို့ ရက္ခိုင့်တပ်မတော်အနေနဲ့ မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေး နှင့် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ကျရာနေရာ ကျသည့်တာဝန်များကို မိတ်ဆွေအဖွဲ့အစည်းများနှင့်အတူ ခိုင်ခိုင်မာမာနဲ့ရပ်တည်သွားမယ်ဆိုတာ ကို အလေးအနက်ပြောကြား လိုပါတယ်။

ဆက်လက်ပြီးခိုင်မာဖို့အတွက်လည်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနှင့်အတူလက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကိုလည်းထပ်လောင်း ပြောကြားလိုပါတယ်။
ဒီလိုချီတက်တိုက်ပွဲဝင်နေကြတဲ့မိတ်ဆွေအဖွဲ့အစည်းများအနေဖြင့်လည်း တော်လှန်ရေးသတိနိုးနိုးကြားကြား ရှိကြလိမ့်မယ်လို့ ရက္ခိုင့်တပ်မတော်အနေနဲ့အပြည့်အဝယုံကြည်ပါတယ်။

ကျနော်တို့အနေနဲ့ တော်လှန်ရေး သတိလက်လွတ်ရခြင်းရဲ့ အကျိုးကျေးဇူးဆက်တွေရဲ့နောက်ဆက်တွဲတွေကို သတိသံဝေဂယူပြီးတော့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်း၊ အခက်အခဲတွေ ကိုအဆင့်တိုင်း အဆင့်တိုင်းမှာသတိကြီးစွာနဲ့ ဖြတ်သန်းဖို့ကို အလေးအနက်ထားကာ ပညာရှိသတိဖြစ်ခဲ အဖြစ်မျိုး မဖြစ်ရအောင်လည်း တိုက်တွန်းပြောကြား လိုပါတယ်။ ဒါကြောင့်တော်လှန်ရေးသတိကို ရက္ခိုင့်တပ်မတော်အနေနဲ့ရော၊ တက်ရောက်လာကြတဲ့ မဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းတိုင်း အမြဲတမ်းနိုးနိုးကြားကြားရှိနေသင့်တယ်လို့ ကျနော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့ မျှော်လင့်ပါတယ်။
လေးစားအပ်ပါသောလူကြီးမင်းများခင်ဗျား
ကျနော်တို့မဟာမိတ်အဖွဲ့အစည်းများတွေအနေဖြင့်နောက်ထပ်သတိထားစရာတစ်ခုကတော့အဂုလက်ရှိ မြန်မာ့ နိုင်ငံရေးက မရှင်းမလင်းနဲ့လူမျိုးအချင်းချင်း ကြားသွေးထိုးရန်တိုက်ပေးမှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ နိုင်ငံရေး ပရိယာယ် လှည့်ကွက်တွေထဲမှာအစိုးရရဲ့ကတိတွေအထပ်ထပ်နဲ့ သွားနေတာကတော့ဒုံရင်းဒုံရင်းပါပဲ။

ကျနော်တို့အားလုံး ဒီလိုမျိုးအနေအထားကိုလည်း နားလည်လက်ခံထားကြတယ်။ ပိုပြီးသိသာထင်ရှားတဲ့ ဥပမာတစ်ခုကတော့ လက်ရှိ အစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက် မလိမ့်တပတ် ဆွဲသွင်းရင်း ကျနော်တို့တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို လုံးပါးပါးလာအောင် တစ်ရက်ထက် တစ်ရက် ပြုလုပ်နေတာပါပဲ။ ဒါကြောင့် ကျနော်ရို့အားလုံးမျှော်လင့်ထားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကလည်း အစိုးရရဲ့ မရိုးသားမှုအောက်မှာတော့ လက်ရှိအနေအထား နှင့်ကတော့ အလှမ်းဝေးနေအုံးမှာပဲ။

ရက္ခိုင်မိဘပြည်သူတွေကိုမှာကြားလိုတာကတော့
ရက္ခိုင့်တပ်မတော်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးနှင့်လက်တွဲပြီးတော့ အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ကျော်ဖြတ်ပြီးတော့ ပြည်သူတွေ လိုချင်တဲ့ အောင်ပွဲကို မရရအောင်ရှေ့ဆုံးကဦးဆောင်တိုက်ပွဲဝင်သွား မယ်ဆိုတာပါပဲ။ဒါကြောင့်မိဘပြည်သူများအနေဖြင့်လည်း အမျိုးသားရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်မှာ နိုင်ရာ တာဝန်ကို တာဝန်ခံမှုအပြည့်၊ တာဝန်ယူမှုအပြည့်နဲ့ ကျေပွန်စွာထမ်းဆောင်ကြဖို့ ကိုလည်း အလေးအနက် တိုက်တွန်းမှာကြားလိုပါတယ်။

