ရခိုင့်အမျိုးသားညီလာခံကိစ္စ အင်တာဗျူး(Interview)

ရခိုင့်အမျိုးသားညီလာခံကိစ္စ အင်တာဗျူး(Interview)

(၂၆-၂-၂၀၁၄)နိက နေပြည်တော်ရှိ Mount Pleasant Hotel မှာ ကျင်းပပြုလုပ်တေ သန်ခေါင်စာရင်းကောက်ယူရေးကိစ္စမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီတိကို ရိုဟင်ဂျာနာမည်နန့် စာရင်းမကောက်ဖို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို တင်ပြဖို့လားဖြစ်ခပါရေ။ကျွန်တော်ရို့၏ ခရီးစဉ်မှာ ရခိုင်လူမျိုးကိုယ်စားအဖြစ် ၀ါရင့်ရခိုင်နိုင်ငံရေးသမားဦးသာဘန်း၊ရခိုင်စာပေနှင့်
ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)က အတွင်းရေးမှူး အင်းစိန်ဆေးရုံက သွားဆရာ
ဝန်ဒေါက်တာဦးစံလှကျော်ရို့ပါကတ်ပါရေ။ကျွန်တော်က အဖွဲ့အစည်းမှာ တာဝန်မဟိကေလေ့သမိုင်းကြောင်းနန့်ချီလို့ ရှင်းပြဖို့ကိစ္စပေါ်ကေ အကူအညီရအောင် အဖေါ်ခေါ်လို့လိုက်လားစွာပါ။

နေပြည်တော်-ရန်ကုန်အပြန်ခရီးစဉ်မှာ ၀ါရင့်ရခိုင်နိုင်ငံရေးသမား ဆရာဦးသာဘန်းကို
(၂၇-၄-၂၀၁၄)က(၁-၅-၂၀၁၄)နိအထိ ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့မှာ ကျင်းပဖို့စီစဉ်ထားရေ “ ရခိုင်အမျိုးသားညီလာခံကိစ္စ”အင်တာဗျူးလုပ်ဖြစ်ခပါရေ။ယင်းအင်တာဗျူးကို
စိတ်ဝင်စားသူတိ ဖတ်နိုင်အောင် တင်ပြပီးလိုက်ပါရေ။
အင်တာဗျူးကို အမေး၊အဖြေ ပုံစံနန့်တင်ပြလားပါမေ။မေးခွန်းမှာ ကျွန်တော်မေးမြန်း
ချက်ဖြစ်ပြီးကေ အဖြေမှာဆရာဦးသာဘန်းဖြေဆိုချက်ဖြစ်ပါရေ။

မေး။ ။ ရခိုင်အမျိုးသားညီလာခံဖြစ်ပေါ်လာဖို့အတွက် ဆရာ့အနေနန့် ဇာပိုင် Initiate လုပ်ခလေ ဆိုစွာကို တစ်ချက်ရှင်းပြပီးပါ။

