အင်တာနက် လိပ်စာများ ကုန်ဆုံးတော့မည်ဟု ဂူဂယ် ဒုဥက္ကဌပြောကြား

စုစုပေါင်း အင်တာနက်လိပ်စာ ၄ ဒသမ ၃ သန်းရှိနေပြီ ဖြစ်၍ အင်တာနက်လိပ်စာများ ကုန်ဆုံးတော့မည်ဟု ထိပ်တန်း အင်တာနက် ဂုရုနှင့် ၀ဘ်ဆိုက်ကို တီထွင်ဖန်တီးခဲ့သူဖြစ်သည့် ဗင့်ဆာ့ဖ်မှ
ပြောကြားလိုက်သည်။ ရက်သတ္တပတ်အတွင်းမှာပင် လိပ်စာများအားလုံး ကုန်ဆုံးနိုင်သည်ဟု အစီရင်ခံစာကဆိုသည်။


ဆာ့ဖ်မှ ပြောကြားရာတွင် အင်တာနက်ပရိုတိုကော် (IP) ဖြင့် ကွန်ပျူတာများကို ချိတ်ဆက်အသုံးပြုနိုင်ခြင်းမှာ သူ၏ အမှားပင်ဖြစ်ကြောင်း၊ ဤသည်မှာ လိပ်စာ ၄ ဒသမ ၃ သန်းအတွက်သာ ဖန်တီးခဲ့ခြင်းကြောင့် လိပ်စာများ ကုန်ဆုံးတော့မည်ဟု Sydney Morning herald တွင် အစီရင်ခံ တင်ပြခဲ့သည်။
“ကျနော်ကတော့ စမ်းသပ်ကြည့်ခဲ့တာပါ။ ၄ ဒသမ ၃ သန်းလောက်ဆိုရင် စမ်းသပ်မှုအတွက် လုံလောက်မယ်လို့ ထင်ခဲ့တယ်လေ။” ဂူဂယ် ဒုဥက္ကဌနှင့် အင်တာနက်မှူးချုပ် ဆာ့ဖ်က အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။ “လိပ်စာ ဘယ်လောက် ကျန်သေးတယ်ဆိုတာ ဘယ်သူမှ မသိဘူး”
၁၉၇၇ ခုနှစ်တွင် ဆာ့ဖ်က ၀ဘ် ပရိုတိုကော် IPv4 ကို အမေရိကန် ကာကွယ်ရေးဌာနအတွက် စမ်းသပ် တီထွင်ခဲ့သည်။ သူ၏ စမ်းသပ်မှုမှာ မည်သည့် အခါမှ အဆုံးမသတ်ဟု မမျှော်လင့်ကြောင်း ပြောခဲ့သည်။
ဤအကျပ်အတည်းကို ဖြေရှင်းရန် ပိုမို ခေတ်မီသော IPv6 ကို စီစဉ်နေကြာင်းနှင့် သန်းကုဋေပေါင်းများစွာသော လိပ်စာအသစ်တို့ကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသည်။
..................
Sources: မောက္ခ နည်းပညာသတင်း
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။