နောက်တစ်ချက်ကတော့အဂု လာမည့် ဧပြီလ (၂၇ ) ရက်ကနေ မေလ (၁) ရက်ထိ ငါးရက်တာကျင်းပပြုလုပ် မည့် ကျောက်ဖြူ ရခိုင်အမျိုးသား ညီလာခံကြီးကို ရက္ခိုင့်တပ်မတော်အနေဖြင့်အပြည့်အဝထောက်ခံပြီး ရက္ခိုင် မိဘ ပြည်သူလူထုအပေါင်းတို့ကလည်းအလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံက ကိုယ်ကျရာနေရာက ပါဝင်ကြဖို့ ကိုလည်း တိုက်တွန်း ပြောကြား လိုပါတယ်။

မကြာခင်ကျင်းပမည့် ကျောက်ဖြူညီလာခံဆိုတာကလည်း ရက္ခိုင်လူမျိုးတို့အတွက် ( အမျိုးသားရေးမဟာ ဗျူဟာ ၊နည်းဗျူဟာများ၊ ဆုံးဖြတ်ချက်များ၊ လုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်ချမှတ်ကြမည့်) သမိုင်းဝင် ညီလာခံတစ်ရပ်ဖြစ်ဖို့အတွက်ကျနော်တို့ ရခိုင်တစ်ယောက်ချင်းစီမှာ တာဝန်ရှိပြီး အမျိုးသားရေးအသိဖြင့် တာဝန်ယူဖို့အတွက် ဒီနေရာက ထပ်လောင်းပြီးတော့ပြောကြားလိုပါတယ်။
မဟာမိတ်ကချင်တပ်မတော်နှင့်ကချင်မိဘပြည်သူတို့ကို ရက္ခိုင့်တပ်မတော် ကိုယ်စား ပြောကြားလိုတာကတော့ ကျနော်တို့ရက္ခိုင့်တပ်မတော်ဟာ ကချင်မြေမှာ အခြေစိုက်ခွင့်ရတဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကို အထူး ကျေးဇူးတင်ကြောင်းအလေးအနက်ပြောကြားလိုပါတယ်။

ဒီလိုမျိုးအခြေချခွင့်ရတဲ့အခိုက်အတန့်အတော အတွင်းမှာ ကျနော်တို့ရဲဘော်တွေရဲ့အပြောအဆို၊အပြုအမူ၊အနေအထိုင်တွေမှားယွင်းပြုမူခဲ့လျှင်လည်း အိမ်ရှင် မိတ်ဆွေ တို့အနေနဲ့ ရက္ခိုင့်တပ်မတော်အပေါ်မှာ ခွင့်လွှတ်နားလည်စာနာပေးကြပါရန်နှင့် ငြိုငြင်စိတ် အလျဉ်းမရှိ ဖို့ ကိုလည်း တော်လှန်ရေး၏ လေးနက်သော သစ္စာတရားနှင့်အတူ ပြောကြားလိုပါတယ်။

လေးစားအပ်ပါသော ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား
ဒီနှစ်ငါးနှစ်မြောက်တပ်မတော်နေ့အခမ်းအနားကို တော်လှန်ရေးရင်ခုန်သံ အပြည့်ဖြင့် ပံ့ပိုးကူညီပေးကြသော UNFC ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လှ အပါအဝင် မိမိတတ်နိုင်သည့်အရာမှန်သမျှကို တတ်နိုင်သလောက် ကူညီ ပေးကြတဲ့ မဟာမိတ် အဖွဲ့အစည်းအသီးသီးများ၊ ငွေရေးကြေးရေး အပြင် အခြားသောအကူအညီများကိုလည်း အားတက်သရော ပံ့ပိုးကူညီပေးကြတဲ့စီးပွားရေးလုပ်ငန်းရှင်များ၊ ရက္ခိုင့်တပ်မတော်စတင် ဖွဲ့စည်းစကတည်း ကပင်အခုအချိန်ထိ မညည်းမညူ ပံပိုးကူညီပေးကြတဲ့ ရဲဘော်ရဲဖက် ညီအစ်ကိုများ၊ မိတ်ဆွေရဲဘော်များကို အထူးကျေးဇူး တင်ရှိပါကြောင်းပြောကြားရင်း (၅) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ အခမ်းအနားတွင် ကျနော်ရဲ့အားပေးစကားကိုနိဂုံးချုပ်အပ်ပါတယ်။

===========
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန'
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။