ဖြေ။ ။ ရခိုင်အမျိုးသားညီလာခံအကြောင်းကို ပြောရဖို့ဆိုကေ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကျင်းပခရေUNFC (တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ)အစည်းအဝေး
တက်ရောက်စွာက စတင် ရေလို့ပြောရပါဖို့။၂၀၁၂-ခုနှစ် စက်တင်ဘာလမှာ UNFC အစည်းအဝေးကို UNLD(ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်)
ကိုယ်စားလှယ်အဖြစ် ကျွန်တော် တက်ရောက်ခပါရေ။ယင်းအစည်းအဝေးမှာ
ရခိုင်လက်နက်ကိုင်အင်အားစုတိဖြစ်တေ AA(Arakan Army),ALP(Arakan Liberation Party), ANCပါတီတစ်ခြမ်းက ရခိုင်ခေါင်းဆောင်တိနန့် တွိဆုံဖြစ်ပါရေ။RNDP ပါတီက ဦးလှစောလည်းပါရေ။ရခိုင်ခေါင်းဆောင်တိနန့်ဆုံရေခါက ရခိုင်အမျိုးသားညီညွတ်မှုအတွက် “ ရခိုင်အမျိုးသားညီလာခံ” တစ်ခုကျင်းပဖို့ကိစ္စကိုဆွေးနွေးဖြစ်ကတ်ပါရေ။ရခိုင်အမျိုးသား
ညီလာခံကိစ္စအတွက် ရခိုင်သားတိစုပေါင်းဗျာယ် workshop တစ်ခုလုပ်ဖို့သဘောတူ
ကတ်ပါရေ။၂၀၁၃-ခုနှစ် ဇန်န၀ါရီလမှာ ရခိုင်အမျိုးသား workshop ကို ချင်းမိုင်မြို့မှာ လုပ်ဖြစ်ပါရေ။ယင်း workshop မှာ - ရခိုင်ပြည်တွင်း ပဋိပက္ခချုပ်ငြိမ်းရေး၊ရခိုင်အမျိုးသား
ညီညွတ်ရေး၊ရခိုင်ဒေသထွက် သယံဇာတတိကို ခွဲဝေသုံးစွဲခွင့် ရရှိရေးကိစ္စတိကို ဆွေးနွေးဖြစ်
ကတ်ပါရေ။၂၀၁၃-ခုနှစ် သြဂုတ်လမှာ ရခိုင်အမျိုးသားညီလာခံကျင်းပရေးအစည်းအဝေး
ကို ချင်းမိုင်မှာ ထပ်လုပ်ကတ်ပါရေ။ယင်းအစည်းအဝေးကတစ်ဆင့် ရခိုင့်အမျိုးသားညီလာခံ
ကို ၂၀၁၄-ခုနှစ် ဇန်န၀ါရီ၊ဖေဖေါ်ဝါရီလလောက်မှာ ရခိုင်ပြည်နယ်က သင့်တော်ရေ မြို့နယ်
တစ်ခုမှာ ကျင်းပဖို့သဘောတူကတ်ပါရေ။ယေကေလေ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
တိအချင်းချင်း ကျင်းပပြုလုပ်တေ လော်ခီးလာသဘောတူညီချက်အစည်းအဝေးတိ
နန့်တိုက်ဆိုင်လားလို့ ရခိုင်အမျိုးသားညီလာခံကို ၂၀၁၄-ခုနှစ် ဧပြီလကုန်ပိုင်းလောက်မှာမှ
လုပ်ဖြစ်ဖို့ အချိန်ဇယားကို သတ်မှတ်လိုက်ကတ်တေ။ယင်းအတွက် ၂၀၁၄-ခုနှစ် ဧပြီလ(၂၇)
ရက်နိက (၁-၅-၂၀၁၄)နိအထိ ကျောက်ဖြူမြို့မှာ ရခိုင်အမျိုးသားညီလာခံကို ကျင်းပဖို့
သဘောတူခကတ်စွာဖြစ်ပါရေ။

မေး။ ။ ရခိုင်အမျိုးသားညီလာခံမှာ ဇာတိကို အဓိကထားဆွေးနွေးဖို့ ဆုံးဖြတ်ခကတ်ပါလေ။

ဖြေ။ ။ ရခိုင်အမျိုးသားညီလာခံကို ရည်ရွယ်ချက်(၃)ရပ်နန့် လုပ်လားဖို့ သဘောတူထားကတ်
ပါရေ။ယင်းရည်ရွယ်ချက်တိတော့ခါ(၁)ရခိုင်အမျိုးသားများစည်းလုံးညီညွတ်ရေး(၂) ကိုယ်ပိုင်ပြဌာန်းခွင့်နန့် တရားမျှတရေး(၃)ဖွံ့ဖြိုးတိုးတက်ပြီးတည်ငြိမ်အေးချမ်းသော
ရခိုင်ပြည်သစ်ထူထောင်ရေး ရို့ဖြစ်ပါရေ။ယင်းရည်ရွယ်ချက်တိကို ဦးတည်ဗျာယ် စာတမ်းဖတ်
ကြားပွဲတိ လုပ်လားဖို့စီစဉ်ထားပါရေ။

