914 နံဘေးတွင် ရိုဟင်ဂျာ ဟု ရေးခွင့်မပြုရန် ကန့်ကွက်ကြဖို့ ဘာကြောင့် လိုအပ်သနည်း ?


914 နံဘေးတွင် ရိုဟင်ဂျာ ဟု ရေးခွင့်မပြုရန် ကန့်ကွက်ကြဖို့ ဘာကြောင့် လိုအပ်သနည်း ?
================
● သန်းခေါင်စာရင်း ကောက်ခံကြမည့် လုပ်ထုံးလုပ်နည်းများအတွက် စာရင်းစစ် စာရင်းကောက်လက်စွဲ၏ အပိုဒ်နံပါတ် ၁၅၇ တွင် အောက်ပါအတိုင်း ညွှန်ကြားထားသည်။
“ဂဏန်းသင်္ကေတ စာရင်းတွင်မပါသော အခြားလူမျိုးများအတွက် “914” ကို ရေးသွင်း၍ ဖြေဆိုသည့် လူမျိုးကို ပေးထားသောကွက်လပ်တွင် ရေးသွင်းပါ။ စာရင်းကောက်သည် ဖြေဆိုသူ ပေးသည့် အဖြေအတိုင်း ရေးရန် အရေးကြီးပါသည်။”
● သန်းခေါင်စာရင်းတွင် ရခိုင်လူမျိုးအတွက် ကုဒ်နံပါတ်သည် (701) ဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်(လူမျိုး)အတွက် ကုဒ်နံပါတ်သည် (910) ဖြစ်သည်။
● 9 ဂဏန်းဖြင့်စသော ကုဒ်နံပါတ် များသည် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးတွင် မပါဝင်သည့် လူမျိုးများအတွက် ဖြစ်ပြီး၊ 901 (ထိုင်းလူမျိုး) မှ 913 (ဖိလစ်ပိုင်လူမျိုး)အထိ စဉ်ထားသော ထပ်ဆင့်စာရင်းတွင် မပါဝင်သေးသော လူမျိုးများ (တစ်နည်းအားဖြင့် ဆိုသော် ကျန် “အခြား” လူမျိုးများ) အတွက် ကုဒ်နံပါတ်ကို 914 ဟု သတ်မှတ်ပေး ထားသည်။ ထို 914 တွင် ရေးသွင်းရမည့် သူများအတွက် ထို 914 ဂဏန်း သုံးလုံး ကုဒ်နံပါတ် နံဘေးတွင် မိမိထည့်ချင်သည့် လူမျိုးနာမည်ကို ထည့်သွင်းခွင့်ပြုထားသည်။
● သန်းခေါင်စာရင်း ဥပဒေ ပုဒ်မ ၁၂(ခ)တွင် ပြဌာန်းထားသည်မှာ အချက်အလက်များကို မှန်မှန်ကန်ကန် ဖြေဆိုဖြည့်သွင်းရမည် ဟု ပြဌာန်းထားပါသည်။ ထိုကဲ့သို့ မှန်မှန်ကန်ကန် ဖြည့်သွင်းမည်ဆိုပါက ဘင်္ဂါလီ လူမျိုးများသည် ကုဒ်နံပါတ် 914 နံဘေးတွင် ဘင်္ဂါလီ ဟုသာ ရေးသွင်းရမည် ဖြစ်ပါသည်။
● သို့ရာတွင် စာရင်းစစ် စာရင်းကောက် လက်စွဲ စာအုပ်တွင် ညွှန်ကြားထားသည့်အတိုင်းဆိုပါက ကျူးကျော်ဘင်္ဂါလီများအနေဖြင့် လူမျိုး နာမည်လိမ် အား မှတ်တမ်းဝင်စေရန် ရိုဟင်ဂျာ ဟု ထည့်သွင်းလိုပါက ၄င်းတို့၏ သဘောအတိုင်း ထည့်သွင်းခွင့် ပြုထားပါသည်။
● ယခု ဆန္ဒထုတ်ဖော်ရခြင်းမှာ ကုဒ်နံပါတ် 914 နံဘေးတွင် ၄င်းတို့က ရိုဟင်ဂျာ ဟု ပြောလာလျှင်လည်း လူ့အခွင့်အရေးအရ ရိုဟင်ဂျာ ဟုပင် ရေးသွင်းခွင့် ရှိသည် ဟု စီစဉ်ထားခြင်းကို ကန့်ကွက် ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ပါသည်။
● သန်းခေါင်စာရင်းတွင် ဘင်္ဂါလီဟု ရေးသည်ဖြစ်စေ ရိုဟင်ဂျာ ဟုရေးသည်ဖြစ်စေ တိုင်းရင်းသား/ နိုင်ငံသား ဖြစ်သွားမည် မဟုတ်သည်ကို ရခိုင်လူမျိုးများက ရှင်းလင်းစွာ သိရှိသည်။ သို့သော်လည်း ရိုဟင်ဂျာ ဟု မှတ်တမ်းဝင်သွားသည်ကို အကြောင့်ပြုကာ မအပ်မရာ အခွင့်အရေးများ တစ်ဆင့်ပြီး တစ်ဆင့်တက် တောင်းဆိုခြင်း ရယူခြင်း ပြုလာမည်ကို ပြည်ထောင်စုသားများအားလုံး ကိုယ်စား ရခိုင်လူမျိုးများက ကြီးစွာ စိုးရိမ်ကြခြင်း ဖြစ်ပါသည်။
● ၁၉၅၂-ခုနှစ်တွင် ၀န်ကြီးချုပ် ဦးနု၏ မိန့်ခွန်းတစ်ခု၌ ထိုခိုးဝင်ဘင်္ဂါလီများကို ရိုဟင်ဂျာ ဟု လွယ်လင့်တကူ ခေါ်ဝေါ် သုံးစွဲခဲ့သည်ကို ခိုးဝင်ဘင်္ဂါလီများက ယနေ့ထက်တိုင် ရည်ညွှန်းကိုးကား တောင်းဆိုနေသည်ကို သင်ခန်းစာ အဖြစ် မှတ်ယူသင့်ပါသည်။
● ရခိုင်ပြည်နယ်ထဲတွင် တရားမ၀င် ဘင်္ဂါလီများ များစွာဖောင်းပွလျက်ရှိသည်။ နိုင်ငံတကာတွင်လည်း အခွင့်ရလျှင် ရိုဟင်ဂျာ ဟု အမည်ခံကာ မြန်မာနိုင်ငံထဲသို့ တိုးဝင်လာရန် စောင့်နေကြသော ဘင်္ဂါလီများရှိနေသည်။
● အချုပ်ဆိုရလျှင် ရခိုင်ပြည်တွင် ရိုဟင်ဂျာ ဟူ၍ မရှိ။ ထိုကြောင့် သန်းခေါင်စာရင်းသည် ရခိုင်ပြည်တွင် ရိုဟင်ဂျာလူမျိုး ရှိသည် ဆိုသော သက်သေခံ လုံးဝ (လုံးဝ) မဖြစ်စေရ။
● ရခိုင်ပြည်တွင် ရိုဟင်ဂျာ မရှိဟု ပြောခြင်းသည် ရခိုင့် လူ့အခွင့်အရေး ဖြစ်သည်။
ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေးကော်မီတီ (စစ်တွေ)
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။