914 စာတိုင်ဘေးတွင် ရိုဟင်ဂျာ ဟု ထည့်ခွင့်ပြုထားခြင်းကို ပယ်ဖျက်ခြင်းမပြုက သန်းခေါင်စာရင်းကို သပိတ်မှောက်ကြရန် စစ်တွေ လူထုအစည်းအဝေးက တစ်ခဲနက် ဆုံးဖြတ်


914 စာတိုင်ဘေးတွင် ရိုဟင်ဂျာ ဟု ထည့်ခွင့်ပြုထားခြင်းကို ပယ်ဖျက်ခြင်းမပြုက သန်းခေါင်စာရင်းကို သပိတ်မှောက်ကြရန် စစ်တွေ လူထုအစည်းအဝေးက တစ်ခဲနက် ဆုံးဖြတ်
====================
စစ်တွေ ၊ ၁၆ မတ်လ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]
ယနေ့ မွန်းလွဲပိုင်း စစ်တွေမြို့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲအပြီးတွင် စစ်တွေ ၀င်္ကဘာကွင်းတွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲ၌ ရာဇသံ သတ်မှတ်နေ့ရက်မကျော်လွန်မီ အစိုးရအနေဖြင့် 914 စာတိုင်ဘေးတွင် ရိုဟင်ဂျာ ဟု ထည့်ခွင့်ပြုထားခြင်းကို ပယ်ဖျက်သည် ဟု ကြေငြာခြင်း မပြုပါက သန်းခေါင်စာရင်းကို ရခိုင်တစ်မျိုးသားလုံးက သပိတ်မှောက်ကြမည်ဖြစ်ကြောင်း လူထုပရိတ်သတ်များက တစ်ခဲနက် ဆုံးဖြတ်ခဲ့ကြသည်။

ထိုကဲ့သို့ ရာဇသံပေးထားသော အချိန်မှာ ၂၀၁၄-ခုနှစ် မတ်လ (၂၁) ရက်နေ့ မွန်းတည့် (၁၂) နာရီ ဖြစ်သည်။
ထိုကဲ့သို့သော စီတန်းလှည့်လည် ဆန္ဒပြထုတ်ဖော်ခြင်းများကို စစ်တွေအပါအ၀င် ရခိုင်ပြည်နယ် မြို့ (၁၃) မြို့၌ တစ်နေ့တစ်ရက်တည်း ပြုလုပ်ရန် စီစဉ်ထားသည် ဟု ရခိုင်ပြည်လုံဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မီတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက Coral Arakan News အား ပြောကြားသည်။

စစ်တွေမြို့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခြင်းတွင် လူနှစ်သောင်းခွဲခန့် ပါဝင် ဆင်နွှဲခဲ့ကြသည်။
သန်းခေါင်စာရင်းသပိတ်မှောက်ခြင်း အဆိုကို မတင်သွင်းမီ ပရိတ်သတ်များထံ ဖြန့်ဝေထားသော စာရွက်တွင် “သန်းခေါင်စာရင်းကောက်ခံရာတွင် ဘင်္ဂါလီကုလားများကို ရိုဟင်ဂျာဟု စာရင်းသွင်းခွင့်ပြုခြင်းကို (၂၁-၃-၂၀၁၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီ နောက်ဆုံးထား၍ ရုပ်သိမ်းကြောင်းမကြေငြာလျှင် ရခိုင်မျိုးနွယ်စု အားလုံးက သန်းခေါင်စာရင်းအကောက်မခံဘဲ သပိတ်မှောက်ကြရန် အဆိုတင်သွင်းပါသည်” ဟု အဆိုကို ပရိတ်သတ်များ ရှင်းလင်းစွာ နားလည်အောင် ရေးသားထားသည်ကိုတွေ့ရသည်။
( Coral Arakan News )
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။