မေး။ ။ ရခိုင်အမျိုးသားညီလာခံကျင်းပဖို့အတွက် ဦးဆောင်ကော်မတီကို ဇာပိုင်ဖွဲ့စည်း
ထားပါလေ။
ဖြေ။ ။ ရခိုင်အမျိုးသားညီလာခံကျင်းပရေးဦးဆောင်ကော်မတီကို အဖွဲ့ဝင်(၇)ဦးနန့်ဖွဲ့
ထားပါရေ။ယင်းကော်မတီမှာ ကျွန်တော် ဦးသာဘန်း(၀ါရင့်ရခိုင်နိုင်ငံရေးသမား)
တာဝန်ခံ၊ဦးလှစော (RNDPပါတီ) တွဲဖက်တာဝန်ခံ။ဦးခိုင်သုခ(ALP)၊ဒေါ်စောမြရာဇာလင်း
(ALP)၊ဒုတိယဗိုလ်မှူး ကြီးကျော်ဟန်(AA)၊ဒေါ်မညိုအေး(လူထုအခြေပြုလှုပ်ရှားသူ)ရို့က အဖွဲ့ဝင်တိဖြစ်ပါရေ။

မေး။ ။ရခိုင်အမျိုးသားညီလာခံကျင်းပရေးဦးဆောင်ကော်မတီက ဇာတိလုပ်ထားပါဗျာယ်လေ။

ဖြေ။ ။ ကျွန်တော်ရို့ ဦးဆောင်ကော်မတီက အစိုးရဘက်က လုံခြုံရေးကိစ္စ၊ကျန်းမာရေးကိစ္စ ၊ညီလာခံကျင်းပဖို့ကိစ္စ ခွင့်ပြုချက်ရဖို့ဦးဇော်အေးမောင်(ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)
က တစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနန့်တွိဖို့စီစဉ်ခကတ်ပါရေ။(၁၆-၂-၂၀၁၃)နိမှာ
ရန်ကုန်မြို့က Peace center မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနန့်တွိခကတ်ပါရေ။
ကျွန်တော်ရို့ဖက်က ကျွန်တော်ဦးသာဘန်း၊ဦးဇော်အေးမောင်၊ဦးခိုင်သုခ၊ဒုတိယဗိုလ်မှူးကြီး
ကျော်ဟန်ရို့တက်ရောက်ခကတ်ပါရေ။အစိုးရဖက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊
ဦးလှမောင်ရွှေ၊ဦးညိုအုန်းမြင့်၊ဒေါက်တာတင်မောင်သန်းရို့တက်ရောက်ကတ်ပါရေ။ပြည်
ထောင်စုဝန်ကြီး ဦးအောင်မင်းက ရခိုင်အမျိုးသားညီလာခံကို ဒို့တာဝန်အရေးသုံးပါးမူဘောင်
အတွင်းက ကျင်းပဖို့နန့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ကျန်းမာရေးကိစ္စ၊လုံခြုံရေးကိစ္စတိကို
ပေါင်းစပ်ညှိနှိုင်းပီးမေပြောပါရေ။အစိုးရအဖွဲ့ကို ခွင့်ပြုချက်တောင်းခံဖို့ပြောလို့ (၁၉-၂-၂၀၁၄)
နိကပင် တင်ထားလိုက်ပါဗျာယ်။

မေး။ ။ အေဂုလောလောဆယ်မှာ ရခိုင်အမျိုးသားညီလာခံကျင်းပရေးအတွက် ဇာအလုပ်တိကို လုပ် နီပါလေ။

ဖြေ။ ။ ရခိုင်အမျိုးသားညီလာခံအတွက် ရန်ကုန်မှာရှိရေ ရခိုင်အသင်းအဖွဲ့တိ၊မြို့နယ်အသင်း
အဖွဲ့တိ နန့်ကော်မတီဖွဲ့လို့ အကြိုညှိနှိုင်းပွဲတိကို (၂၃-၂-၂၀၁၄)နိကစပြီးကေ စနီနိတိုင်း
အစည်းအဝေးလုပ်နီကတ်ပါရေ။အစိုးရပါးက ခွင့်ပြုချက်ရကေ ရန်ပုံငွေကိစ္စတိဆက်လုပ်လား
ပါဖို့။ဦးလှစောရို့အဖွဲ့လည်း ရခိုင်ပြည်နယ်ကို ဆင်းဗျာယ် နီရာထိုင်ခင်းကိစ္စ၊စည်းရုံးရေးကိစ္စ
တိကို ကွင်းဆင်းလုပ်နီကတ်ပါရေ။

