အဆိုတော် ဦးမောင်သိန်း ကွယ်လွန်သည့် သတင်းကြောင့် ရခိုင့်အနုပညာ အသိုင်းအ၀ိုင်း တခုလုံး လှုပ်ခတ်သွားခဲ့


မိုးမိုးကျော် (Arakan Review)
ဇွန် (၁၉)၊ ၂၀၁၀။
ယနေ့ထက်တိုင် ကျန်းမာပျော်ရွှင်စွာဖြင့် တေးသီချင်းကို ပရိသတ် ရင်ထဲအရောက် သီဆိုဖျော်ဖြေသွားမည် ဆိုသော ရခိုင့် တေးသံရှင် ဦးမောင်သိန်း
ရခိုင့်တေးသံရှင် အဆိုတော် တစ်ဦးဖြစ်သော မိုနို တေးသံရှင် ဦးမောင်သိန်းအား ဇွန်လ (၁၅) ရက်နေ့က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံတကာရောက် ရခိုင့် အသိုင်း အ၀န်းနှင့် ပြည်တွင်းပြည်ပ ရခိုင့်အသိုင်းအ၀န်းတခုလုံး အကြား အဆိုပါ သတင်း ထွက်ပေါ်လာသောကြောင့် ရခိုင့်အနုပညာ အသိုင်းအ၀န်းတခုလုံးနှင့် အဆိုတော် ဦးမောင်သိန်း ၏  ပရိသတ်များလည်း စိတ်ထိခိုက် ခဲ့ရကြောင်း သိရှိရသည်။
ရခိုင့် အနုပညာအသိုင်းအ၀န်းနှင့် နိုင်ငံတကာရောက် ရခိုင်လူမျိုးများအကြား လှုပ်ခတ်သွားခဲ့ရသော အဆိုတော် ဦးမောင်သိန်း သေဆုံးသွားပြီ ဟူသော သတင်းနှင့် ပတ်သက်၍ ရက္ခတမြူးဇစ် အဖွဲ့၏ ၀က်(ဘ်)ဆိုဒ်တွင် ရခိုင်အဆိုတော် ကိုဦးမောင်သိန်း ကွယ်လွန်သည်ဆိုခြင်းမှာ မမှန်ကန်ကြောင်း ရေးသားဖော်ပြထားခြင်းကို တွေ့ရှိရသည်။
အဆိုပါ ရက္ခိတမြူးဇစ်၏ ၀က်(ဘ်)ဆိုဒ်တွင် အဆိုတော် ဦးမောင်သိန်း ကွန်လွန်သွားသည့် သတင်းနှင့် ပတ်သက်၍ သူ့အား တိုက်ရိုက် ဆက်သွယ် မေးမြန်းချက် တခုတွင် ““ကျွန်တော် မသေသေးပါဘူး၊ ကျနော် အခုထက်ထိ တိုင်အောင် ကျန်းကျန်းမာမာ ပဲ ရှိနေပါသေးတယ်။ ခုလိုမျိုး သတင်းထွက်ပေါ်လာတာကလည်း မမှန်ကန်တဲ့ သတင်း ဖြစ်နေတဲ့အတွက် ကျနော် ဘယ်လိုမှ မခံစားရပါဘူး။ ကျနော့်ကို ချစ်တဲ့ ပရိသတ်တွေက ခုလိုမျိုး ကျနော့် သေတဲ့ သတင်း ထွက်ပေါ်လာတယ် ဆိုတာနဲ့ တပြိုင်နက် အစိုးရိမ်လွန်ပြီး သတင်းမေးလာကြတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ချစ်တဲ့ ပရိသတ်တွေ အတွက် ကျနော် ဆက်ပြီး အသက် ရှင်နေသေးမှာပါ။ ဖြစ်နိုင်မယ်ဆိုရင် ရခိုင်ပြည်ရဲ့ အဝေးကို ရောက်နေကြတဲ့ နိုင်ငံတကာရောက် ရခိုင်လူမျိုးတွေနဲ့ ကျနော် ဆုံတွေ့ပြီး ကျနော့်ရဲ့ ပရိသတ်တွေ အတွက်  သီချင်းတွေ ဆိုပြချင်ပါသေးတယ်” ဟု အဆိုတော် ဦးမောင်သိန်း၏ ရင်ဖွင့် ပြောကြားသံကို ရက္ခိတမြူးဇစ် အဖွဲ့၏ ဆိုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုတော် ဦးမောင်သိန်း သေဆုံးသွားသည့် သတင်းနှင့် ပတ်သက်၍ သူ၏ ကိုယ်တိုင် ပြောကြားချက် ထွက်ပေါ်လာပြီး နောက်တွင် သူနှင့် နီးစပ်သူတစ်ဦးမှ အဆိုပါ သတင်းမှားနှင့် ပတ်သက်၍ “ သူ့ကို ချစ်တဲ့ ပရိသတ် တယောက်ယောက်က သူ သေသွားရင် ဘာတွေ ဖြစ်လာမလဲဆိုတာ သိချင်လို့လည်း ဖြစ်မယ်၊ ဒါမှမဟုတ် နောက်ပြောင်ရတာ ၀ါသနာပါတဲ့ သူတစ်ယောက်ယောက်က သူ့ကို နောက်လိုက်တာပဲ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ခုလိုမျိုး အဝေးမှာ ရောက်နေကြတဲ့ ရခိုင်လူမျိုးတွေရော၊ အိမ်နီးနားချင်းတွေနဲ့၊ သူနဲ့ သီချင်းဆိုဖော်ဆိုဖက်တွေတောင် ခုလိုမျိုး သတင်းကြောင့် တော်တော် ထိတ်လန့်သွားရတာတော့ အမှန်ပဲဗျာ” ဟု Arakan Review သို့ ပြောပြသွားခဲ့သည်။
ရခိုင့် မိုနိုတေးသီချင်းများနှင့် ကိုယ်ပိုင် သံစဉ်များကို ဆန်းသစ်စွာနှင့် ရခိုင့်မျိုးစောင့် တေးသီချင်းများ၊ အချစ်တေးသီချင်းများနှင့် အဝေးရောက် ရခိုင်လူမျိုးများအတွက် ဘယ်တော့မှ နားထောင်၍ မရိုးနိုင်သည့် ရခိုင့် အဆိုတော်ကို ဖော်ပြပါဆိုလျှင် အဆိုတော် ဦးမောင်သိန်းမှာ နံပတ်တစ် ဖြစ်ကြောင်း သူ့ကို အားပေးသည့် ပရိတ်သတ် များက ပြောသည်။
..................
Sources: Arakan Review
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။