ခယ်မ-ခဲအို ဆုပန်ဆို

ရှေးအခါက ကျေးရွာတစ်ရွာတွင်လူတစ်ယောက်ရှိလေသည်။ ၄င်းသည် နောင်သံသရာ ဘ၀တွင် အေးချမ်း စွာဖြစ်လိုချင်၏။ ထို့ပြင်အမြင့်မြတ်ဆုံးဖြစ်ရ၍လူတကာ၏အပူဇော်ကိုခံထိုက်လို၏။ထိုဆန္ဒအတိုင်းဖြစ်မြောက် စေရန် မပြတ်စိတ်ကူးကြံဆလျက် ရှိလာခဲ့လေသည်။ မိမိ၏ဆန္ဒနှင့်အကြံအစည်များ ကို လည်း အခါ အား လျော်စွာ ထုတ်ဖော်လေရှိပေသည်။ လူစုလူဝေးများတွင် အရိပ်အမြွတ်ချ ၍ ပြောဆို ခဲ့လေ ၏။

တစ်နေ့သ၌၄င်း၏ ခယ်မနှင့် အဖော်များသည် ညနေရောက်၍ထမင်းစားခဲ့ကြလေ၏။ထမင်းစားအပြီးတွင် စကားဝိုင်းဖွဲ့လျက် ရောက်တတ်ရာရာကို ပြောဆိုခဲ့ကြလေသည်။ ထိုစကားဝိုင်းသို့ထိုလူလည်း ၀င်ရောက်၍ စကားစပ်လျက်ပြောဆိုလေသည်။ ၄င်းပြောဆိုချက်မှာ အခွင့်သာခိုက် မိမိစိတ်ကူးကြံစည်ချက်ကိုဖော် ထုတ် ခြင်းပင်ဖြစ်လေသည်။

ထိုစကားဝိုင်း၌ သူ၏စကားကိုကြားသိကြရသူများက ပြန်လည်ဆွေးနွေးကြလေသည်။ ထိုသို့တောင့် တခြင်း ဖြင့် မည်သို့ပြည့်စုံအံ့နည်း  ဟုမေးမြန်းခဲ့ကြလေသည်။

ထိုအခါ ၄င်းက ဖြေရှင်းသည်မှာ...
“လောကတွင် တောင်ကြိုတောင်ကြား၌စမ်းရေများ ထွက်သောနေရာရှိပေသည်။ ထိုရေကို လူတိုင်း၊ သတ္တ ၀ါတိုင်းကရေအေး၊ရေချမ်းအဖြစ်သတ်မှတ်ထားကြသည်။ ကြိုက်နှစ်သက်ကြပြီး စိတ်ဓါတ်ကိုလည်း ဆွဲ ဆောင် နိုင်သော သတ္တိရှိသည်” ဆို၏။

၎င်းပြင် ဆက်လက်၍ပြောသည်ကား....
“ထိုတောင်ကြားဝယ်၊ အလွန်ကြီးမားသော ကျောက်ညိုတုံးများ ရှိတတ်လေသည်။ယင်းမှာပို၍ ပနံရလျက် လူတို့၏အသည်းစွဲလည်း ဖြစ်တတ်လေသည်။ခိုင်ခံ့၍မာကျောချော ညက်နူးညံ့နေလေသည်။ ကျောက် ဆစ် ဆရာတို့ အကြိုက်နှစ်သက်စရာဖြစ်သည်။ အမြင့်မြတ်ဆုံးသော ဘုရားဆင်းတုကို ထုလုပ်လေ့ရှိကြ သည်။ ထို့ကြောင့် ကျောက်ညိုတုံးဆိုလျှင် ဘုရားအဖြစ်သို့ ရောက်၍ လွန်စွာမြင့်မြတ်သွားသည်။ လူ နတ်ဗြဟ္မာတို့ ရှိခိုးကော်ရော်ပူဇော်ခြင်းကိုပါ ခံထိုက်သည်” ဟုဆိုလေသည်။

ထိုနောက်“ငါသည်လည်း၊ထိုသို့မြင့်မြတ်၍ ပူဇော်ထိုက်ခြင်းကိုတောင့်တလျက် ရှိသည်။ ရည်မှန်းချက် အ တိုင်း ဖြစ်ရာဘ၀၊ ဖြစ်ရာဌာနတွင် တောင်ကြိုတောင်ကြား စမ်းရေပေါများသော အရပ်၌ ကျောက် ညိုတုံး တဇာစ်ဖြစ်ရလို၏” ဟုတောင့်တလျက်ရှိနေကြောင်း ဖွင့်ဟပြောပြခဲ့လေ၏။

၎င်း၏စကားဆုံးလျှင် ခယ်မက မဆိုင်းမတွစကားငေါ့၍ ပြောလေ၏။
“ခဲအိုသာ ယင်းသို့ဆုတောင်းနေမည်ဆိုက ကျွန်မလည်းတန်ပြန်သောအားဖြင့် တောင်းဆုပြုလိုပါ၏” ဟုပြန် ပြောလေ၏။

ထိုနောက်“ဖြစ်လေရာရာ ဘ၀၀ယ် ခဲအိုဆုတောင်းထားသော ထိုကျောက်ညိုတုံး ကို တွေ့ရပါလို၏။ ဘုရားမထုလုပ်မီကာလအတွင်း သနပ်ခါးသွေားကျောက်ပျဉ် ပြုရပါလို၏” ဟုခယ်မက ရယ်သွမ်းသွေး ကာ ပြောလေ၏။(တချို့ကနံ့သာရည်သွေးကျောက်ပျဉ်ပြု၍ ဘုရားသပ္ပါယ်ရပါလို၏ဟူသည်)

ထိုအခါ ခဲအိုသည် ဒေါသကြီးစွာဖြစ်ခဲ့လေသည်။ “နင် ငါ့ကိုနိုင်လိုမင်းထက် ပြက်ရယ်ပြုသည်။ ဘုရားကို အားမနာမလေးစားရာရောက်သည်” ဟုအပြစ်ပြော၍ ခိုက်ရန်တွေ့ခဲ့ကြရလေ၏။ ထိုနောက် ရပ်ရွာလူကြီး များထံတိုင်ကြားခဲ့ရလေ၏။ ထို့ကြောင့် လူကြီးများက ဖျန်ဖြေကာ ခယ်မအားလျော်ကြေးဒဏ်ပေးစေဟု ကြေ အေးနှစ်သိမ့်ခဲ့ရလေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
...............
Credit: Arakan Folks
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။