မေး။ ။ဆရာ့ကို ကျွန်တော် ALD ပါတီက ရခိုင်နိုင်ငံရေးသမားတစ်ယောက်အဖြစ်သိထားပါရေ။
ရခိုင့်အမျိုးသားညီလာခံကိစ္စအတွက် ချင်းမိုင်ကိုလားရေခါ ALD ပါတီကို ကိုယ်စားပြုလို့တက်
ရောက်ခစွာပါလာ။

ဖြေ။ ။ ALD ပါတီကို ကိုယ်စားမပြုပါ။ဝါရင့်ရခိုင်နိုင်ငံရေးသမားတစ်ဦးအနေဖြင့် တက်ရောက်
ခစွာပါ။

မေး။ ။ ဇာအတွက် ALD ပါတီကို ကိုယ်စားပြုလို့ မတက်ရောက်ခစွာပါလေ။

ဖြေ။ ။ရခိုင်အမျိုးသားညီလာခံအတွက် ချင်းမိုင်မှာ အစည်းအဝေးတက်ဖို့ကိစ္စကို ALD ပါတီခေါင်း ဆောင်ပိုင်းကို တင်ပြခပါရေ။ယင်းအချိန်က ကျွန်တော်နန့်တွိဖို့ ရခိုင်လက်နက်
ကိုင်တပ်ဖွဲ့ တိရေ အစိုးရနန့်ငြိမ်းချမ်းရေးမယူရသိလို့ သူရို့နန့်ဆက်သွယ်ကေ
မြန်မာပြည်ဥပဒေအရ ပြစ်မှုမြောက်ပါရေ။အဖမ်းခံရ၊ထောင်ကျခံရနိုင်ရေကိစ္စပါ။ယင်းအတွက် ALD ပါတီခေါင်းဆောင်တိက သူရို့ထောင်ကျမခံနိုင်၊ပါတီအဖျက်မခံနိုင်ပြောလို့ ၀ါရင့်ရခိုင်နိုင်ငံရေးသမားတစ်ဦးအနီ နန့်တက်ရောက်စွာဖြစ်ပါရေ။
ကျွန်တော်က နိုင်ငံရေးလုပ်လို့ထောင်နှစ်ခါကျဖူးဗျာယ် ။အသက် လည်းကြီးဗျာယ်။ထောင်
ချချင်ကေလေ့ချ ဆိုပနာစွန့်လို့လားစွာပါ။

မေး။ ။ ဆရာ့နိုင်ငံရေးလှုပ်ရှားမှုအတွေ့အကြုံကို တဆိချေလောက်ပြောပြပါ။

ဖြေ။ ။ ကျွန်တော် ၁၉၅၃-ခုနှစ်ကျောင်းသားလှုပ်ရှားမှုကပင် နိုင်ငံလှုပ်ရှားမှုတိမှာပါဝင်ခပါရေ။
၁၉၆၂-ခုနှစ်က သမဂ္ဂအဆောက်အဦးကို ဗုံးခွဲဖေါက်ခွဲစဉ်က တကသ/ဗကသ အမှုဆောင်
အဖြစ်လုပ်ဆောင်ခပါရေ။၁၉၅၈-ခုနှစ်မှာ အေဂု ANC နန့်ပြန်ဝင်လာရေ ဦးမောင်မောင်(ခ)
ဦးအောင်သာကျော်နန့်အတူ ကမ္ဘာ့ကျောင်းသားညီလာခံကို တက်ရောက်ခပါရေ။တက္ကသိုလ်
ကျောင်းသားဘ၀ကပင် ဟံသာဝတီသတင်းစာ၊ထွန်းနေ့စဉ်သတင်းစာရို့မှာ တက္ကသိုလ်
သတင်းထောက်အဖြစ်လုပ်ခပါရေ။ဘွဲ့ရပြီးနောက် B.L ဆက်တက်ဗျာယ် ၁၉၅၇-ခုနှစ်ကစလို့
ကြေးမုံသတင်းစာမှာ ၀င်လုပ်ခပါရေ။သတင်းစာတိုက်ကို စစ်ဗိုလ်တိ ရောက်လာရေခါ အလုပ်
ကနှုတ်ထွက်ခပါရေ။ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ မဆလပါတီကိုလည်း မ၀င်ခပါ။
ဗိုလ်မှူး အောင်ဦးဆောင်ရေ ဗမာပြည်ဝါရင့်နိုင်ငံရေးသမား(၂၃)ဦးစာရင်းမှာ ကျွန်တော်နန့်
ဦးနိုင်ငွေသိန်း(မွန်)ရို့ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ်ပါဝင်ခကတ်ပါရေ။ယင်းအဖွဲ့က
န၀တနန့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးရေးကို လှုပ်ရှားခကတ်ပါရေ။ဒီမိုကရေ
စီအရေး၊ရခိုင်အမျိုးသားနိုင်ငံရေးမှာ နှစ်ပေါင်းများစွာလုပ်လာလတ်လို့ ကိုယ်ကိုယ်ကို ၀ါရင့်
နိုင်ငံရေးသမားအဖြစ် မှတ်ယူထားပါရေ။

