တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ကျက်သရေဆောင်၊ မောင်းထောင်တောင်ပေါ်ရှိ ပေါ်တော်မူရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပွင့်ထွန်းပေါ်ပေါက်လာပုံ သမိုင်း အကျဉ်း



 ၁၃၆၇ - ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ရွာမကျောင်းပဓာန နာယက သြဝါဒစရိယဆရာတော် ဒ္ဒန္တကောဝိဒ၏ သြဝါဒမိန့်ကြားချက်ကို နာခံလျှက် ရှေးနှစ်ပေါင်းများစွာကပင်တောတောင်ထဲ၌ သာမန်အုတ်စေတီပျက်တစ်ဆူအနေဖြင့် ချုံနွယ် ပိတ်ပေါင်းများဖုံလွှမ်းပြီး ပျက်စီးယိုယွင်းနေသော် မောင်းထောင်တောင်စေတီတော်မြတ်ကြီးကို အသစ်တဖန်ပြန်လည်တည်ထားကိုးကွယ်ရန်အတွက် လုပ်အားဒါနဖြင့် စုပေါင်းရှင်းလင်းကြရာ တန်းဆောင်မုန်းလပြည့်ကျော် (၁၁) ရက်နေ့တွင် မူလစေတီပျက်ထဲရှိ ငွေကြုတ်ထဲမှ ဖြူဖွေးသော ဝါဂွမ်းထဲတွင် ဓာတ်တော် (၅) ဆူနှင့်နှစ်ကျိပ်ရှစ်ဆူဟု ယူဆရသောဆင်းတုတော် (၂၂) ဆူအား ဖူးမျှော်တွေ့ရှိရပါသည်။

ဆက်လက်၍ တန်းဆောင်မုန်းလပြည့်ကျော် (၁၃) ရက်နေ့တွင် သတ္တဌာနကြေးဆင်းတုတော် (၇) ဆူကိုလည်း တွေ့ရှိရပြီး ယင်းနေ့ နံနက် (၉)နာရီ (၃၀) မိနစ် အချိန်တွင် ယခုဖူးမြော်ကြည်ညိုနေရသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူစတင်၍ ပွင့်ထွန်းပေါ်ပေါက်လာသည်ကို အံသြဝမ်းမြောက်ဖွယ်ရာ ဖူးတွေ့ရပါတောသည်။ 

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်သည် ရှေးဟောင်းလက်ရာဖြစ်ပြီးတူးဖော်တွေ့ရှိရသောကျောက်စာအက္ခရာများအရ လွန်ခဲ့သောနှစ် သက်တမ်း (၁၆၀၀) ကျော်ကပင် စတင်တည်ထားကိုးကွယ်ခဲ့သည်ဟု ခန့်မှန်းရပြီး (၃) တန်ခန့်ရှိော ကျော်တစ်လုံးတည်းကိုထုဆစ်ထားကာ ဉာဏ်တော် (၆) ပေ၊ (၃) လက်မ၊ ပုခုံးတော်အကျယ်မှာ (၃) ပေ၊ (၆) လက်မ တင်ပလ္လင်ခွေ - ညာ၊ ဒူးအောက်အကျယ်မှာ (၅) ပေ၊ (၂) လက်မဖြစ်ပြီး မျက်လွှာချ ဘုမ္မိပဿနထိုင်တော်မူလျှက် အရှေ့စူးစူးနေထွက်အရပ်သို့ မျက်နှာတော်မူကိန်းဝပ်စံပယ်လျှက်ရှိပါသည်။

ဓညဝတီခေတ်လက်ရာ “ရာဇမုနိ” (ကျောင်းတာ်)နှင့် ပမာဏအတိုင်းအတာ လက်ရာနေရာအားလုံးတစ်ထပ်တည်း တူညီနေသော ရှေးသောင်း ( ) ကို ဂဟေဆက်မဟုတ်ဘဲ ကြေးနီဖြင့် တစ်သားတည်း သွင်းလုပ်ထားကာ ဓညဝတီကုန်းတူးဖော် စဉ်ကရရှိသော ဆင်းတုနှင့်လည်းပုံစံတူညီနေပေသည်။ မည်သို့ပင်ဖြစ်စေ ယခုအခါ ရှေးဟောင်ဒ ပေါ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ခိုးတော်ကြောင့်တော်ရောမြို့ပါ ပျံ့နှံ့ခဲ့ပြီးလမ်းခရီးအသွယ်သွယ်မှ ဘုရားဖူးဧည့်သည်တို့နေ့စဉ်မပြတ် စည်ကားသိုက်မြိုက်စွာလာရောက်ဖူးမြှော်ကြည်ညိုလျှက်ရှိနေပြီး ဘုရားဖူးဧည့်သည်များကို ဒေသခံပြည်သူတို့မှ အလှူဒါနများနေ့စဉ်ကျွေးမွေးလျှက်ရှိရာ ဗုဒ္ဓမြတ်စွာ သာသနာနှင့် ကြုံလာလေခိုက် မောဟစရိုက် လမ်းမှားမလိုက်ဘဲ ဘုရားသာသနာတိုးတက်ရာကို စိတ်မှာ အစဉ်ဆင်ခြင်ကြံရွယ်လျှက် လူရှင်အများကုသိုလ်ပွားအောင် ကြိုးစားအားထုတ်ကြရန်နှိုးဆော်အပ်ပါသည်။

++++++++++++++++++
ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။