မေး။ ။ရခိုင့်အမျိုးသားညီလာခံအစည်းအဝေးအတွက် ချင်းမိုင်ကို လားရေခါ ဆရာအနေနန့်
ဘင်္ဂလီလော်ဘီ ဦးဟန်ညောင်ဝေပါးက အထောက်အပံ့ယူခရေလို့ သတင်းထွက်ပါ
ရေ။ယင်းကိစ္စကို တဆိချေရှင်းပြပါ။

ဖြေ။ ။လုံးဝမမှန်ကန်ပါ။UNFC က ဖိတ်ကြားလို့တက်ရောက်စွာဖြစ်ပါရေ။UNFC အစည်း
အဝေးကို တက်ရောက်ဖို့အတွက် ဒီမိုကရေစီနန့်ငြိမ်းချမ်းရေးလိုလားရေ ဥရောပ
(Burma)အဖွဲ့၊ငြိမ်းချမ်းရေးတည်ဆောက်ရေးအဖွဲ့တိဖြစ်တေ ဆီဒင်၊နော်ဝေအခြေ
စိုက် Military Inter-Law အဖွဲ့ရို့က ကျခံစွာဖြစ်ပါရေ။ယင်းအဖွဲ့တိက မြန်မာနိုင်ငံ
ငြိမ်းချမ်းရေးစင်တာကိုလည်း ထောက်ပံ့နီစွာပါ။ ဦးဟန်ညောင်ဝေက တခြားကိစ္စနန့်
အစည်းအဝေးတက်ရောက်လာစွာကို ရခိုင်သားအချင်းချင်း သိက္ခာချချင်ရေ လူတိက
သတင်းဖြန့်စွာဖြစ်ပါရေ။

မေး။ ။ ရခိုင်အမျိုးသားညီလာခံကို အာဏာရကြံ့ဖွံ့အစိုးရက ရခိုင်နိုင်ငံရေးအင်အားစုတိကို
ဖြိုခွဲချင်လို့ ကျင်းပခိုင်းရေလို့ တစ်ချို့က ပြောနီကတ်တေ။ယင်းကိစ္စ မှန်ပါရေလာ။
ဖြေ။ ။ လုံးဝမမှန်ပါ။အေနိရခိုင်လူမျိုးတိရေ အစစအရာရာ ချွတ်ခြုံကျနီရေဘ၀ပါ။ယင်းအ
အခြေအနေက လွတ်မြောက်ဖို့ ရခိုင်နိုင်ငံရေးအင်အားစုတိအားလုံး (All Inclusive)
ညှိနှိုင်းအဖြေရှာခြင်းရာဖြစ်ပါရေ။ရခိုင်အချင်းချင်းညှိနှိုင်းဖြေရှင်းရဖို့ကိစ္စကို ဇာ သူ
လည်း ခိုင်းစရာမလိုပါ။

မေး။ ။ ရခိုင့်အမျိုးသားညီလာခံကို လူအင်အား ဇာလောက်နန့်ကျင်းပဖို့စီစဉ်ထားပါလေ။

ဖြေ။ ။ လူအင်အား(၇၀၀)လောက်ခန့်မှန်းထားရေ။ပြည်ပကလာရေလူတိကို ဟိုတယ်မှာ
တည်းခိုခိုင်းပြီးကေ တခြားဧည့်သည်တိကို ဘုန်းကြီးကျောင်းတိ၊အိမ်တိမှာ နီရာချ
ပီးကေ အဆင်ပြေဖို့လားစဉ်းစားထားကတ်ပါရေ။ဦးလှစောရို့ပြန်လာကေ အတိအ
ကျ ပြောနိုင်ပါဖို့။

မေး။ ။ ရခိုင်အမျိုးသားညီလာခံကို ဇာပိုင်လူတိကို ဖိတ်ကြားဖို့ စီစဉ်ထားပါလေ။
ဖြေ။ ။ရခိုင်အမျိုးသားအကျိုးစီးပွားကို လိုလားရေ ပြည်တွင်းပြည်ပက နိုင်ငံရေးအင်အားစု
တိကို ဖိတ်ကြားဖို့ စဉ်းစားထားပါရေ။

မေး။ ။ရခိုင့်အမျိုးသားညီလာခံအတွက် ကုန်ကျစရိတ်ကို ဇာပိုင်ရှာဖွေလားလို့စီစဉ်ထားပါ
လေ။

ဖြေ။ ။ ရခိုင့်အမျိုးသားရေးကိုစိတ်ဝင်စားရေ ပြည်တွင်းပြည်ပက ရခိုင်မျိုးချစ်တိပါးက အလှု
ခံလားဖို့ပါ။လိုအပ်တေ ငွေကြေးတိကို ဒီမိုကရေစီနန့်ငြိမ်းချမ်းရေးလိုလားရေ ဥရောပ
(Burma)အဖွဲ့၊ဆွီဒင်၊နော်ဝေအခြေစိုက် အလှုရှင်တိပါးက အလှုခံလားဖို့ စဉ်းစား
ထားပါရေ။ပြည်ပအဖွဲ့အစည်းတိပါးက အလှုငွေလက်ခံရေခါ နှောင်ကြိုးမဲ့အကူအညီ
မျိုးကိုရာ လက်ခံလားဖို့ဖြစ်ပါရေ။ပြည်ပက အလှုငွေရရှိရေးအတွက် ရွှေဂတ်စ် လှုပ်
ရှားမှုအဖွဲ့က ဦးဝင်းအောင်နန့် AAက ဒုတိယဗိုလ်မှူးကြီးကျော်ဟန်ရို့ ကြိုးပမ်းနီပါရေ။

မေး။ ။ရခိုင့်အမျိုးသားညီလာခံကို ပြည်တွင်းပြည်ပက စိတ်ဝင်စားသူတိုင်းတက်ရောက်ချင်ရေဆို
ပါရေ။ဆရာရို့သဘောထားက ဇာပိုင်ပါလေ။

ဖြေ။ ။ လူတိုင်းတက်ချင်ကေလေ့ နေရာထိုင်ခင်းကိစ္စ၊ငွေကြေးကုန်ကျမှုတိကို တွက်ချက်ပြီးမှ စဉ်းစားဆုံးဖြတ်ရဖို့ကိစ္စဖြစ်ပါရေ ။တစ်ကမ္ဘာလုံးမှာ ရခိုင်လူမျိုး(၅)သန်းလောက်ရှိပါဖို့။ရခိုင်
အားလုံးတက်ရောက်ဖို့ဆိုစွာလည်း လက်တွေ့ကျဖို့မဟုတ်ပါ။နိုင်ငံအလိုက်၊အဖွဲ့အစည်း
အလိုက်၊ပါတီအလိုက် ကိုယ်စားလှယ် ရွေးချယ်စေလွှတ်စွာမျိုးရာ အဆင်အပြေဆုံးဖြစ်ဖို့
ထင်ပါရေ။
အေဂုပိုင် စိတ်ရှည်လက်ရှည် ရှင်းပြပီးစွာကို ကျေးဇူးတင်ပါရေဆရာ။
ကျွန်တော်လည်း ရှင်းပြခွင့်ရလို့ ကျေးဇူးတင်ပါရေ ဦးအောင်ကျော်စိန်။

ဦးအောင်ကျော်စိန်(တရားလွှတ်တော်ရှေ့နေ)
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။